ညဘက်တွေမှာ ပိုပြီးအိပ်ကောင်းစေဖို့ ကူညီပေးမယ့် ရိုးရှင်းသော အကြောဆန့်လေ့ကျင့်ခန်း ၇ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အိပ်ယာမဝင်ခင်မှာ နေ့တိုင်းလုပ်ပေးရင်တော့ အကောင်းဆုံးပါပဲ။ ဒီလေ့ကျင့်ခန်းတွေကိုလုပ်ပြီးမှ အိပ်မယ်ဆိုရင်တော့ ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်နိုင်ပြီး ညောင်းညာကိုက်ခဲတာတွေ၊ တစ်နေကုန် ပင်ပန်းထာသမျှတွေလည်း ပြေပျောက်သွားစေမှာပါ။
လေ့ကျင့်ခန်း ၁
ပထမပုံထဲကလို ခြေဖဝါးနှစ်ဖက်ကိုစုပြီး ထိုင်ပါ။ ပြီးမှ ခြေဖဝါးစုရက်အနေအထားနဲ့ ဒုတိယပုံထဲကလို အရှေ့ကို ရသလောက် ကုန်းပေးပါ။ အဲ့အတိုင်း ၁ မိနစ်ပြည့်အောင်နေပေးရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း ၂
အရင်ဆုံးလှဲနေပြီး ပထမပုံထဲကလို ညာခြေထောက်ကို ကွေးမြှောက်ပြီး လက်နဲ့ကိုင်ထားပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပြီး အချိန်ပြည့်မှ ဒုတိယပုံထဲကလို အဲ့ခြေထောက်ကို ဘေးဘက်ကွေးချပါမယ်။ အဲ့အတိုင်း စက္ကန့် ၃၀ ပြည့်အောင် နေပေးပါ။ အချိန်ပြည့်ပြီဆိုရင် ဘယ်ခြေထောက်ကိုလည်း အဲ့အတိုင်းပဲ လုပ်ပေးရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း ၃
အရင်ဆုံး ပထမပုံထဲကလို ခြေထောက်တစ်ဖက်ကို အရင်မြှောက်ပြီး ခြေချောင်းထိပ်လေးတွေကို လက်ချောင်းတွေနဲ့ ထိကြည့်ပါ။ ရပြီဆိုမှ နောက်ခြေထောက်တစ်ဖက်ကိုပါ မြှောက်လိုက်ပါ။ ဒုတိယပုံထဲကလို နှစ်ချောင်းလုံးမြှောက်ထားပြီး လက်နဲ့ထိထားကာ စက္ကန့် ၃၀ နေပေးပါ။
လေ့ကျင့်ခန်း ၄
ပထမပုံထဲကလို ခြေထောက်တစ်ဖက်ကို ကွေးထားပြီး နောက်ခြေထောက်တစ်ဖက်က အနောက်ဘက်ကို ဆန့်ထုတ်ထားပါ။ လက်နှစ်ဖက်က ရှေ့ကိုထောက်ထားပါ။ ပြီးတော့မှ ဒုတိယပုံထဲကလို လက်နှစ်ဖက်ကို အရှေ့ဆန့်ထုတ်ပြီး မှောက်နေလိုက်ပါ။ အဲ့အနေအထားနဲ့ စက္ကန့် ၃၀ နေပါ။ အချိန်ပြည့်ရင် ခြေထောက်ကို ဘယ်ညာပြောင်းပြီး အဲ့အတိုင်း စက္ကန့် ၃၀ ထပ်လုပ်ပေးပါ။
လေ့ကျင့်ခန်း ၅
ပထမပုံထဲကလို ဘယ်ခြေထောက်ကို ရှေ့ထုတ်ကွေးထားပြီး ညာခြေထောက်က ဒူးထောက်ကာ လက်နဲ့ ခြေဖဝါးကို ကိုင်ထားပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပါ။ အချိန်ပြည့်ရင် ညာခြေထောက်ကို ရှေ့ထုတ်ကွေးထားပြီး ဘယ်ခြေထောက်က ဒူးထောက်ကာ လက်နဲ့ ခြေဖဝါးကို ကိုင်ထားပါ။ အဲ့အတိုင်း စက္ကန့် ၃၀ ထပ်နေရမှာပါ။
လေ့ကျင့်ခန်း ၆
ပုံမှာပြထားတဲ့အတိုင်း ခြေထောက်နှစ်ဖက်ကို ရသလောက်ကားထားပြီး လက်နှစ်ဖက်ကို ရှေ့မှာထားပါ။ ပြီးရင် ဒုတိယပုံထဲကလို အရှေ့ကို ကုန်းလိုက်ပါ။ အဲ့အတိုင်း ကုန်းပြီး ၁ မိနစ်ပြည့်အောင် နေပေးရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း ၇
ပထမပုံထဲကလို ညာခြေထောက်ကို ကွေးထားပြီး ဘယ်ခြေထောက်ကို ဘေးဆန့်ကာ လက်နှစ်ဖက်ကိုလည်း ဆန့်ပြီး ခြေချောင်းထိပ်လေးတွေကို ထိပေးပါ။ အဲ့အတိုင်း စက္ကန့် ၃၀ ပြည့်အောင်နေပြီးမှ ဒုတိယပုံထဲကလို ဘယ်ခြေထောက်ကို ကွေးထားပြီး ညာခြေထောက်ကို ဘေးဆန့်ကာ လက်နှစ်ဖက်ကိုလည်း ဆန့်ပြီး ခြေချောင်းထိပ်လေးတွေကို ထိပေးပါ။ အဲ့အတိုင်း စက္ကန့် ၃၀ ထပ်နေလိုက်ရင် ရပါပြီ။