သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုတဲ့စကားအတိုင်း အချိန်တန်ရင်တော့ အိမ်ထောင်ပြုရမှာပါ။ ဖူးစာရှင်လက်တွဲဖက်နဲ့ ဆုံစည်းရမှာပါ။ တချို့မိန်းကလေးတွေရဲ့ အိပ်မက်ကလည်း သာယာတဲ့ အိမ်ထောင်ရေးနဲ့ သားသားမီးမီးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အိမ်ထောင်မပြုခင် တစ်ကိုုယ်တည်းဘဝမှာ ပြုလုပ်သင့်တဲ့အရာတွေရှိပါတယ်။ ဒီအရာတွေကတော့-
၁။ ခရီးသွားပါ
ကိုယ်သွားချင်တဲ့နေရာတွေကို စာရင်းချရေးပါ။ အိမ်ထောင်မပြုခင် ဒီနေရာတွေကို ရအောင် သွားပါ။ ရိုးရှင်းတဲ့လွတ်လပ်မှုကို အိမ်ထောင်မပြုခင် ခံစားလိုက်ပါ။
၂။ တစ်ယောက်တည်း နေကြည့်ပါ
Coffee Shop တွေ Hot Pot ဆိုင်တွေကို အဖော်မပါဘဲ တစ်ယောက်တညး်သွားစားပါ။ အလှဆုံးအဝတ်အစားတွေဝတ်ပြီး ပျော်ပျော်ကြီး နေလိုက်ပါ။
၃။ ဝါသနာပါရာတစ်ခုကို လုပ်ပါ
ကိုယ့် အသက်မွေးဝမး်ကြောင်းအလုပ်အပြင် စိတ်ထွက်ပေါက်အနေနဲ့ ဝါသနာပါရာတစ်ခုကို လုပ်ပေးပါ။ အိမ်ထောင်ကျတဲ့အချိန် ကိုယ်ဝါသနာပါရာအတွက် အချိန်ပေးနိုင်ဖို့က အခွင့်အရေးနည်းသွားပါပြီ။
၄။ စေတနာ့ဝန်ထမ်းလုပ်ပါ
သူငယ်ချင်းတွေနဲ့အတူ လိုအပ်တဲ့နေရာတွေ၊ အကူအညီလိုတဲ့လူတွေကို ကူညီပေးပါ။ Volunteer လုပ်ပေးပါ။
၅။ စျေးကြီးတဲ့အရာတွေ
တစ်ယောက်တည်းနေရတုန်းမှာ ကိုယ်လုပ်ချင်တဲ့ စျေးကြီးတဲ့ အရာတွေကို လုပ်ကြည့်ပါ။ စျေးကြီးတဲ့ Brand တွေဝယ်ကြည့်ပါ။ ဘယ်သူ့ကိုမှ ငဲ့ကွက်စရာမလိုတဲ့အချိန်မှာ ကိုယ်လုပ်ချင်တာတွေလုပ်ကြည့်ပါ။
၆။ အသည်းကွဲပါ
အသည်းကွဲတဲ့အရသာကလည်း ဘဝမှာ အမှတ်တရ ဖြစ်စရာတစ်ခုပါ။ ခံစားရပေမယ့် တစ်ချိန်ချိန် ဒါတွေက ရယ်စရာဟာသတစ်ခုဖြစ်လာမှာပါ။
၇။ အသစ်အသစ်တွေကို သင်ယူပါ
ကိုယ့်ဘဝအတွက် အကျိုးရှိမယ့် အတက်ပညာအသစ်တွေကို သင်ယူပါ။
ဒီအချက် (၇) ချက်ကတော့ တစ်ကိုယ်တည်းဘဝမှာ ပြုလုပ်ထားသင့်တဲ့အရာတွေပါ။ အိမ်ထောင်မပြုခင် Single ဘဝရဲ့ အသီးအပွင့်တွေကို အဝအရသာခံလိုက်ပါ။
Source: Allwomen’s Talk
By MyStyle Myanmar