ပုံမှန်စိတ်ဖိစီးတာမျိုးမဟုတ်ပဲ စိတ်ဖိစီးမှုက အလွန်အကျွံဖြစ်ပြီး Overstressed ဖြစ်နေတယ်ဆိုတာ ဒီအချက် ၇ ချက်နဲ့တင် သိသာစေပါတယ်။ တကယ်လို့ သင်ကိုယ်တိုင်လည်း ဒီအချက် ၇ ချက်ထဲက တော်တော်များများနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ Overstressed ဖြစ်နေတာ သေချာပါပြီ။

အိပ်ချိန်တွေပျောက်ဆုံးလာခြင်း

Overstressed ဖြစ်လာတဲ့အခါမှာ အိပ်မပျော်တဲ့အခြေအနေတွေကလည်း ဖြစ်လာပါတယ်။ အိပ်ချိန်တွေပျောက်ဆုံးတာ၊ နေ့နဲ့ညမှားတာ၊ ညဘက်တွေ လုံးဝကို အိပ်မရတာမျိုး၊ ခဏခဏလန့်နိုးတာမျိုးတွေ ဖြစ်လာစေပါတယ်။

Depression ဝင်လာခြင်း

စိတ်ဖိစီးမှုတွေလွန်ကဲလာရင် ဝမ်းနည်းခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေ ဖြစ်လာစေပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် Depression ဝင်လာပြီး ခဏခဏ စိတ်ဓာတ်ကျတာတွေ ဖြစ်လာပါတယ်။

ခဏခဏစိတ်တိုခြင်း

Overstressed ဖြစ်လာတဲ့အခါ ဘယ်အရာကိုမှ စိတ်တိုင်းမကျပဲ တစ်ခုခုဆိုရင် စိတ်တိုလွယ်လာမယ်၊ ခဏခဏစိတ်တိုပြီး ဒေါသထွက်လာတွေ၊ ကိုယ့်ကိုယ်ကို အလိုမကျဖြစ်ပြီး ဒေါသထွက်တာတွေ ဖြစ်လာပါလိမ့်မယ်။

ခဏခဏခေါင်းကိုက်ခြင်း

ညဘက်အိပ်မပျော်တာတွေ၊ အရက်နာကျတာတွေ ဖြစ်လာရင် သေချာပေါက် ခေါင်းကိုက်လာမှာပါပဲ။ ဒါပေမယ့် Overstressed ဖြစ်ပြီး စိတ်အလိုမကျတာတွေ၊ စိတ်ညစ်စရာတွေ များလာတဲ့အခါမှာတော့ ခဏခဏခေါင်းကိုက်တာတွေ ဖြစ်လာစေပါတယ်။

အစာမကြေဖြစ်ခြင်း

Overstressed ကြောင့် အရမ်းစိတ်ဖိစီးလာတဲ့အခါ အစာမကြေဖြစ်တာ၊ အစာမကြေပြီး ဝမ်းချုပ်တာတွေက ဖြစ်လေ့ရှိပါတယ်။

ဝက်ခြံတွေထွက်လာခြင်း

Stress ကြောင့် ဝက်ခြံထွက်တာမျိုးက ဖြစ်လေ့ရှိတဲ့အရာပါပဲ။ Overstressed ဖြစ်တဲ့အခါမှာတော့ ဝက်ခြံတွေက အများကြီး ပြုံထွက်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ခဏခဏနေမကောင်းဖြစ်ခြင်း

စိတ်ဖိစီးမှုလွန်ကဲတဲ့အခါ ခန္ဓာကိုယ်ကလည်း နေလို့မကောင်းဖြစ်ပြီး ခဏခဏနေမကောင်းဖြစ်တာတွေ၊ ဖျားနာတာတွေ ဖြစ်တတ်ပါတယ်။ တခြားရောဂါကြောင့်မဟုတ်ပဲ စိတ်ဖိစီးမှုကြောင့်ကို ဖြစ်နေတာမျိုးပါ။