တချို့ K-Drama တွေက ကြည့်နေတဲ့သူပါ အကုသိုလ်တွေများပြီး စိတ်တိုရတယ်၊ စိတ်ပင်ပန်းရပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေကျတော့ ဒီလို Drama တွေက အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး ကြည့်ကောင်းနေတော့ ဇာတ်ရှိန်တက်ပြီး ဆက်ကြည့်နေမိတာပါပဲ။ အခုချိန်ထိလူကြည့်များနေပြီး ကြည့်ရတဲ့သူပါ stress ရစေတဲ့ K-Drama ဇာတ်လမ်းကောင်း ၇ ခု ရှိပါတယ်။

The World Of The Married

2020 ကမှ ပြသထားတဲ့ နာမည်ကြီး drama ဖြစ်ပါတယ်။ အိမ်ထောင်ရေးဖောက်ပြန်တဲ့ကားဖြစ်ပြီး တော်တော်ကို stress ရစေတဲ့ ဇာတ်လမ်းပါ။ ဒါပေမယ့် ကြည့်တဲ့သူတွေကို ဆက်ကြည့်ချင်လာအောင် စွဲဆောင်နိုင်တဲ့ ဇာတ်အိမ်ဖြစ်ပါတယ်။

the Penthouse: War In Life

Penthouse ဆိုရင်တော့ မသိတဲ့သူနည်းပါတယ်။ Season 1 ကနေစပြီး seaon 3 အထိ အရမ်းလောင်ရတဲ့ drama ပါပဲ။ အရမ်းရှုပ်ထွေးတဲ့ဇာတ်လမ်းဖြစ်ပေမယ့် ကြည့်တဲ့သူကို ဆွဲဆောင်နိုင်တဲ့ နာမည်ကြီး drama ဖြစ်ပါတယ်။

Strangers From Hell

2019 က ထွက်ရှိထားတဲ့ horror drama ဖြစ်ပါတယ်။ ကြည့်ရတာ stress များပေမယ့် အရမ်းမိုက်ပါတယ်။ အရမ်းကောင်းတဲ့ drama ဖြစ်တာကြောင့် horror drama တွေ psycho ဆန်တာတွေ ကြည့်ရတာကြိုက်ရင် ဒီ drama ကို ကြည့်ကြည့်ပါ။

Save Me

2017 က ထွက်ရှိထားတဲ့ drama ပါ။ အခု 2021 မှာ ပြန်ပြီး လူကြည့်များနေတဲ့ drama လည်း ဖြစ်ပါတယ်။ ဒီ drama ကို ကြည့်ရတာ stress ရစေတယ်လို့ ပြောကြပါတယ်။

SKY Castle

မတူညီတဲ့ မိသားစု ၄ စုက အမျိုးသမီး ၄ ယောက်အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ drama ကောင်းတစ်ခုပါ။ တချို့ကျတော့လည်း ဒီ drama ကိုကြည့်ရတာ စိတ်ဖိစီးစေတယ်လို့ သတ်မှတ်ကြပါတယ်။

Sweet Home

ဒီ drama ကတော့ ကြည့်ဖူးတဲ့သူများမှာပါ။ သူလည်း horror, psychological drama ဖြစ်ပါတယ်။ stress ရစေတဲ့ drama list ထဲမှာပါပေမယ့် အရမ်းကောင်းတဲ့ horror drama ပါပဲ။

Nevertheless

2021 ရဲ့ နာမည်ကြီး drama ဖြစ်ပါတယ်။ stress ရစေတဲ့ drama list ထဲမှာ Nevertheless ပါလာတာကတော့ သူတို့နှစ်ယောက်ရဲ့ ရှုပ်ထွေးပြီး မပြတ်သားတဲ့အချစ်ရေးကြောင့်ပဲ ဖြစ်မှာပါ။