အားလုံးပဲမင်္ဂလာပါ။ တစ်ခါတလေ တခြားသူတွေကတော့ ကိုယ်လိုချင်တဲ့အရာတွေပိုင်ဆိုင်သွားကြတယ်..ကိုယ်ကတော့ ဒီအတိုင်းပဲ ဆိုပြီး တွေးရင်းအားငယ်ဖူးလား။ ကိုယ်က လက်ရှိအချိန် ကြိုးစားနေဆဲလူတစ်ယောက်ဆိုရင်တော့ တစ်ချိန်ချိန် ကိုယ့်ဆီ ကောင်းတဲ့အရာတွေရောက်လာမှာပါ။ အခုမအောင်မြင်သေးတာက အချိန်အတိုင်းအတာတစ်ခုလိုအပ်သေးလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်မအောင်မြင်တာက ကိုယ့်မှာ လိုအပ်ချက်တွေ ရှိနိုင်သေးလို့ပါ။ ဒီအချက်တွေထဲက သင့်ဆီမှာ ဘယ်အချက်ရှိနေလဲ စဉ်းစားကြည့်ပါဦးနော်-

၁။ သင်က မပြောင်းလဲနိုင်ဘူးလို့ တွေးထားတာ

ငါ မအောင်မြင်နိုင်ပါဘူး.. ငါမလုပ်နိုင်ပါဘူးဆိုပြီး စစ်မရောက်ခင် မြှားကုန်နေတာက ကောင်းတဲ့အကျင့်တစ်ခုမဟုတ်ပါဘူး။


၂။ တခြားသူတွေကို အပြစ်တင်တာ

သင်က တစ်နေရာရာမှာ ကျရှုံးတဲ့အချိန် ကိုယ့်ကိုကိုယ် ပြန်မစဉ်းစားဘဲ တခြားသူတွေကို အပြစ်တင်တတ်ပါတယ်။ သူ့ကြောင့် ငါဒီဟာ မလုပ်လိုက်ရတာ စသဖြင့် အပြစ်ပုံချတတ်ကြပါတယ်။ ဒီလိုအပြစ်တင်ပြီး အမှားတစ်ခုအတွက် တာဝန်ယူခြင်းလည်းမရှိတတ်ပါဘူး။

၃။ ကြောက်တာ

ဘယ်ကိုမသွားရဲဘူး..ဒါကို မလုပ်ရဲဘူး စတဲ့အကျင့်တွေကလည်း မအောင်မြင်ရခြင်း အကြောင်းအရင်းပါပဲ။


၄။ ကိုယ့်ယုံကြည်ချက်တွေကို ကန့်သတ်ထားတာ

ဒါက ပထမဆုံးအချက်လိုပါပဲ။ မဖြစ်နိုင်ပါဘူးကွာ..ဒီလောက်ထိတော့ မအောင်မြင်နိုင်ပါဘူးကွာဆိုပြီး ကိုယ့်ကိုကိုယ် အထင်သေးပြီး ကန့်သတ်ချက်တွေ ထားတတ်တာပါ။ ငါနဲ့မဖြစ်လောက်ပါဘူး။ ငါမလုပ်နိုင်လောက်ပါဘူးလို့ တထစ်ချ ယုံကြည်ထားတာပါ။

၅။ အဆိုးမြင်စိတ်

သင်က အလုပ်တစ်ခုလုပ်ခါနီးတိုင်း အဆိုးဘက်ပဲ တွေးနေတတ်တယ်ဆိုရင် ဒီအကျင့်ကို ပြန်ပြင်သင့်ပါတယ်။ လုပ်ရင်း အဆင်မပြေခဲ့ရင်လည်း ဖြစ်လာတဲ့အကြောင်းကို အပြုသဘောအတွေးနဲ့ ငါဒီအခြေအနေမှာ ဘာလုပ်နိုင်လဲ စဉ်းစားသင့်ပါတယ်။


၆။ ကိုယ့်ကိုယ်ကိုယ်မချစ်တာ

ကိုယ့်ကိုကိုယ် မချစ်တာ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတာကလည်း မအောင်မြင်ရခြငး် အကြောင်းအရင်းပါပဲ။ ကိုယ့်ကိုယ်ကိုယ် မချစ်တာကြောင့် ကိုယ့်စည်းကမ်းတွေကိုလည်း ကိုယ်တိုင် မလိုက်နာပါဘူုး။ မလိုက်နာတော့ အောင်မြင်ခြင်းနဲ့ ဝေးနေရခြင်းပါ။


၇။ သူများနဲ့နှိုင်းယှဉ်တာ

သင့်ဘဝမှာ သူများနဲ့ နှိုင်းယှဉ်ကာ အားငယ်ပြီး ဘယ်နှစ်ရက်လောက် အချိန်ကုန်ဖူးလဲ။ သူများနဲ့ နှိုင်းယှဉ်စိတ်ဖြစ်လာတဲ့အခါ သင်လုပ်နေကျ အလုပ်တွေကိုလည်း မလုပ်ချင်ဖြစ်တတ်ပါတယ်။ သူများနဲ့ နှိုင်းယှဉ်လို့ သင့်ဘဝ ထူးထူးခြားခြား မအောင်မြင်သွားပါဘူး။

ဒီအချက်တွေကတော့ မအောင်မြင်ရခြင်း အကြောင်းတရားတွေဖြစ်ပါတယ်။ သင့်မှာ ဒီအကျင့်တွေရှိတယ်ဆိုရင် ချက်ချင်းပြန်ပြင်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar