အင်တာနက်ဆိုတာက သင့်အတွက် အခွင့်အလမ်းမျိုးစုံပေးတဲ့ နေရာတစ်ခု ဖြစ်ပေမယ့် သင်ရှောင်ရှားသင့်တဲ့ အမှားတွေ ရှိပါတယ်။ သင်က အင်တာနက်ကို သုံးနိုင်သူဆိုရင် ဒါကို စမတ်ကျကျ အသုံးချသင့်ပြီး အကျိုးမရှိတဲ့ အရာတွေနဲ့ အချိန်ဆွဲပြီး အင်တာနက်ကို သုံးမနေသင့်ပါဘူး။ ဒါ့အပြင် အင်တာနက်ပေါ်မှာ လူတိုင်းလိုလို နေ့တိုင်း လုပ်မိနေတတ်တဲ့ ဒီအမှားတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။

၁။ အင်တာနက် အသုံးများတာ

လေ့လာမှု အများအပြားမှာ လိုတာထက် အွန်လိုင်းပေါ် ရှိနေသူတစ်ဦးက စိတ်ဓာတ်ကျမှုဆီ ဦးတည်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ သင့်သူငယ်ချင်းတွေနဲ့ အွန်လိုင်းပေါ်မှာ ပြောရတာ ပိုလွယ်ပေမယ့် အပြင်မှာလည်း စကားလက်ဆုံ ကျသင့်ပါတယ်။

၂။ ကွန်ပြူတာပေါ်မှာ Note မှတ်တာ

အခုနောက်ပိုင်း ကွန်ပြူတာပေါ်မှာ စာတွေမှတ်တာ၊ အကြောင်းအရာတွေ မှတ်သားတာကို လူအများစု အလွယ်တကူ လုပ်လာကြပါတယ်။ ဒါပေမဲ့ ဒါက ကောင်းကျိုးထက် ဆိုးကျိုးပိုများစေနိုင်ပါတယ်တဲ့။ Laptop ထဲ မှတ်တတ်သူတွေဟာ တကယ့်အကြောင်းအရာကို အာရုံမစိုက်မိဘဲ အာရုံများသွားတတ်ကြတယ်လို့ သိရပါတယ်။

၃။ တခြားလူတွေအကြောင်းကို လိုက်ကြည့်တာ

တခြားလူတွေအကြောင်းကို လိုက်ချောင်းနေတာက အပြုအမူကောင်းတော့ မဟုတ်ပါဘူး။ Social Media က တခြားသူအကြောင်းကို အလွယ်တကူ ရှာနိုင်ဖို့ အခွင့်အရေးပေးထားတာ မှန်ပေမယ့် ဒီလို လိုက်ချောင်းတာကနေ ဘာမှ ကောင်းတာ မရနိုင်ပါဘူး။ အထူးသဖြင့် သင့်ရည်းစားဟောင်းအကြောင်း၊ သင့် Crush အကြောင်း၊ သင်ပြိုင်နေတဲ့သူတွေအကြောင်း ပိုမရှာသင့်ပါဘူး။

၄။ Private အကြောင်းအရာတွေကို Public ထုတ်ပြတာ

သင့်အကြောင်းအရာကို သူစိမ်းတွေက အလွယ်တကူ လိုက်ရှာလို့ ရတဲ့ ခေတ်ကြီးမှာ သင့် ကိုယ်ရေးကိုယ်တာတွေကို လူအများ သိအောင် ချမပြသင့်ပါဘူး။

၅။ အကုန်လုံးအတွက် Password ကို အတူတူ သုံးခြင်း

သင့် Bank Account Password ကော သင့် Facebook Password ကော တူနေတာမျိုး မဖြစ်သင့်ပါဘူး။ Password ကောင်းကောင်းတစ်ခုမှာ အက္ခရာ (၈) လုံးပါသင့်ပြီး မကြာခဏ Password ချိန်းသင့်ပါတယ်။

၆။ မသင့်တော်တဲ့ အရာတွေကို Social Media ပေါ်တင်တာ

သင့်ဘဝ သင့် Account စိတ်ကြိုက်လုပ်မယ်ဆိုပြီး ပရော်ဖက်ရှင်နယ် မဆန်တဲ့ အကြောင်းအရာတွေကို တင်တာမျိုး မလုပ်သင့်ပါဘူး။ ဒီလို အပြုအမူတွေက အလုပ်အကိုင်ကောင်းရဖို့ ဝေးသွားစေနိုင်ပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ် မတင်ခင် နှစ်ခေါက်လောက် စဉ်းစားသင့်ပါတယ်။

၇။ ပို့တဲ့စာတွေကို ဖတ်လွန်းတာ

လာသမျှ Email တွေကို လိုက်စစ်တာ၊ ကိုယ့်ဆီ ပို့တဲ့ Message တွေတိုင်းကို လိုက်စစ်တာ၊ ကိုယ့် Comment သူများ Comment တွေကို လိုက်ကြည့်နေတာက သင့်အချိန်ကောင်းတွေကို ကုန်ဆုံးစေနိုင်ပါတယ်။ ဒါကြောင့် အချိန်အကန့်အသတ်နဲ့ လုပ်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar