အလုပ်လုပ်နေတဲ့ အမျိုးသမီးတိုင်းအတွက် လိုက်နာသင့်တဲ့ Skincare Tips 7 ခုကို ပြောပြပေးလိုက်ပါတယ်။ ဒီထဲမှာ ရှောင်သင့်တာတွေရော လုပ်သင့်တာတွေရော ပါပါတယ်။ အသားအရေကို သေချာဂရုစိုက်ချင်တယ်၊ အသားအရေကောင်းချင်တယ်ဆိုရင်တော့ ဒီ Tips 7 ခုကိုတော့ လိုက်နာမှဖြစ်မယ်နော်။

နေ့တိုင်းမိတ်ကပ်မလိမ်းပါနဲ့

အလုပ်သွားရင် မိတ်ကပ်လိမ်းကြတယ်ဆိုပေမယ့် မဖြစ်မနေ လိမ်းရတာမျိုးမဟုတ်ရင် အမြဲမလိမ်းတာ ပိုကောင်းပါတယ်။ နေ့တိုင်းမိတ်ကပ်လိမ်းတာက အသားအရေပျက်စီးစေသလို အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေလည်း မြန်မြန်ဖြစ်စေပါတယ်။

ပြန်ရောက်ရင်မျက်နှာသစ်ဖို့မပျင်းပါနဲ့

အိမ်ပြန်ရောက်ရင် ပင်ပန်းလို့ဆိုပြီး အိပ်တာမျိုး၊ မိတ်ကပ်မဖျက်ပဲ မျက်နှာမသစ်ပဲ အကြာကြီးနေတာမျိုး မလုပ်ပါနဲ့။ ပြန်ရောက်လို့ ရေချိုးတာနဲ့ မျက်နှာကို သေချာ Cleansing လုပ်ပြီး မျက်နှာသစ်ပါ။

Sunscreen သေချာလိမ်းပါ

အိမ်ထဲနေရင်တောင် Sunscreen လိမ်းဖို့လိုတာဆိုတော့ အလုပ်သွားနေရရင် ပိုတောင်လိုအပ်ပါသေးတယ်။ ဒါကြောင့် Sunscreen သေချာလိမ်းဖို့ မမေ့ပါနဲ့။ အပြင်တွေသွားလာနေရရင် 4 နာရီခြားတစ်ခါ ပြန်လိမ်းပေးပါ။

ညဘက် Skincare သေချာလိမ်းပါ

အလုပ်လုပ်ရတာက ပင်ပန်းတဲ့အတွက် အိုမင်းရင့်ရော်ခြင်းတွေနဲ့ အရေးအကြောင်းတွေက ပိုပြီးဖြစ်လွယ်ပါတယ်။ ဒီတော့ Skincare သေချာလိမ်းဖို့ လိုပါတယ်။ အထူးသဖြင့် ညဘက်မှာ Skincare သေချာလိမ်းပေးပါ။ Eye Cream လိမ်းဖို့လည်း မမေ့ပါနဲ့။

အိပ်ရေးဝအောင်အိပ်ပါ

အရေးကြီးတဲ့အရာတစ်ခုကတော့ အိပ်ရေးဝအောင် အိပ်ဖို့ပါပဲ။ အလုပ်လုပ်နေရတာ ပင်ပန်းတဲ့အတွက် အိပ်ရေးဝအောင်အိပ်ပါ။ အိပ်ရေးပျက်ရင် အသားအရေလည်း ထိခိုက်စေပါတယ်။

ရေများများသောက်ပါ

အသားအရေလှဖို့ ခန္ဓာကိုယ်က Hydration ပြည့်ဝနေစေဖို့ ရေများများသောက်ပေးပါ။ အလုပ်လုပ်နေရတဲ့အခါ Energy ပြန်လည်ရရှိဖို့လည်း ရေဓာတ်ပြန်ဖြည့်ပေးဖို့က လိုပါတယ်။

Exfoliate ပုံမှန်လုပ်ပါ

အမြဲအလုပ်သွားနေရတဲ့အတွက် နေ့တိုင်း ဖုန်နဲ့အညစ်အကြေးတွေက အသားအရေကို ကပ်ငြိစေပါတယ်။ ဒီတော့ တစ်ပတ်တစ်ခါ မျက်နှာကိုရော Body ကိုရော Exfoliate ပုံမှန်လုပ်ပေးရပါမယ်။ Exfoliate ပုံမှန်လုပ်ပေးမှ Dead Skin Cells တွေကို ဖယ်ရှားပေးပြီး အသားအရေကြည်လင်လာပါမယ်။