သင့်အနေနဲ့ တစ်ပတ်ကို ဘယ်နှစ်ကြိမ်ခန့် ခေါင်းလျှော်ဖြစ်ပါသလဲ။ တချို့ကလည်း တစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ်ခန့် လျှော်လေ့ရှိပြီး တချို့လည်း နေ့တိုင်းနီးပါး ခေါင်းလျှော်တတ်ကြပါတယ်။ နေ့တိုင်းခေါင်းလျှော်ခြင်းက သင့်ကို ပိုမိုသန့်ရှင်းစေပြီး ကျန်းမာရေးနဲ့ ပိုညီညွှတ်သယောင် ရှိပါတယ်။ ဒါပေမဲ့ တကယ်တော့ ဒါက ဆန့်ကျင်ဖက်ပါပဲ။

နေ့တိုင်း ခေါင်းလျှော်မယ် (သို့) လိုတာထက်ပိုပြီး ခေါင်းလျှော်မယ်ဆိုရင်တော့ အခုဖော်ပြမယ့် နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။

အလွန်အမင်း ဆံပင်ကျွတ်ခြင်း

ဆံပင် ခဏခဏ လျှော်တဲ့အခါ ခေါင်းလျှော်ရည်ကို အသုံးပြုရပါတယ်။ ထိုခေါင်းလျှော်ရည်ထဲမှာ ပါဝင်တဲ့ ဓာတုပစ္စည်းများက ဦးရေပြားက ထုတ်လုပ်ပေးတဲ့ သဘာဝအဆီကို လျော့နည်းစေပြီး ဆံကေသာကို အားနည်းစေပါတယ်။ ရလာဒ်အနေနဲ့ မကြာခဏ ဆံပင်ကျွတ်လာပါလိမ့်မယ်။

ဆံပင် အဖျားနှစ်ခွဖြစ်ခြင်း

ဆံပင်များကို အဖျားတိပေးခြင်းက ဆံပင်အဖျားနှစ်ခွဖြစ်ခြင်းကို ကာကွယ်ပေးပေမယ့် မကြာခဏ ခေါင်းလျှော်တတ်သူများအနေနဲ့ အဖျားနှစ်ခွ၊ သုံးခွဖြစ်ကာ ဆံပင်ခြောက်သွေ့ ကြမ်းတမ်းစေပါတယ်။

ဆံပင် ကပ်စေး ကပ်စေးဖြစ်ခြင်း

ဆံပင် ခဏခဏလျှော်ခြင်းကြောင့် ဦးရပြားခြောက်သွေ့တတ်ပါတယ်။ ထိုကဲ့သို့ ဦးရေပြား မခြောက်သွေ့စေဖို့နဲ့ ရေဓာတ် ဖြည့်ပေးဖို့အတွက် ဦးရေပြားက အဆီကို လိုတာထက်ပိုပြီး ထုတ်လုပ်ပေးရပါလိမ့်မယ်။ ကြာရင် ဦးရေပြားပျက်စီးသွားပြီး ဆံပင် ကပ်စေးစေး ဖြစ်လာပါလိမ့်မယ်။

ဆံကေသာ တောက်ပြောင်မှု မရှိတော့ခြင်း

ဆံပင်က အစိုဓာတ် ကင်းမဲ့နေပြီး ခြောက်ကပ်ကပ် ဖြစ်နေတဲ့အခါ ဆံသားရဲ့တောက်ပြောင်မှုကလည်း လျော့ကျသွားပါတယ်။

ဆံပင်အရောင်မလှတော့ခြင်း

ဆံပင် ဆေးဆိုးတတ်သူများအနေနဲ့ ဆံပင်အရောင်က စစဆိုးချင်းကလို မလှမပဖြစ်နေခြင်းကလည်း မကြာခဏ ခေါင်းလျှော်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုပါပဲ။

ဆံလုံး ဖွာခြင်း

တစ်ပတ်ကို ၂ ကြိမ်၊ ၃ ကြိမ်ထက် ပိုပြီး ခေါင်းလျှော်ခြင်းကြောင့် ဆံပင်ဖွာပြီး ကြမ်းတမ်းတတ်ပါတယ်။ ဒါက ဘာ့ကြောင့်လဲဆိုတော့ ခေါင်းလျှော်ပြီးပြီးခြင်း လေမှုစက်ဖြင့် မှုတ်ခြင်းကြောင့်လည်း ဖြစ်နိုင်သလို ခေါင်းလျှော်ရည်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဆံပင် ငြိခြင်း

ခေါင်းဖြီးလိုက်တိုင်းမှာ ဆံပင်က ရှုပ်ထွေးသွားပြီး ငြိသွားတယ်။ ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေ ပြတ်ထွက်သွားခြင်းကလည်း ခေါင်းခဏခဏ လျှော်လို့ပဲဖြစ်ပါတယ်။

သင့်အနေနဲ့ အထက်ဖော်ပြပါ လက္ခဏာများကို ကြုံတွေ့နေရပါက မကြာခဏ ခေါင်းလျှော်တတ်တဲ့အလေ့အကျင့်ကို ဖျောက်ဖျက်သင့်ပါပြီ။

Source: Brightside.me