အသားခြောက်တဲ့သူတွေအတွက် အသားခြောက်တာ သက်သာပြီး အသားအရေစိုပြည်လာစေဖို့ အမှန်တကယ် အလုပ်ဖြစ်စေမယ့် skincare tips (၇) ခုကို မျှဝေပေးလိုက်ပါတယ်။

ရေနွေးနဲ့ရေချိုးခြင်းကိုရှောင်ပါ

ရေနွေးနဲ့ရေချိုးတာက အသားခြောက်စေတဲ့အတွက် ကိုယ်က အသားခြောက်တယ်ဆိုရင် ပိုတောင်ရှောင်ဖို့လိုပါသေးတယ်။

Moisturizing

အသားခြောက်တဲ့သူတွေက မျက်နှာဆိုလည်း moisturizer သေချာလိမ်းဖို့လိုသလို body ဆိုရင်လည်း အစိုဓာတ်ကောင်းကောင်းပေးနိုင်ပြီး အသားခြောက်တဲ့သူတွေအတွက် ထုတ်ထားတဲ့ body lotion မျိုးကို ရွေးလိမ်းပေးပါ။

Lip balm ဆိုးပါ

အသားခြောက်ရုံမကပဲ နှုတ်ခမ်းပါခြောက်ရင်တော့ lip balm ကို အမြဲဆိုးပေးဖို့ လိုပါတယ်။ မနက်ပိုင်း မဆိုးဖြစ်ရင်တောင်မှ ညအိပ်ယာဝင်ခါနီးတိုင်းမှာ skincare လိမ်းပြီးတိုင်း lip balm ဆိုးပေးဖို့ လုံးဝမမေ့ပါနဲ့။

Oatmeal

Oatmeal နဲ့လုပ်ထားတဲ့ body scrub တွေ shower တွေ body lotion တွေက အသားခြောက်တဲ့သူတွေအတွက် အရမ်းကောင်းပါတယ်။ အသားအရေကို moisture ပေးနိုင်တာကြောင့် သုံးပေးပါ။ အထူးသဖြင့် oatmeal scrub ကို ရွေးသုံးပါ။

အစားအသောက်

Antioxidants နဲ့ omega-3 fatty acids ပေါများစွာပါဝင်တဲ့ အစားအသောက်တွေက body cells တွေ ကျန်းမာစေပြီး glowing skin ရစေပါတယ်။ အသီးတွေထဲမှာဆိုရင် ဘလူးဘယ်ရီသီး၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ စတာတွေကို များများစားပေးခြင်းက အသားအရေစိုပြည်စေပါတယ်။

ရေများများသောက်ပါ

အသားခြောက်တယ်ဆိုရင် ရေများများသောက်ပါ။ ရေခဲရေတွေ၊ ရေနွေးကြမ်းတွေ မသောက်ပဲ မအေးတဲ့ရေကိုပဲသောက်ပါ။ ရေကိုသူများထက်ပိုပြီး များများသောက်ပါ။ ရေကို တစ်နေ့ ဖန်ခွက် ၈ ခွက်သောက်ရမယ်ဆိုရင် အသားခြောက်တဲ့သူတွေက ၁၀ ခွက် အနည်းဆုံးသောက်ပေးပါ။

Oil based makeup

Makeup လိမ်းမယ်ဆိုရင် skincare သေချာလိမ်းပြီးမှလိမ်းပါ။ ပြီးရင် oil based makeup မျိုး ရွေးလိမ်းပါ။ အသားခြောက်တဲ့သူတွေအတွက် အသားအရေစိုစိုကြည်ကြည်လေး ဖြစ်စေပါတယ်။