လူတစ်ယောက်မှာ ဘယ်တော့မှ ပြောပြမှာ မဟုတ်တဲ့ အကြောင်းအရာတွေ လျို့ဝှက်ချက်တွေရှိပါတယ်။ သင့်အနေနဲ့ကော ဘယ်သူ့ကိုမှ မပြောဖြစ်တဲ့ အကြောင်းအရာတွေရှိလား။ ယောကျာ်းလေးအများစုကတော့ ဒီအကြောင်းအရာတွေကို ချစ်ရသူရှေ့မှာ မပြောတတ်ကြပါဘူးတဲ့။

၁။ နင်ဟင်းချက်တာ အဲ့လောက်လည်း မကောင်းပါဘူး


ယောကျာ်းလေးတစ်ယောက်က သူတို့ ချစ်တဲ့မိန််းကလေးရဲ့ ဟင်းချက်လက်ရာကို အပြစ်မပြောချင်ကြပါဘူး။ ဘာလို့လဲဆိုတော့ သူတို့အတွက် ချက်ထားတာကို မကောင်းဘူးပြောလိုက်တဲ့အချိန် မိန်းကလေးတွေ စိတ်မကောင်းဖြစ်မှာ ကြောက်လို့ပါ။

၂။ နင့်သူငယ်ချင်းတွေက စိတ်ပျက်ဖို့ကောင်းတယ်


သင်ပေါင်းနေတဲ့ သူငယ်ချင်း အချို့ကို သင့်ချစ်သူက မကြိုက်တာတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ အပြင်မှာတော့ ဒါကို ထုတ်မပြောတတ်ကြပါဘူး။

၃။ နင်ဖုန်းပြောတာ ကြာတယ်


တချို့မိန်းကလေးတွေရှိပါတယ်။ ဖုန်းစပြောပြီဆိုတာနဲ့ မပြီးဆုံးတော့ပါဘူး။ ယောကျာ်းလေးတွေက စိတ်ရှည်တဲ့လူစားမျိုးတွေမဟုတ်ပါဘူး။ ဖုန်းအကြာကြီးပြောရတာက ကြာလာတဲ့အခါ သူတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်လာတတ်ပါတယ်။ ဒါပေမဲ့ သူတို့က ဒီအကြောင်းအရာကို အပြင်မှာတော့ မပြောပါဘူး။

၄။ တစ်ချိန်လုံးဖုန်းခေါ်တာကို မကြိုက်ဘူး


လူတိုင်းမှာ ကိုယ်ပိုင်အချိန်ရှိပါတယ်။ ခဏခဏ ဖုန်းဆက်လာတဲ့အခါ အာရုံနောက်လာတတ်ပါတယ်။ ဒါကြောင့် သင့်ဆီမှာ သူ့ကို အချိန်တိုင်း ဖုန်းဆက်တဲ့ အကျင့်ရှိရင် ရှောင်ပေးပါ။

၅။ ဆံပင်ကေအသစ်က နင်နဲ့မလိုက်ဘူး


သင်ညှပ်လိုက်တဲ့ ဆံပင်ပုံစံကို မလိုက်ရင်တောင် သူတို့က ဒါကို ထုတ်မပြောတတ်ကြပါဘူး။

၆။ နင်တော်တော်ဝယ်နိုင်တာပဲ


Online Shop ပဲဖြစ်ဖြစ် အပြင်မှာ စျေးဝယ်ထွက်တာဖြစ်ဖြစ် စျေးဝယ်ဝါသနာပါတဲ့ သင့်ကို အပြစ်မမြင်တတ်ပါဘူး။ သင့်ရဲ့ Shopping ထွက်တဲ့ ဝါသနာကို သူတို့ Complain မတက်ပါဘူး။

၇။ ဒီအကျင်္ ီနင်နဲ့မလိုက်ဘူး


အဝတ်အစားတိုင်းက သင်နဲ့ လိုက်ချင်မှ လိုက်မှာပါ။ တကယ်လို့ သင်နဲ့ လိုက်ဖက်မှုမရှိတဲ့ အဝတ်အစားဆိုရင်လည်း ယောကျာ်းလေးတွေက သိပ်မပြောတတ်ကြပါဘူး။

အပေါ်မှာ ပြောခဲ့တဲ့ အကြောင်းအရာတွေကို ယောကျာ်းလေးတိုင်း မပြောဘဲ နေတယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ အများစုကတော့ ဒီအကြောင်းအရာတွေကို ထုတ်မပြောတတ်ကြပါဘူး။

Source: Allwomenstalk.com

By MyStyle Myanmar