ပျော့ဆေးကို ဆံပင်ထိန်းသိမ်းလေ့ရှိတဲ့ မိန်းကလေးတိုင်း လိုအပ်ပါတယ်။ ပျော့ဆေးအာနိသင် ဆံသားထဲ သေချာ စိမ့်ဝင်သွားဖို့ လိုက်နာ ဆောင်ရွက်သင့်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ သေချာစွာ အာနိသင် စိမ့်ဝင်မယ်ဆိုရင် သင့်ဆံသားက အရင်ထက် ပိုပျော့ပြောင်းစိုပြေ လာပါလိမ့်မယ်။ ဒီတော့ Conditioner ထည့်တဲ့အချိန် ဆံသား သိသိသာသာ ကောင်းလာစေဖို့ မှန်ကန်တဲ့ အသုံးပြုပုံတွေကို ဖော်ပြပါရစေ။

၁။ မှန်ကန်တဲ့ ထုတ်ကုန်

ကိုယ့်ဆံပင် အမျိုးအစားအလိုက် ထုတ်ထားတဲ့ ပျော့ဆေးမျိုးကို ပထမဆုံး ရွေးဖို့ လိုပါတယ်။ ကြုံရာမဟုတ်ဘဲ ကိုယ့်ဆံသား အမျိုးအစားအရ Conditioner က ပို ထိရောက်မှု ပေးနိုင်ပါတယ်။

၂။ ခေါင်းသေချာ လျှော်ပေးပါ

ပျော့ဆေး ဆံသားထဲ နက်ရှိုင်းစွာ စိမ့်ဝင်စေဖို့ ဆံပင်မှာ တခြား Product တွေ ရှိမနေဖို့ လိုပါတယ်။ Conditioning ထိရောက်ဖို့ ဦးရေပြားမှာ ရှန်ပူပြောင်အောင် လျှော်ပြီးမှ ပျော့ဆေးသုံးသင့်ပါတယ်။

၃။ မှန်ကန်တဲ့ သုံးနည်း

ပျော့ဆေး အာနိသင် ကောင်းဖို့ ကိုယ်သုံးတဲ့ ပုံစံကလည်း အရေးကြီးပါတယ်။ ပျော့ဆေးလိုနေတဲ့ ဆံပင်အဖျားကနေ စကာ သေချာ လိမ်းပေးရပါမယ်။ ပျော့ဆေးကို လက်နဲ့ မဖြန့်ဘဲ ခေါင်းဖြီးနဲ့ ပျော့ဆေး ပျံ့အောင် လုပ်သင့်ပါတယ်။

၄။ ပဝါကို အပူပေးတဲ့နည်းလမ်း

ဒီနည်းလမ်းက မှော်ပညာနဲ့ လုပ်လိုက်သလိုပဲ ထိရောက်တဲ့ နည်းပါ။ ပဝါကို Microwave ထဲမှာ ၁၅ စက္ကန့်ကနေ စက္ကန့် ၂၀ အပူပေးရပါမယ်။ Conditioner လိမ်းပြီးတာနဲ့ အပူပေးထားတဲ့ ပဝါကို ခေါင်းမှာ ပတ်လိုက်တဲ့အခါ ပို ထိရောက်စေပါတယ်။

၅။ စောင့်ပါ

Conditioner သုံးတာ ထိရောက်မှု ရှိဖို့ လိမ်းပြီးတာနဲ့ ဆေးချတာမျိုး မလုပ်သင့်ပါဘူး။ သူပြောထားတဲ့ မိနစ်အလိုက် စောင့်ပြီးမှ ရေဆေးချသင့်ပါတယ်။

၆။ Conditioner ဖယ်တဲ့အချိန်

များသောအားဖြင့် ကျွန်မတို့က ပျော့ဆေးကို ဆေးချတဲ့အခါ ပြောင်အောင် လုပ်တတ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပျော့ဆေးကို ရေဆေးချတဲ့အခါ အကုန်မဟုတ်ဘဲ အနည်းအကျဉ်း ဆံသားထဲ ထားခဲ့သင့်ပါတယ်။

၇။ ဆံပင်ကို အနားပေးပါ

ဆံသားကို နက်ရှိုင်းစွာ Conditioning လုပ်ပြီးနောက် ဆံပင်ကို အနားပေးဖို့ လိုပါတယ်။ ဒါကြောင့် ဘယ်မှမသွားရတဲ့ ရက်တွေမှာပဲ ဆံပင်ကို နက်ရှိုင်းစွာ Conditioner ထည့်ကာ ခေါင်းလျှော်သင့်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar