တစ်နေ့တာမှာ မနက်ခင်းအချိန်က အရေးအကြီးဆုံး ဖြစ်တာကိုတော့ သင်သိပြီးဖြစ်မှာပါ။ မနက်ပိုင်းမှာ စလုပ်တဲ့ အပြုအမူတွေကနေ စတင်ကာ သင်တစ်နေ့လုံးစာကို ပြောင်းလဲစေနိုင်ပါတယ်။ အခုဖော်ပြထားတဲ့ အရာတွေကတော့ လုပ်ရတာ လွယ်ကူပြီး သေးငယ်ပေမယ့် သင့်တစ်နေ့တာကို ကြီးကြီးမားမား ပြောင်းလဲစေနိုင်တဲ့အထိ အစွမ်းထက်ပါတယ်။ အချိန်လည်း သိပ်မပေးရတာမို့ ဖော်ပြပါ အလေ့အကျင့်တွေကို မနက်ပိုင်းမှာ ပေါင်းလုပ်နိုင်မှာပါ။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ အိပ်ရာသိမ်းပါ

အိပ်ရာက နိုးတာနဲ့ ချက်ချင်းထတာမျိုး မလုပ်ဘဲ ကိုယ်အိပ်ခဲ့တဲ့ ခေါင်းအုံးကို နေရာတကျ ပြန်ထားတာ၊ စောင်ခေါက်တာ စသဖြင့် လုပ်ပေးသင့်ပါတယ်။ အိပ်ယာသိမ်းတာက မနက်ခင်း စိတ်ကြည်ခြင်းရဲ့ ပထမခြေလှမ်းပါ။

၂။ ရေတစ်ခွက်သောက်ပါ

မနက်စောစော ရေသောက်ခြင်းရဲ့ ကောင်းကျိုးတွေကတော့- ဇီဝဖြစ်စဉ်ကို မြန်ဆန်စေတာ၊ စွမ်းအင်ခွန်အား မြှင့်တင်ပေးတာ၊ အဆိပ်အတောက်တွေကို ဖယ်ထုတ်ပေးတာ စတာတို့ ဖြစ်ပါတယ်။ မနက်ပိုင်းမှာ ရေသောက်ပေးတာကြောင့် ကျန်းမာစေသလို ပျော်ရွှင်စေပါလိမ့်မယ်။

၃။ တရားထိုင်ပါ

မနက်စောစော ၅ မိနစ် အနည်းဆုံး သတ်မှတ်ကာ တရားထိုင်သင့်ပါတယ်။ တရားထိုင်ရင်း ကိုယ့်ရဲ့ အောင်မြင်နေတဲ့ပုံစံကိုပါ မြင်ယောင်ကြည့်နိုင်ပါတယ်။

၄။ Journaling

အဆင့် ၄ အနေနဲ့ ၅ မိနစ် ခန့် စာအုပ်ထဲ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်တွေ၊ ကိုယ့်ကိုယ်ကိုယ် ကောင်းကြောင်းချီးကျူးတာ၊ ကိုယ်ကျေးဇူးတင်တဲ့ အရာတွေကို ရေးတာ စသဖြင့် ရေးပေးသင့်ပါတယ်။

၅။ ၁ မိနစ်ခန့် လှုပ်လှုပ်ရှားရှားနေပါ

၁ မိနစ်အတွင်း သွေးပူလေ့ကျင့်ခန်း လုပ်တာ၊ ခုန်တာ၊ အကြောလျှော့တာ စတဲ့ အရာတွေကတစ်နေ့တာ လန်းဆန်းဖို့ ကူညီပေးပါလိမ့်မယ်။

၆။ ကိုယ်ကျေးဇူးတင်တဲ့ အရာကို နှုတ်က ပြောပါ

ဒီအဆင့်ကတော့ Journaling လုပ်သူတွေ မလုပ်လည်း ဖြစ်ပါတယ်။ ကိုယ်ကျေးဇူးတင်တဲ့အရာတွေကို နှုတ်က ပြောလိုက်တဲ့အခါ ဒီအရာတွေကို သင့်စိတ်ထဲမှာ အမြဲအမှတ်ရနေပါလိမ့်မယ်။

၇။ Self Development စာအုပ်တစ်အုပ်ကို ခဏဖတ်ပါ

နောက်ဆုံးအဆင့်အနေနဲ့တော့ ကိုယ့်ဘဝ တိုးတက်စေဖို့ ရည်ရွယ်ထားတဲ့ စာအုပ်တစ်အုပ်ကို ၁ မိနစ် အချိန်ပေးကာ ဖတ်ရမှာပါ။ လုံးဝ မဖတ်တာထက် စာရင် ၁ မိနစ်ခန့် ဗဟုသုတ၊ အတွေးသစ်တွေကို ခေါင်းထဲ ထည့်လိုက်တာက မှားတယ် မရှိပါဘူး။

Photo source: Pinterest

By MyStyle Myanmar