Mental Wellness ပိုပြီးကောင်းမွန်လာစေဖို့အတွက် ပုံမှန်လုပ်ပေးရမယ့် ရိုးရှင်းသောနည်းလမ်း ၇ ခုကို မျှဝေပေးလိုက်ပါတယ်။ စိတ်ပိုင်းဆိုင်ရာကိစ္စတစ်ခုခု ခံစားနေရတဲ့သူတွေအနေနဲ့ ကိုယ့်စိတ်အခြေအနေက အရမ်းမဆိုးသေးဘူးဆိုရင် ဒီနည်းလမ်းတွေကိုသာ အရင် Try ကြည့်ပါ။ သက်သာသွားပြီး Mental Wellness ပိုကောင်းလာပါလိမ့်မယ်။ အရမ်းဆိုးနေမှသာ ဆရာဝန်နဲ့ဆွေးနွေးတာတွေ၊ ကုသမှုခံယူတာတွေ လုပ်ရမှာပါ။
တစ်ယောက်ယောက်နဲ့စကားပြောပါ
Mental Wellness ပိုကောင်းလာစေဖို့ တစ်ယောက်ထဲမနေပါနဲ့။ ကိုယ့်အပေါ်နားလည်ပေးတဲ့သူ၊ စကားပြောရတာ စိတ်ပေါ့ပါးမှုရစေမယ့်သူ၊ သူငယ်ချင်းတွေနဲ့ နေ့တိုင်း စကားပြောပေးပါ။ တစ်ယောက်ယောက်နဲ့ စကားပြောနေရရင် စိတ်ပေါ့ပါးပြီး အဆင်ပြေသွားစေပါတယ်။
စာဖတ်ပါ
စာဖတ်တာက Mental Wellness ပိုကောင်းလာစေဖို့ အများကြီးအထောက်အကူပြုပါတယ်။ အားနေရင် လျှောက်တွေးနေမယ့်အစား၊ ထိုင်ပြီးစိတ်ပင်ပန်းနေမယ့်အစား စာဖတ်ပါ။ စာဖတ်ခြင်းက ကိုယ့်ရဲ့အတွေးအခေါ်တွေ၊ ထင်မြင်ယူဆချက်တွေ၊ စိတ်ခံစားချက်တွေကို အကောင်းဘက်ကို ပြောင်းလဲပေးနိုင်ပါတယ်။
တရားထိုင်၊ ယောဂကျင့်ပါ
ယောဂ Class တွေ Join ပြီး လုပ်ကြည့်ပါ။ ယောဂကျင့်ပေးခြင်းက Mental Wellness သိသိသာသာကို တိုးတက်ကောင်းမွန်လာစေပါတယ်။ ယောဂကျင့်ဖို့ အချိန်မပေးနိုင်ရင် တစ်နေ့ကို နာရီဝက်လောက် တရားထိုင်ပေးပါ။ တရားထိုင်ပေးခြင်းကလည်း စိတ်တည်ငြိမ်ပြီး စိတ်ခံစားချက်ပိုကောင်းလာပြီး Mental Wellness ပိုကောင်းလာစေပါတယ်။
အစားမှန်မှန်စားပါ
စိတ်ပိုင်းဆိုင်ရာထိခိုက်နေတဲ့သူ တော်တော်များများက အစားမမှန်ပါဘူး။ အထူးသဖြင့် ထမင်းစားချင်စိတ်မရှိတာမျိုး ဖြစ်တတ်ပါတယ်။ အစားအသောက်မစားရင် စိတ်အခြေအနေပိုဆိုးပါတယ်။ နေရတာအဆင်မပြေဘူး၊ တစ်ခုခုဖြစ်နေသလို ခံစားရပါတယ်။ ဒါကြောင့် Mental Wellness ပိုကောင်းလာစေဖို့ အစားကိုလည်း မှန်မှန်စားပေးပါ။
သီချင်းနားထောင်ပါ
သီချင်းနားထောင်တာက စိတ်ပျော်ရွှင်ကျေနပ်မှုရစေပါတယ်။ Mental Wellness လည်း ပိုကောင်းလာစေပါတယ်။ မျက်စိမှိတ်ပြီး ကိုယ်ကြိုက်တဲ့သီချင်းလေးတွေ နားထောင်ရတဲ့ Feeling က အရမ်းကျေနပ်စရာကောင်းပါတယ်။
မှတ်တမ်းချရေးကြည့်ပါ
တစ်နေ့တာ ကိုယ်လုပ်ခဲ့တဲ့အရာတွေကို စာအုပ်ထဲမှာ မှတ်တမ်းချရေးကြည့်ပါ။ ခံစားရတာတွေရှိရင်လည်း ချရေးကြည့်ပါ။ ဒီလိုချရေးတာက စိတ်ပေါ့ပြီး နေလို့ကောင်းသွားစေပါတယ်။ ကိုယ်လုပ်ချင်တာလေးတွေရှိရင်လည်း ချရေးပြီး တစ်ခုချင်းစီ ဖြစ်အောင်လုပ်ကြည့်ပါ။ တစ်ခုပြီးသွားတိုင်း စိတ်ပျော်ရွှင်ကျေနပ်မှု ရစေပါတယ်။
ကောင်းမွန်စွာအိပ်စက်ပါ
အိပ်ရေးပျက်ရင်၊ အိပ်စက်ချိန်မမှန်ရင် Mental Wellness ကောင်းလာမှာမဟုတ်ပါဘူး။ ပိုဆိုးလာဖို့ပဲရှိပါတယ်။ ဒါကြောင့် အိပ်မပျော်လည်း အချိန်သတ်မှတ်ပြီး ကြိုးစားအိပ်ကြည့်ပါ။ ဒီလိုပဲကျင့်ယူရင်းနဲ့ အသားကျပြီး အကျင့်ဖြစ်သွားမှာပါ။ စောစောအိပ်ဖို့က အရေးကြီးပါတယ်။