Workout လုပ်နေချိန်မှာ ရေမသောက်ရင်တောင် လုပ်ပြီးရင်တော့ ရေကိုလုံလောက်စွာ သောက်ဖို့လိုပါတယ်။ Workout လုပ်နေချိန်မှာလည်း ရေကိုနည်းနည်းစီ သောက်လို့ရပါတယ်နော်။ ဒီလို ရေကိုလုံလောက်စွာမသောက်ရင် သင့်ခန္ဓာကိုယ်မှာဖြစ်လာနိုင်မယ့် ဆိုးကျိုးတွေက အများကြီးပါ။

Skin Aging တွေဖြစ်လာမယ်

အရွယ်မတိုင်ခင်မှာ အရေးအကြောင်းတွေပေါ်လာမယ်။ အိုမင်းရင့်ရော်ခြင်းတွေ Skin Aging တွေ မြန်မြန်ဖြစ်လာပါလိမ့်မယ်။

အဆိပ်အတောက်တွေဖြစ်လာမယ်

ရေကိုလုံလောက်စွာမသောက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေဖြစ်လာမယ်။ အဆိပ်အတောက်တွေက ခန္ဓာကိုယ်ထဲမှာ ကြာကြာဖြစ်နေနိုင်ပါတယ်။

အကျိုးသက်ရောက်မှုလျော့လာမယ်

Workout လုပ်ပြီး ရေကိုလုံလောက်စွာမသောက်တော့ dehydration ဖြစ်ပြီး Workout လုပ်ထားသမျှက အကျိုးသက်ရောက်မှုတွေ လျော့လာမယ်။ အဆီကျဖို့၊ ကြွက်သားထွက်လာဖို့တွေလည်း သေချာမလုပ်ဆောင်နိုင်တော့ပါဘူး။

ကြွက်သားတွေနာကျင်လာမယ်

ရေကိုလုံလောက်စွာမသောက်တာက တစ်ရက်ထဲမဟုတ်တော့ပဲ များလာရင် ကြွက်သားတွေ နာကျင်လာပါလိမ့်မယ်။

နှလုံးရောဂါဖြစ်ပွားမှုနှုန်းတိုးလာမယ်

လမ်းလျှောက်ရင်၊ ပြေးရင်တောင် မောလို့ ရေသောက်ကြတယ်။ Workout လုပ်ရင် Energy တွေပိုကုန်တဲ့အတွက် ရေကိုပိုပြီးတောင် သောက်ရမှာပါ။ ဒီလိုအချိန်မှာ ရေကိုအလုံအလောက်မသောက်ရင် အမောမခံနိုင်ပဲ နှလုံးခုန်နှုန်းတွေမြန်လာမယ်။ ကြာလာရင် နှလုံးရောဂါဖြစ်ပွားမှုနှုန်း တိုးလာနိုင်ပါတယ်။

မောပန်းနွမ်းနယ်လာမယ်

Workout လုပ်ပြီး ရေကိုလုံလောက်အောင်မသောက်ရင် မောပန်းနွမ်းနယ်လာမယ်။ နေလို့မကောင်းတော့ဘူး။ Bad Mood တွေ ဖြစ်လာပါမယ်။

အစားအသောက်ပိုစားချင်လာမယ်

Workout လုပ်ပြီး ရေကိုလုံလောက်အောင်မသောက်ရင် ဆာလောင်မှုက ပိုပြင်းထန်လာမယ်။ ပုံမှန်တောင် Workout လုပ်ပြီးရင် ဗိုက်ဆာတာဆိုတော့ ရေမသောက်ရင် ပိုပြီးဆာပါတယ်။ အစာပိုဝင်တယ်၊ အစားအသောက်စားချင်စိတ်တွေ ပိုဖြစ်လာတယ်။ ဒီတော့ Workout လုပ်ပြီး အရမ်းစားနေတော့ ဘာမှမထူးတော့ဘူးပေါ့။

Source: www. brightside.me