အပေါ်ယံတွေများတဲ့ခေတ်မှာ တကယ်စစ်မှန်တဲ့ အချစ်ဆုံးသူငယ်ချင်းတွေရှိတာက အရမ်းကံကောင်းပါတယ်။ ဒီလိုသူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ပျော်စရာအမှတ်တရတွေ အများကြီးရှိအောင် အချစ်ဆုံးသူငယ်ချင်းတွေစုပြီး ဒီအရာ ၇ ခုကို လုပ်ကြည့်သင့်ပါတယ်။

ခရီးသွားပါ

ကိုယ့်အချစ်ဆုံးသူငယ်ချင်းတွေနဲ့ သီးသန့်ခရီးသွားတာက ပျော်စရာအကောင်းဆုံးပါပဲ။ ပြည်တွင်းခရီးတွေ တစ်ခုပြီးတစ်ခုသွားပါ။ ပြည်ပခရီးတွေလည်း အဆင်ပြေရင် သွားကြည့်ပါ။ မမေ့နိုင်စရာ အမှတ်တရတွေဖြစ်ပြီး အရမ်းပျော်ဖို့ကောင်းမှာ သေချာပါတယ်။

ပွဲတွေသွားပါ

Festival ပွဲတွေ၊ ကိုယ်ကြိုက်တဲ့ပွဲတွေ concert တွေကို အချစ်ဆုံးသူငယ်ချင်းတွေနဲ့ တူတူစုပြီး သွားကြည့်ပါ။ သွားကဲကြည့်ပါ။ အရမ်းပျော်ဖို့ကောင်းပါတယ်။

အိမ်မှာမုန့်လုပ်စားပါ

အချစ်ဆုံးသူငယ်ချင်းတွေနဲ့ အပြင်မှာ မုန့်သွားစားတာမျိုးမဟုတ်ပဲ အိမ်မှာ အတူတူ ဝယ်ခြမ်းပြီး မုန့်တွေလုပ်စားကြည့်ပါ။ ပျော်စရာကောင်းသလို အမှတ်တရလည်း ဖြစ်စေပါတယ်။

Game ဆော့ပါ

ဒါကတော့ တော်တော်များများ လုပ်ကြမှာပါပဲ။ သူငယ်ချင်းတွေစုပြီး game ကစားတာမျိုး၊ phone game ကစားတာမျိုးမဟုတ်ပဲ ခရီးသွားရင် ကစားကြသလို ပျော်ပျော်ရွှင်ရွှင် game ကစားကြည့်ပါ။

သီချင်းဆိုပါ

သူငယ်ချင်းတွေစုပြီး ကာရာအိုကေဆိုင်မှာ သီချင်းသွားဆိုတာမျိုး၊ ခရီးသွားရင် ဂီတာလေးထည့်သွားပြီး ဂီတာတီးသီချင်းဆိုတာမျိုး၊ ကမ်းခြေမှာ မီးပုံပွဲလေးလုပ်ပြီး ဂီတာတီးသီချင်းဆိုတာမျိုးတွေ လုပ်ကြည့်ပါ။ အရမ်းပျော်စရာကောင်းပါတယ်။

စုပြီးရုပ်ရှင်ကြည့်ပါ

ရုပ်ရှင်ရုံသွားပြီး ကြည့်တာမျိုးမဟုတ်ပဲ အိမ်မှာစုပြီး မီးအမှောင်ချပြီး horror ကားတွေ ကြည့်ကြည့်ပါ။ အရမ်းမိုက်ပါတယ်။ ရယ်ချင်ရင်တော့ မုန့်စားရင်းနဲ့ ဟာသကားတွေကြည့်ပါ။

Volunteer လုပ်ပါ

အချစ်ဆုံးသူငယ်ချင်းတွေစုပြီး volunteer လုပ်ကြည့်ပါ။ ကုသိုလ်လည်းရသလို ပျော်စရာလည်းကောင်းတဲ့ အမှတ်တရကောင်းတွေ ဖြစ်စေပါလိမ့်မယ်။