ရည်းစားရှိပါလျက်နဲ့ ခံစားနေရတာ၊ စိတ်ညစ်နေရတာတွေက သာမန်နဲ့ မတူတဲ့ နာကျင်မှုတွေပါပဲ။ ဒီလိုအချစ်ရေးမှာ ပျော်ရွှင်မှု ရှိခဲ့ရင်လည်း ခဏပါပဲ။ သင်က အချစ်ရေးတစ်ခုမှာ သင့်ဘက်ကပဲ စိတ်ညစ်နေရရင် အခုဖော်ပြထားတဲ့ အရာတွေက အပြုသဘော သင့်ကို ပြန်ပျော်ရွှင်စေနိုင်မယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ ငိုချလိုက်ပါ

ငိုခြင်းက ဒါပြီးနောက်မှာ ပိုပေါ့ပါးသွားစေဖို့ အထောက်အကူပြုတဲ့ အပြုအမူဖြစ်ပါတယ်။ သင့်ကို နာကျင်စေတဲ့ အဆိုးမြင်စိတ်တွေကို လျော့ပါးသွားစေဖို့ ငိုခြင်းက ကူညီပေးနိုင်ပါတယ်။ စိတ်ကို ထိန်းမထားဘဲ ငိုချလိုက်တာက အသင့်တော်ဆုံးလို့ ပြောလို့ရပါတယ်။

၂။ ကိုယ့်ကိုယ်ကိုယ် အရင် ဦးစားပေးပါ

အချစ်ရေး တစ်ခုမှာ အပြန်အလှန် ဦးစားပေးရမယ် ဆိုပေမယ့် သင့်အနေနဲ့ သင့်ကိုယ်သင်လည်း ဂရုစိုက်သင့်ပါတယ်။ သင့်အတွက် ဘယ်ဟာ အဆင်ပြေလဲ၊ ဘယ်အရာက သင့်ကို စိတ်သက်သာ ရာရစေမလဲ ကြည့်သင့်ပါတယ်။

၃။ အဆုံးသတ်ဖို့တွေးပါ

တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာရခြင်းကို ဘယ်သူမှ မကြိုက်ပေမယ့် သင့်အနေနဲ့ ဒီတစ်ယောက်နဲ့ အဆင်မပြေတော့ရင် ကြိတ်မှိတ်ပြီး တွဲမနေဘဲ ဒီအချစ်ရေးကို ရပ်တန့်ဖို့ စဉ်းစားသင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပွင့်လင်းသင့်ပါတယ်။

၄။ နေရာတစ်ခု သီးခြားထားပါ

သင်က အချစ်ရေးမှာ နာကျင်နေရတယ်ဆိုရင် ခြေတစ်လှမ်း နောက်ဆုတ်ဖို့ မမေ့သင့်ပါဘူး။ ကိုယ့်ခံစားချက်တွေကို ပြန်လည်သုံးသပ်ဖို့ သီးခြား နေရာလွတ်လေး တစ်ခု ရှိသင့်ပါတယ်။ တစ်ခါတလေ သူနဲ့ ခဏ ဝေးကွာနေမှ သင့်ခံစားချက်၊ အယူအဆ အမှန်ကို တွေ့နိုင်ပါတယ်။

၅။ လက်ခံပါ

သင်က သူနဲ့ ရေရှည်မှာ အဆင်မပြေတာ၊ သူနဲ့ ဝေးကွာရမယ် ဆိုတဲ့အချက်ကို လက်ခံသင့်ပါတယ်။ လက်ခံပြီး သင့်ခံစားချက်တွေကို နားထောင်ပေးမယ့် သူတစ်ယောက်ဆီ ရင်ဖွင့်သင့်ပါတယ်။ ကိုယ့် ခံစားချက်တွေကို နားထောင်ပေးမယ့် လူတစ်ယောက်ရှိတာ ကံကောင်းပါတယ်။

၆။ ဝါသနာတွေဆီ အာရုံပြောင်းပါ

သင့်အနေနဲ့ အပြုသဘော Move On လုပ်နိုင်ဖို့ သင့်စိတ်ကို အချစ်ရေးအပေါ် အလုံးစုံ မနှစ်ထားဘဲ သင်ဝါသနာပါရာတွေဆီပါ အာရုံပြောင်းထားသင့်ပါတယ်။ သင့်ဝါသနာတွေက သင့်ကို အပြုသဘော စိတ်ထားဆီ ခေါ်ဆောင်သွားပါလိမ့်မယ်။

၇။ သင့်ကိုယ်သင် ဂရုစိုက်ပါ

အချစ်ရေးတစ်ခုမှာ အဆင်မပြေရင် နာကျင်ရမှာ ထုံးစံပါပဲ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့သူတွေက ဂရုမစိုက်သူတွေလောက် နာကျင်ရတာ မများပါဘူး။ နောက်တစ်ခေါက် သင့်ကို နာကျင်စေမယ့် အရာတွေဆီရင် ကျော်သွားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar