စိတ်ဆိုးဒေါသထွက်တဲ့အခါ ပြောမိပြောရာတွေ ပြောလိုက်ရင် အမှားပါတတ်ပါတယ်။ မိမိရဲ့မထိန်းနိုင်တဲ့ ဒေါသကြောင့် သူငယ်ချင်းသံယောဇဉ်၊ လုပ်ဖော်ကိုင်ဖက် သံယောဇဉ်၊ ဆွေးမျိုးရင်းချာတွေနဲ့လည်း မခေါ်နိုင်မပြောနိုင် ဖြစ်တာတွေလည်း အများကြီးပါပဲ။

ဒါဆိုရင် ဒေါသကြီးပြီး ဝုန်းဒိုင်းကြဲတတ်သူတွေအတွက် ဒေါသကို ဘယ်လိုထိန်းချုပ်နိုင်မလဲဆိုတဲ့ အချက် ၇ ချက်ကို ဖော်ပြပေးချင်ပါတယ်။

၁။ ဒေါသကို ရေးချပြီး ဖျက်ဆီးလိုက်ပါ

သင့်ကိုဒေါသဖြစ်စေတဲ့ အကြောင်းအရာတွေကို စာရွက်ပေါ်မှာ အသေးစိတ်ချရေးလိုက်ပါ။ ပြီးရင် သင့်ဒေါသတွေကို အဲ့ဒီစာရွက်နဲ့အတူ လုံးချေပြီး အမှိုက်ပုံးထဲလွှင့်ပစ်လိုက်ပါ။

၂။ ပီကေဝါးပါ

ပီကေဝါးခြင်းက သင့်ကို စိတ်အနှောင့်အယှက်ပေးတဲ့ အရာတွေကို လျော့နည်းစေတယ်လို့ သိပ္ပံနည်းအရ သက်သေပြထားကြပါတယ်။ ပီကေဝါးခြင်းကြောင့် မျက်နှာကြွက်သားနဲ့ မေးရိုးလှုပ်ရှားရတဲ့အခါ တင်းမာမှုတွေ ခန္ဓာကိုယ်ထဲက ထွက်သွားအောင်ပြုလုပ်ပေးပါတယ်။

၃။ လမ်းလျှောက်ပါ၊ ပြေးပါ

တစ်မိုင်ခန့် လမ်းလျှောက်ပါ၊ ဒါမှမဟုတ် မိနစ်နှစ်ဆယ်ခန့် ပြေးပါ၊ ဒါမှမဟုတ် ဒိုက်ထိုးပေးပါ။ လေ့ကျင့်ခန်းတစ်ခုခုပြုလုပ်ပေးခြင်းက စွမ်းအင်တွေကိုလောင်ကျွမ်းစေပြီး ပျော်ရွှင်စေတဲ့ဟော်မုန်းတွေကို ဦးနှောက်က ထုတ်လွှတ်ပေးပါတယ်။

၄။ သီချင်းဆိုပါ

ဒေါသထွက်စရာကြောင့် စိတ်ခံစားမှုမကောင်းသလိုဖြစ်နေပါသလား၊ သင့်အကြိုက်နှစ်သက်ဆုံးသီချင်းဆိုပေးခြင်းက စိတ်ဖိအားနဲ့ ဒေါသကို လျော့ကျစေပါတယ်။

၅။ ကြွပ်ဆတ်တဲ့ အသီးအနှံလေးတွေ စားပါ

ဒေါသထွက်လာရင် အစားအစာ အသားကုန်စားတတ်တဲ့သူတွေ ရှိပါတယ်။ အစားအများကြီးစားမဲ့ အစား တကျွတ်ကျွတ်ဝါးစားလို့ ရတဲ့အသီးအနှံလေးတွေ စားပေးပါ။ တကျွတ်ကျွတ်မြည်တဲ့အသံတွေက သင့်ဒေါသကို ပြေလျော့စေမှာပါ။

၆။ အိမ်အလုပ်လုပ်ပါ

အဝတ်ဘီဒိုရှင်းခြင်း၊ စာအုပ်စင်ရှင်းမယ်၊ အိမ်မွေးတိရိစ္ဆာန်လေးတွေကို သန့်ရှင်းရေးလုပ်ပြီးတဲ့နောက်မှာ မိမိစိတ်ငြိမ်းအေးသွားတာကို တွေ့ရမှာပါ။

၇။ သစ်ပင်ဘေးနားနေပါ

ဒေါသထွက်တဲ့အခါ အလှစိုက်ထားတဲ့ ပန်းပင်ဘေးနားမှာ ၁၀ မိနစ်ခန့်နေပေးခြင်းက ဦးနှောက်အတွက် လိုအပ်တဲ့အောက်ဆီဂျင်ကို ပို့ဆောင်ပေးပြီး သေချာစဉ်းစားနိုင်အောင် ကူညီပေးပါတယ်။ အထူးသဖြင့် စံပယ်ပန်း၊ ဇီဇဝါပန်းတို့လို ရနံ့မွှေးတဲ့ ပန်းလေးတွေက သင့်စိတ်ကို ပြန်လည်လန်းဆန်းလာအောင် ပြုလုပ်ပေးမှာပါ။

Source: Brightside.me