သင့်မျက်ခုံးအရောင်ကတောင် သင့်မျက်နှာကို ပိုရင့်သွားစေနိုင်ပါတယ်။ တစ်ခါတလေ ကျွန်မတို့က ၁၇ နှစ်အရွယ်ကို ၃၀ ကျော်ထင်ရအောင် ကိုယ့်ဘာကိုယ် ပြင်ဆင်မိတတ်ကြပါတယ်။ ဒီလို အပြုအမူ မှားယွင်းနေတာကိုပြန်ပြင်နိုင်ပါတယ်။ အခုဖော်ပြထားတဲ့ အပြုအမူအမှားတွေကို သိရင် သင်လုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ကြည့်လိုက်ရအောင်နော်-

၁။ ပါးပြီး အရောင်မှိန်တဲ့ မျက်ခုံးပုံစံ

ကျွမ်းကျင်သူတွေရဲ့ အဆိုအရ မျက်နှာပိုရင့်သွားအောင် သင့်မျက်ခုံးကို လုပ်နေမိတဲ့အရာတွေကတော့

-ပိုခြယ်မိပြီး မျက်ခုံးအတုနဲ့ တူသွားတာ

-မျက်ခုံးခြယ်တာ အရောင်တအားမှိန်တာ

-မျက်ခုံးအဆုံးကို သေချာ မခြယ်မိတာ

-မျက်ခုံးပါးပါးလေးခြယ်တာ စတာတွေပဲဖြစ်ပါတယ်။

၂။ နှုတ်ခမ်းကြီးအောင်လုပ်မိတာ

ကလေးသေးသေးလေးတွေမှာ နှုတ်ခမ်းအကြီးကြီးတွေ မရှိတတ်ပါဘူး။ သဘာဝကပေးထားတဲ့ နှုတ်ခမ်းပုံစံကသင့်မျက်နှာနဲ့ တစ်သားတည်း ဖြစ်စေမှာပါ။ Lip Plump က သင့်ကို ပိုလှသွားစေပေမယ့် Filler ထိုးတာများရင်တော့ သင့်ကို အသက်ပိုကြီးသွားစေပါတယ်။

၃။ ကိုယ့် Skin Type နဲ့ ဆန့်ကျင်တဲ့ ဆံပင်အရောင်

သင့်အသားအရေက Warm Color Skin Tone ဖြစ်နေပေမယ့် အနက်ရောင်ဆိုးထားမယ်ဆိုရင်တော့ အရောင်ကွဲလွဲပြီး သင့်ကို ပိုအသက်ကြီးတယ် ထင်ရစေပါလိမ့်မယ်။ ဒါ့အပြင် သင့်မျက်ကွင်းပိုညိုတယ်လို့ မြင်ရစေပြီး အသားအရေက ပိုနီမြန်းနေပါလိမ့်မယ်။

၄။ မိတ်ကပ်များတာ

မိတ်ကပ်ပါးပါးလေးနဲ့ ရိုးရိုးရှင်းရှင်းလေးက ပိုလှပါတယ်။ သင့်မိတ်ကပ်ဖောင်ဒေးရှင်း ပိုများသွားတဲ့အခါ သင့်ရုပ်ပိုရင့်တယ်ထင်ရစေပြီး အရေးအကြောင်းတွေကို ပိုသိသာစေပါတယ်။

၅။ ပိန်လွန်းတာ

ပိန်တဲ့အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ မျက်နှာမှာ အဆီ ၂၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းရှိသင့်ပါတယ်။ အားကစားလုပ်လွန်းပြီး လုံလုံလောက်လောက် မစားရင်တော့ ဒီပိန်တဲ့အလှက သင့်ကို အသက်ပိုကြီးသွားစေပါတယ်။ ပိန်လွန်းရင်လည်း မကောင်းပါဘူး။

၆။ သွားဝါတာ

သွားဝါတာကလည်း သင့်မျက်နှာကို အသက်ပိုကြီးသွားစေပါတယ်။ အခုနောက်ပိုင်း သွားဖြူအောင်ထိန်းသိမ်းတဲ့ နည်းလမ်းများစွာ ပေါ်နေပါပြီ။

၇။ လိုတာထက်ပိုတဲ့ ဆံပင်စတိုင်

အသေးစိတ်ပြင်ဆင်ထားတဲ့ ဆံပင်စတိုင်တွေ၊ အနုစိပ်ကျလွန်းတဲ့ ဆံပင်စတိုင်တွေက သင့်ကို ရုပ်ရင့်စေပါတယ်။ ဥပမာ ၈၀ ခုနှစ်မှာ ရေပန်းစားခဲ့တဲ့ Bangs စတိုင်က သင့်အသက်ကို ပိုကြီးတယ်လို့ ထင်ရစေပါတယ်။

Source: Brightside.me

By MyStyle Myanmar