ဆံပင်သန်ပြီး အုံထူချင်တဲ့သူတွေအနေနဲ့ သတိထားဆင်ခြင်ရမယ့်အရာ ၇ ခုကို ပြောပြပေးလိုက်ပါတယ်။ ဆံပင်အုံထူအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိရင်တောင်မှ ဆင်ခြင်ရမယ့်အရာတွေကို လုပ်နေမိရင် ဘာမှသိပ်မထူးပါဘူး။

Chemical ရှောင်ပါ

Chemical များတဲ့ shampoo တွေ၊ conditioner တွေက ဆံပင်ပျက်စီးပြီး ကျွတ်စေပါတယ်။ ဒါကြောင့် ဆံပင်သန်ပြီးအုံထူချင်တယ်ဆိုရင် chemical နည်းတဲ့၊ မပါတဲ့ ပစ္စည်းတွေကိုသာ ရွေးသုံးပါ။

ခဏခဏခေါင်းမလျှော်ပါနဲ့

ခဏခဏခေါင်းလျှော်ရင် ဆံပင်ကျွတ်ပြီး ဆံသားပိုပါးလာပါလိမ့််မယ်။ တစ်ပတ် တစ်ခါပဲလျှော်တာတော့ အကောင်းဆုံးပါ။ နွေရာသီလိုပူပြင်းတဲ့ ရာသီဥတုမျိုးမှာဆိုရင်တော့ ခေါင်းချွေးထွက်တဲ့အတွက် ၅ ရက် တစ်ခါ၊ ၄ ရက် တစ်ခါ လျှော်ပေးပါ။

Oil တွေမသုံးပဲမနေပါနဲ့

Essential oil တွေ၊ hair serum တွေကိုသုံးပေးမှ ဆံပင်ပိုသန်လာပြီး ကျန်းမာလာပါမယ်။ Oil တွေသုံးတာ ဆံပင်ကပ်ကပ်ကြီးဖြစ်လို့ မသုံးဘူးဆိုရင်တော့ ဆံပင်တွေဖွာပြီး ကျွတ်တာမျိုး၊ ရှုပ်ထွေးပြီး ဆံပင်တွေ ငြိတာ၊ ပိုကျွတ်တာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

ဆံပင်ကိုကြမ်းကြမ်းတမ်းတမ်းမကိုင်ပါနဲ့

ဆံပင်တွေကို ကြမ်းကြမ်းတမ်းတမ်း မလုပ်ပါနဲ့။ ဆွဲဆောင့်တာမျိုး၊ ခေါင်းဖြီးရင်လည်း အတင်းဆွဲဖြီးတာမျိုးတွေက ဆံသားအရမ်းနာပါတယ်။ ဆံပင်ကောင်းချင်ရင် စိတ်ရှည်ပါ။ ခေါင်းဖြီးရင်လည်း ဖြည်းဖြည်းချင်းစီရှင်းပြီး သေချာဖြီးပါ။ ဒါမှ ဆံပင်ကျွတ်သက်သာပြီး ဆံပင်အုံထူမှာပါ။

အပူချောင်းတွေရှောင်ပါ

ဆံပင်ကောက်တဲ့၊ ဖြောင့်တဲ့ အပူချောင်းတွေက ဆံသားအရမ်းပျက်စီးပါတယ်။ Hair dryer လည်း တူတူပါပဲ။ ဆံသားအဆီဓာတ်ဆုံးရှုံးပြီး ဆံသားခြောက်စေတယ်၊ ဆံပင်တွေပိုကျွတ်စေပါတယ်။

ဆံပင်အရောင်ခဏခဏမဆိုးပါနဲ့

ဆံသားမကောင်းရင် ဆံပင်သန်ပြီး အုံထူလာဖို့ကလည်း မဖြစ်နိုင်ပါဘူး။ ဆံပင်အရောင်တွေ ခဏခဏဆိုးတာက ဆံသားအရမ်းပျက်စီးပါတယ်။ တစ်ခါဆိုးရုံနဲ့တောင် ပင်ကိုယ်ဆံပင်က ပျက်စီးသွားစေတာပါ။ ဆံပင်ပျက်စီးပြီး ဖွာတာ၊ ကျွတ်တာ၊ အဖြားရှူးတာတွေ ဖြစ်လာရင် ဆံပင်အုံမထူတဲ့အပြင် ပိုတောင်ပါးသွားပါလိမ့်မယ်။

ပျက်စီးနေတာတွေညှပ်ထုတ်ပစ်ဖို့မနှမြောပါနဲ့

ဆံပင်တိုသွားမှာစိုးလို့ နှမြောလို့ဆိုပြီး ပျက်စီးနေတဲ့ဆံပင်တွေကို ဒီတိုင်းမထားပါနဲ့။ ပုံမှန်ညှပ်ထုတ်ပေးပါ။ ပျက်စီးနေတာတွေ၊ နှစ်ခွဖြစ်နေတာတွေ မရှိတော့မှ ဆံသားကျန်းမာသန်စွမ်းပြီး ဆံပင်လည်း အုံထူလာမှာပါ။