အသားအရေခြောက်သွေ့ပြီး ရေဓာတ်ခမ်းခြောက်နေလို့ စိတ်မညစ်ပါနဲ့တော့နော်။ ကျန်းမာရေးအတွက်ရော အသားအရေအတွက်ရော ရေများများသောက်ပေးသင့်ပါတယ်နော်။ သင့်အသားအရေလေး ရေဓာတ်ပြည့်ဝပြီး အသားအရေ စိုပြေနေစေမယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးသွားပါမယ်။

၁။ သံလွင်ဆီ

ဆံလွင်ဆီမှာ Antioxidant နဲ့ Fatty Acid တွေကြွယ်ဝစွာပါဝင်လို့ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပြီး အသားအရေ စိုပြေစေပါတယ်။ ရေမချိုးခင် သံလွင်ဆီလိမ်းပေးပြီး ရေချိုး ခေါင်းလျှော်ပေးပါ။ တစ်လကို တစ်ခါလုပ်ပေးပါ။

၂။ နို့ပါတဲ့ ရေချိုးဆပ်ပြာသုံးမယ်။

နို့ပါတဲ့ ရေချိုးဆပ်ပြာဟာ အသားအရေကို ကြည်လင်စေပြီး ရေဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။

၃။ ရေပူပူနဲ့ ရေမချိုးပါနဲ့။

ရေချိုးတဲ့အခါ ရေအရမ်းလည်းမပူ အရမ်းလည်းမအေးတဲ့ရေနဲ့ပဲ ရေချိုးပေးပါ။ အရမ်းပူတဲ့ရေဟာ အသားအရေ ခြောက်သွေ့စေပါတယ်။ တခါတလေမှ ချိုးပေးရင်တော့ သင့်ကို ပိုပြီး relax ဖြစ်စေပါတယ်။

၄။ ထောပတ်သီးသုံးမယ်။

ထောပတ်သီးဟာ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။ ထောပတ်သီးကို စားပေးတာပဲဖြစ်ဖြစ် ပျားရည်၊ ဒိန်ချဉ်တို့နဲ့ရောပြီး မျက်နှာပေါ်မှာ လိမ်းပေးတာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ အခုလို မျက်နှာပေါ်မှာလိမ်းပေးပြီး မိနစ် ၃၀ လောက်နေရင် ရေဆေးချလိုက်ပါ။

၅။ ပျားရည်သုံးပါ။

ပျားရည်ဟာ အသားအရေကို ကြည်လင်စိုပြေစေပြီး ဘက်တီးရီးယားပိုးတွေကို သေစေစလို့ အသားအရေကို ချောမွေ့စေပါတယ်။ ပျားရည်ကို မျက်နှာပေါ်မှာ ၅ မိနစ်လောက်လိမ်းပေးပြီး ရေဆေးချလိုက်ပါ။

၆။ အသီးအနှံတွေစားမယ်။

အသားအရေ ရေဓာတ်ပြည့်ဝနေစေဖို့ သခွားသီး၊ ဖရဲသီး၊ ပန်းသီး၊ လိမ္မော်သီးစတဲ့ ရေဓာတ်ပြည့်ဝတဲ့အသီးအနှံတွေစားပေးပါ။ အသီးအနှံများများစားပေးတာဟာ အသားအရေ စိုပြေစေရုံသာမက အရွယ်တင်နုပျိုစေပါတယ်။

၇။ ရေများများသောက်မယ်။

ရေများများသောက်တာလောက် အသားအရေကို စိုပြေစေတဲ့အရာ မရှိပါဘူး။ ရေများများသောက်ပါ။ တစ်နေ့ကို ရေအနည်းဆုံး ၈ ခွက်လောက်သောက်ပါ။ မနက်စောစော ဘာအစားမှမစားခင် ရေများများသောက်ပေးပါ။