ဆံပင်ရှည်က ပုံစံ အမျိုးမျိုး ပြောင်းစည်းနိုင်တာကြောင့် ကောင်းတယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ နေ့တိုင်း ဒီဆံပင်ရှည်ကို ထိန်းသိမ်းနေရတာက အလုပ်တစ်ခုပါပဲ။ သင်က ဆံပင်ရှည်ထားတဲ့ မိန်းကလေးဆိုရင် ဒီအခက်အခဲတွေကို ဆက်စပ်လို့ရမှာပါ။
၁။ မနက်နိုးရင်
Photo Source: Pinkvilla
မနက်နိုးတဲ့အချိန် ရှုပ်ပွနေတဲ့ ဆံပင်ကို အရင် ခေါင်းဖြီးရတာက ပုံမှန်လို ဖြစ်နေပါပြီ။ ဆံပင်အရမ်းရှည်ရင် ခေါင်းဖြီးနေရတာနဲ့တင် နာရီဝက်လောက် အချိန်ယူရတတ်ပါတယ်။
၂။ ခေါင်းလျှော်တဲ့အခါ
ခေါင်းလျှော်ရင်လည်း သူများထက်ကို အချိန်ယူရပါတယ်။ Shampoo အများကြီး သုံးရပြီး နှစ်ခါလောက် ပမာဏ များများ ယူနေရတတ်ပါတယ်။ Hair Dryer နဲ့ ဆံပင်ခြောက်အောင် မှုတ်ရင်လည်း အနည်းဆုံး ၄၅ မိနစ်ပါပဲ။ ဒါပေမဲ့ ဒါက တစ်ခေါင်းလုံး ရေခြောက်သွားတာလို့ မခေါ်နိုင်သေးပါဘူး။
၃။ ဆံပင်ပြင်ဆင်ရင်
ဆံပင်ပုံစံ အမျိုးမျိုး ပြောင်းနိုင်တာ မှန်ပေမယ့် ဆံပင်နောက်မှာ စည်းတာ တစ်ခုပဲ လွယ်ကူပြီး ကျန်တဲ့ ပုံစံရဖို့ ထာဝရ ကြာနေသလိုပါပဲ။ ဖြောင့်တာ ကောက်ရတာ ဆိုရင်လည်း နာရီပေါင်းများစွာ အချိန်ပေးရပါတယ်။
၄။ ယိုးဒယားကလစ်
သင်က ဆံထုံးထုံးတဲ့ အချိန်ဆိုရင် ယိုးဒယားကလစ် အနည်းဆုံး ငါးခုလောက်တော့ သင့်ဆံပင်ထဲ ဝင်နေတတ်ပါတယ်။
၅။ ဆံပင်ကျွတ်တယ်
ခေါင်းလျှော်ရင် ဆံပင်ခဏခဏ ကျွတ်သလို နေရာအနှံ့ သင့်ဆံပင်တွေ ချည်းပါပဲ။ သင်က ဟင်းချက်ရင်တောင် သင့်ဆံပင်ရှည် အကျွတ်က အဲ့ထဲ ပါလာတတ်ပါတယ်။
၆။ Hairspray
Hairspray ဖြန်းရင်လည်း ဆံပင်ထဲ ဘယ်နားရောက်သွားမှန်းမသိဘဲ မဖြန်းတာနဲ့ အတူတူ ဖြစ်နေတတ်ပါတယ်။
၇။ ဆံပင်ငြိခြင်း
Photo Source: Helping Me Hear
လွယ်အိတ်လွယ်ရင်၊ ခေါင်းစွပ် အင်္ကျီဝတ်ရင် ဒီဆံပင်ရှည်ကို ဆွဲထုတ်နေရတာ အလုပ်တစ်ခုပါပဲ။ ကားစီးလို့ ပြတင်းပေါက်ဖွင့်လိုက်ရင်လည်း ရှုခင်းမမြင်ရဘဲ သင့်ဆံပင်ကိုပဲ မြင်နေရတတ်ပါတယ်။
သင်က အပေါ်က ဘယ်ပြဿနာနဲ့ ကြုံဖူးလဲ???
Photo source: Pinterest
By MyStyle Myanmar