မိန်းကလေးတိုင်းအတွက် တင်ထွက်ပြီး လှလှလေးဖြစ်လာစေဖို့၊ ပေါင်မှာရှိတဲ့ မလိုအပ်တဲ့ အဆီပိုတွေလျော့ကျပြီး ပေါင်တံကျစ်လစ်စေဖို့၊ ခြေတံသွယ်သွယ်လှလှလေး ပိုင်ဆိုင်စေဖို့အတွက် ပုံမှန်လုပ်ပေးရမယ့် လေ့ကျင့်ခန်း ၇ ခုကို မျှဝေပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း ၁

ယောဂဖျာပေါ် A ပုံမှာပြထားတဲ့အနေအထားနဲ့ အသင့်နေပါ။ ပြီးရင်တော့ B ပုံထဲကလို ခြေထောက်တစ်ဖက်ကို အပေါ်မြှောက်လိုက်၊ ပြန်ချလိုက်နဲ့ အကြိမ် ၃၀ လုပ်ပေးရမှာပါ။ အကြိမ်ရေပြည့်ရင် တစ်ဖက်ပြောင်းလှည့်ပြီး အကြိမ် ၃၀ ထပ်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၂

ယောဂဖျာပေါ် A ပုံမှာပြထားတဲ့အနေအထားနဲ့ အသင့်နေပါ။ ပြီးရင်တော့ B ပုံထဲကလို အောက်က ဆန့်ထားတဲ့ခြေထောက်ကို မြှောက်လိုက်၊ ပြန်ချလိုက်နဲ့ အကြိမ် ၃၀ လုပ်ပေးရမှာပါ။ အကြိမ်ရေပြည့်ရင် ခုနကလိုပဲ တစ်ဖက်ပြောင်းလှည့်ပြီး အကြိမ် ၃၀ ထပ်လုပ်ပေးရုံပါပဲ။

လေ့ကျင့်ခန်း ၃

အရင်ဆုံး A ပုံမှာပြထားတဲ့အတိုင်း ဘယ်ဒူးကိုကွေးပြီး ညာခြေထောက်ကို အနောက်ဆန့်ပါ။ လက်နှစ်ဖက်ကိုလည်း အနောက်ဆန့်ထားပါ။ ပြီးတာနဲ့ B ပုံထဲကလို လက်ကိုအပေါ်ဆန့်ပြီး ခုန်ပါမယ်။ ပြီးရင် C ပုံထဲကလို ညာဒူးကိုကွေးပြီး ဘယ်ခြေထောက်ကို အနောက်ဆန့်ပါ။ အဲ့အတိုင်း ပုံစံ ၃ မျိုးကို ဆက်တိုက် လုပ်ပေးပါ။ လုပ်ရမယ့် အကြိမ်အရေအတွက်ကတော့ ၃၀ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၄

ယောဂဖျာပေါ် A ပုံမှာပြထားတဲ့အနေအထားနဲ့ အသင့်နေပါ။ ပြီးရင်တော့ ဆန့်ထားတဲ့ခြေထောက်ကို အပေါ်မြှောက်လိုက်၊ အောက်ပြန်ချလိုက်နဲ့ အကြိမ် ၃၀ လုပ်ပေးရပါမယ်။ အကြိမ်ရေပြည့်ရင် ဘယ်ညာပြောင်းပြီး နောက်ထပ် အကြိမ် ၃၀ ထပ်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၅

ဒီလေ့ကျင့်ခန်းကတော့ ခုန်ရမှာပါ။ A ပုံထဲကလိုနေပြီး B ပုံမှာပြထားလို ခုန်ပေးပါ။ ခုန်တဲ့အခါမှာ ၁၀ ကြိမ် ဆက်တိုက်လုပ်ပြီး ခဏရပ်၊ ပြီးရင် ၁၀ ကြိမ်ဆက်တိုက်လုပ် ခဏရပ်ပါ။ စုစုပေါင်း အကြိမ် ၃၀ လုပ်ပေးရမှာပါ။

လေ့ကျင့်ခန်း ၆

နောက်ဆုံးလေ့ကျင့်ခန်းနှစ်ခုကတော့ အလေးတုံးကိုသုံးပြီး လုပ်ရမှာဖြစ်ပါတယ်။ အလေးတုံးကို လက်တစ်ဖက်ကကိုင်ပြီး A ပုံထဲကလို အသင့်အနေအထားနဲ့နေပါ။ ပြီးရင် B ပုံထဲကလို ပြောင်းလုပ်ပေးပါ။ အဲ့အတိုင်း ဆက်တိုက် အကြိမ် ၃၀ လုပ်ပြီးရင် ဘယ်ညာပြောင်းပြီး အကြိမ် ၃၀ ထပ်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၇

အလေးတုံးကို လက်နှစ်ဖက်မှာကိုင်ပြီး A ပုံထဲကလိုအနေအထားနဲ့ အသင့်နေပါ။ ပြီးရင် B ပုံထဲကလို ဘယ်ခြေထောက်ကွေး၊ ညာခြေထောက် အနောက်ဆန့်ပါ။ ပြီးရင် A ပုံစံပြန်နေပါ။ ပြီးရင် C ပုံထဲကလို ညာခြေထောက်ကွေး၊ ဘယ်ခြေထောက် အနောက်ဆန့်ပါ။ ပြီးရင် A ပုံစံပြန်နေပါ။ အဲ့အတိုင်း ဆက်တိုက် အကြိမ် ၃၀ လုပ်ပေးရင် ရပါပြီ။

source:www.brightside.me