ပူအိုက်တဲ့ရာသီကိုရောက်လာပြီဖြစ်လို့ ဆံပင်ကိုဒီတိုင်းချထားတာထက် စည်းထားတာ Bun ပုံစံထုံးထားတာတွေပြုလုပ်ပေးတာက သင့်ကိုခေါင်းရှင်းပြီး ပေ့ါပေါ့ပါးပါးဖြစ်စေဖို့ ကူညီပေးမှာပါ။ ဦးရေပြားနဲ့ဆံသားချွေးထွက်များတဲ့အချိန် မျက်နှာနဲ့နီးနီးကပ်ကပ်ဆံပင်ချထားမိတဲ့အခါ ချွေးနဲ့ ပြင်ပကဖုန်၊ အညစ်အကြေးတွေရောပြီးမျက်နှာမှာ ဝက်ခြံထွက်လာတတ်တာ၊ ဆံသားစေးကပ်ပြီး ခေါင်းခဏခဏလျှော်ရတာတွေဖြစ်တတ်ပါတယ်။ ဒါတွေကာကွယ်ပြီးသားဖြစ်စေဖို့ နွေရာသီမှာ ထားဖို့သင့်တော်တဲ့ ဆံပင်အထုံးနဲ့အစည်းပုံစံ အိုင်ဒီယာလေးတွေကို ဒီတစ်ခေါက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။ အချိန်သိပ်မပေးရဘဲ အလွယ်တကူစည်းနှောင်နိုင်တဲ့ Hairstyle လေးတွေဖြစ်တာကြောင့် ထသွားထလာအတွက်လည်း အဆင်ပြေစေမှာပါ။

၁။ Top Knot Bun


အလွယ်ဆုံး Bun အမျိုးအစားတစ်ခုဖြစ်ပြီး Ponytail ပုံစံခပ်မြှင့်မြှင့်စီးကာ ဆံပင်ကိုနောက်ပြန်ပတ်ပြီး ခပ်ကျစ်ကျစ်ထုံးပေးရမှာဖြစ်ပါတယ်။ ဒီပုံစံက သင့်ကိုလည်ပင်းရှင်းပြီးပေါ့ပါးနေစေမှာပါ။

၂။ Messy Bun


ဆံထုံးတင်းတင်းတွေမကြိုက်တဲ့သူတွေအနေနဲ့ အထုံးခပ်လျော့လျော့လေးထုံးပြီး Messy Bun ပုံစံပြုလုပ်နိုင်ပါတယ်။ ဆံပင်ကိုပုံမှန်အတိုင်းစည်းပြီး ပတ်ကာထုံးပေးလိုက်ရုံပဲမို့ လုပ်ရလည်းလွယ်ကူပါတယ်။

၃။ Half Up Half Down


ဒီလို Ponytail တစ်ဝက်စည်းပုံစံလေးက ဆံပင်အပြည့်မစည်းချင်သူတွေအတွက် မျက်နှာရှင်းစေပြီး ဆံပင်ထူပုံလည်းပေါက်စေမယ့် Hairstyle လေးဖြစ်ပါတယ်။

၄။ Sleek Low Bun


ဒီလို ဆံပင်အကပ်ထုံးထားတဲ့ပုံစံလေးကလည်း ကမ္ဘာကျော်မော်ဒယ်တွေပြုလုပ်လေ့ရှိတဲ့ ဆံပင်ပုံစံတစ်မျိုးဖြစ်ပြီး  မိန်းမဆန်ကာ ရှင်းလင်းတည်ငြိမ်တဲ့ပုံစံလေးကိုရစေမှာပါ။

၅။ Return Of The Claw


နောက်ထပ်ပူတဲ့ရာသီနဲ့လိုက်ဖက်တဲ့ ဆံပင်စည်းပုံစံကတော့ အခုခေတ်လူငယ်မိန်းကလေးတွေကြား ပြန်လည်ရေပန်းစားလာတဲ့ ဆံပင်အထုံးကို Hair Claw ကလစ်လေးတွေနဲ့ ပင့်တင့်ပေးထားတဲ့ ပုံစံလေးဖြစ်ပါတယ်။ ပေါ့ပါးရှင်းလင်းပြီး လုပ်ရလွယ်တဲ့အပြင် ကလစ်လှလှလေးနဲ့ထင်းနေတဲ့ ဆံပင်ပုံစံလေးရစေပါလိမ့်မယ်။

၆။ Half Bun


ဆံပင်တိုတဲ့သူတွေလုပ်ကြည့်သင့်တဲ့ပုံစံလေးဖြစ်ပြီး ဒီတိုင်းချထားတာထက် ဆံထုံးတစ်ဝက်စည်းလေးတွေက မျက်နှာဘေးတစ်ဝိုက် ကြည့်ရရှင်းပြီး နွေရာသီအတွက်လည်း အဆင်ပြေစေမှာပါ။

၇။ Side Buns


ရှေ့ဆံမြတ်လေးချပြီး ဘေးနှစ်ဖက် Side Buns လေးတွေထုံးပေးတာကလည်း လူငယ်မိန်းကလေးတွေနဲ့ အရမ်းလိုက်ဖက်ပြီး ပေ့ါပေါ့ပါးပါးနဲ့ ချစ်စရာကောင်းစေမယ့်ပုံစံလေးဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar