မိန်းကလေး အများစုက ပိန်တဲ့ ကောင်မလေးတွေကို သဘောကျတတ်ကြပါတယ်။ ဒါပေမဲ့ ပိန်တဲ့ မိန်းကလေးတွေမှာလည်း အခက်အခဲ ကိုယ်စီရှိပါတယ်။ ပိန်လွန်းတဲ့အခါ အဝတ်အစားက ကိုယ်နဲ့ မပေါ်တာ၊ ဆွဲဆောင်မှု မရှိဘဲ တစ်ခုခု လိုအပ်နေတာ စတာတွေ ဖြစ်တတ်ပါတယ်။ ဒီအကြောင်းအရာကတော့ ပိန်လွန်းတဲ့ မိန်းကလေးအတွက် ရည်ရွယ်ခြင်းပါ။ ကိုယ်ဝတ်လိုက်တိုင်း အပေါ်က အခက်အခဲတွေ ထပ်မကြုံရလေအောင် ဖက်ရှင်အကြံပြုချက်တွေကို ဖော်ပြလိုက်ပါတယ်။
အင်္ကျီအပွတွေကို ရှောင်ပါ
ကိုယ်က ပိုပြည့်သယောင် ထင်ရစေဖို့ အင်္ကျီပွလွန်းတာတွေကို မဝတ်သင့်ပါဘူး။ ဒီလိုဝတ်လိုက်တဲ့အခါ ကိုယ့်အကို၊ အဖေ အင်္ကျီကို ငှားဝတ်လေသလား ထင်ရစေပါတယ်။ ပိုပြည့်တယ်လည်း မထင်ရစေပါဘူး။ ဒါကြောင့် အင်္ကျီအပွကို ရှောင်သင့်ပါတယ်။
အင်္ကျီချုပ်ဝတ်ပါ
ပိန်လွန်းရင် ကိုယ်နဲ့ တော်တဲ့ အင်္ကျီကို ရှာမတွေ့ဖြစ်တတ်ပါတယ်။ ဒီအခက်အခဲအတွက် Ready Made အထည်တွေ မဝယ်ဘဲ ကိုယ့် ကိုယ်အတိုင်းနဲ့ သီးသန့် ချုပ်ဝတ်သင့်ပါတယ်။
အသေးစိပ်လေးတွေ ထည့်ပါ
ကိုယ်က ရင်သားနေရာ ချပ်ရပ်နေရင် ရင်ဘတ်နေရာမှာ အတွန့်အခက်တွေ ပါတာ ဝတ်သင့်ပြီး တင်ဘေး တစ်ဖြောင့်တည်းသွားရင် တင်ဘေးဘက် ကားသွားမယ့် အဝတ်အစားမျိုးကို ရွေးချယ်သင့်ပါတယ်။
Top ရွေးချယ်တဲ့အခါ
Top ရွေးချယ်တဲ့အခါ ရှင်းလင်းလွန်းတာမျိုး မရွေးဘဲ ရင်ဘတ်နား အိတ်ပါတာ၊ ဖဲပြားလေးတွေ ပါတာ စတာမျိုးကို ရွေးသင့်ပါတယ်။
Jean ဘောင်းဘီ ရွေးတဲ့အခါ
ဂျင်းဘောင်းဘီ ရွေးတဲ့အခါ ဘောင်းဘီအကျပ်တွေကို ဝတ်နိုင်သလို အောက်ဘက်ကားသွားတဲ့ အပွဘောင်းဘီတွေကို ရွေးချယ်နိုင်ပါတယ်။
အပြင်ထပ်ဝတ်တဲ့အခါ
အပြင်ထပ်အနေနဲ့ ပွလွန်းတာကို မရွေးချယ်ဘဲ ခါးနေရာမှာ Fit ဖြစ်နေတဲ့ အပြင်ထပ်မျိုးကို ရွေးချယ်သင့်ပါတယ်။ ခါးပတ်ပါ ဝတ်နိုင်ပါတယ်။
Vintage Style
သင်က သင့်ဖက်ရှင်ကို တစ်ဆင့် Level မြင့်ချင်ရင် Vintage Style အဝတ်အစားတွေကိုပါ ရွေးနိုင်ပါသေးတယ်။
Photo Source: Pinterest
By MyStyle Myanmar