မိတ်ဖွဲ့တာက လူတစ်ယောက်အတွက် ခက်ခဲတဲ့ ကိစ္စမဖြစ်သင့်ပါဘူး။ မိတ်ဆွေပေါများတာက အောင်မြင်တဲ့လူတစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းတစ်ခုပါ။ သင်က မိတ်ဆွေပေါများပြီး လူချစ်လူခင် ပေါများချင်ရင်တော့ ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေရဲ့ အရည်အချင်းတွေကို လေ့လာထားဖို့ လိုပါတယ်။
၁။ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးတယ်
ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေက သူငယ်ချင်းအရေအတွက်ထက် ခင်ဖို့ကောင်းပြီး စိတ်ရင်းကောင်းသူကိုပဲ သူငယ်ချင်းအနေနဲ့ ထဲထဲဝင်ဝင် ပေါင်းပါတယ်။
၂။ မျက်နှာချင်းဆိုင်
ပေါင်းသင်းဆက်ဆံတတ်သူတွေက လူတစ်ယောက်ကို ဖုန်းထဲမှာ ပြောတာထက်် မျက်နှာချင်းဆိုင်တွေ့ပြီး စကားပြောတတ်ကြပါတယ်။
သူတို့သိတဲ့အရာတွေကို သိသလောက် ဝေမျှပေးတတ်ပါတယ်။
၄။ နားထောင်တယ်
ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေက အခြားသူတွေရဲ့ ပြောစကားကို ဂရုတစိုက် နားထောင်တတ်ပါတယ်။
အခြားလူတွေရဲ့ အကြောင်းကို စိတ်ဝင်တစား မေးတတ်ကြပါတယ်။ အခြားသူတွေ အကြောင်းကို စိတ်ဝင်စားကြပါတယ်။
၆။ အမြင်ကွဲပြားတယ်
လူတိုင်းကို တန်းတူဆက်ဆံတတ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေက ကိုယ့်ထက် နိမ့်ကျသူကိုလည်း အထင်သေးခြင်းမရှိပါဘူး။
ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေက လူတစ်ယောက်ကို စခေါ်လိုက်လို့ အဲ့လူဆီမှာ အချေခံရမှာကို မကြောက်ကြပါဘူး။
Photo Source: Pinterest
By MyStyle Myanmar