Concealer ကို အမည်းစက်တွေနဲ့ ညိုတဲ့နေရာတွေ ဖုံးကွယ်ဖို့အသုံးပြုကြတာ ပျိုမေတိုင်း သိပြီးဖြစ်မှာပါ။ ဒီအလှကုန်ကို အသုံးပြုနည်းက မခက်ပါဘူး။ ဒါပေမဲ့ ကိုယ်နဲ့ သင့်တော်တဲ့ Concealer ကိုရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။ Concealer ခုမှစသုံးမယ့် မိန်းကလေးတွေသိထားရမယ့် အချက်တွေကတော့-

၁။ သင်ဖုံးကွယ်ချင်တဲ့နေရာကို အရင်သတ်မှတ်ပါ

သင်က မျက်ကွင်းညိုတာ ဖုံးချင်လို့လား၊ အမည်းစက်ဖုံးချင်လို့လား ပထမဆုံး သတ်မှတ်ရပါမယ်။ ကိုယ်သတ်မှတ်တဲ့နေရာအလိုက် Concealer တွေက သီးသန့်ရှိတာကြောင့် Concealer တစ်မျိုးထက်မက လိုတာလည်းဖြစ်နိုင်ပါတယ်။


Source: StyleCaster

၂။ ဘယ်လို Concealer နဲ့ လိုက်ဖက်လဲ ဆုံးဖြတ်ပါ

Concealer က ပုံစံမျိုးစုံနဲ့လာပါတယ်။ အရည်ပုံစံ၊ Cream ပုံစံအစုံပါပဲ။ ခဲတံပုံစံတွေလည်းရှိပါတယ်။သင့်အသားအရေအမျိုးအစားအလိုက် ဘယ် Concealer သုံးသင့်လဲ ဆုံးဖြတ်ရပါမယ်။ Concealer လို့မြင်တာနဲ့ တန်းမဝယ်လိုက်ပါနဲ့။


Source: Her World

၃။ Concealer ဗူးခွံပေါ်ရေးတာကို ဂရုစိုက်ပါ

မဝယ်ခင် ဘယ်လိုအသားအရေအတွက်လဲ၊ ဘယ်အရာကို ဖုံးကွယ်ဖို့လဲ ဗူးခွံပေါ်က စာတွေကို သေချာဖတ်ပေးပါ။ နာမည်ရှိပြီးသား တံဆိပ်တွေထဲက ရွေးဝယ်ပါ။ Make Up ပညာရှင်တွေ ညွှန်းထားတဲ့ Concealer တွေကို စမ်းသုံးကြည့်ပါ။

၄။ မှန်ကန်တဲ့အရောင်ကိုရွေးပါ

ကိုယ့်အသားအရေ အရောင်နဲ့ လိုက်ဖက်တဲ့ Concealer မျိုးကို ရွေးဝယ်သင့်ပါတယ်။


Source: Dermaflage

၅။ ပထမဆုံး ဖောင်ဒေးရှင်းအရင်လိမ်းပါ

ဖောင်ဒေးရှင်းလိမ်းပြီးမှ Concealer ကိုသုံးပေးပါ။ နောက်ဆုံးအဆင့်မှ ပေါင်ဒါပုတ်ပေးပါ။


Source: BeBeautiful

၆။ လေ့ကျင့်ပါ

Concealer ဝယ်ထားပြီး မလိမ်းဘဲ မနေပါနဲ့။ လက်နဲ့လိမး်ရင် အဆင်ပြေလား၊ ဘရပ်ရှ်နဲ့ လိမ်းရင် ပိုအဆင်ပြေလား စမ်းလိမ်းကြည့်ပါ။ တဖြည်းဖြည်းနဲ့ ဘယ်လိုလိမ်းရင် ပိုလှလဲ သိလာပါလိမ့်မယ်။


Source: WikiHow

၇။ ကောင်းကောင်းခြယ်ပါ

Concealer လိမ်းပြီးတာနဲ့ ဖောင်ဒေးရှင်းနဲ့ တစ်သားတည်းဖြစ်အောင် သေချာ လိမ်းပေးပါ။ မညီမညာမဖြစ်အောင် သတိထားပေးပါ။

Source: Allwomenstalk

By MyStyle Myanmar