ကိုယ်က Tomboy တစ်ယောက် ဟုတ်မဟုတ် ငယ်စဉ်တည်းက သိနိုင်ပါတယ်။ ဒါပေမဲ့ မိန်းကလေးတို့ သဘာဝ ပုံမှန်ဖြစ်စဉ် အတိုင်း သွားမယ်လို့ ယုံကြည်ထားမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ခွဲခြားသိနိုင်ဖို့ အချိန်ယူရနိုင်ပါတယ်။ သင်က Tomboy တစ်ယောက် ဟုတ်မဟုတ် အောက်ဖော်ပြပါ အချက်တွေနဲ့ ခွဲခြားသိနိုင်ပါတယ်။

၁။ သင်က အားကစားနဲ့ Video Game တွေကို ကြိုက်တယ်

သင်က အားကစားသမားတွေကို မဟုတ်ဘဲ အားကစားကို စိတ်ဝင်စား သဘောကျနေတတ်ပါတယ်။ အထူးသဖြင့် ဘောလုံးကစားတာ၊ ဘေ့စ်ဘောကစားတာ စတာတွေကို နှစ်သက်တတ်ပါတယ်​။

၂။ သင့်မှာယောကျာ်းလေး သူငယ်ချင်းများတယ်

သင်က အလှအပထက် အားကစားနည်းတွေ၊ ဂိမ်းတွေကို ကြိုက်တာကြောင့် ယောကျာ်လေး သူငယ်ချင်း များတတ်ပါတယ်​။ သင်က အတင်းပြောရတာ၊ လက်သည်းနီဆိုးရတာတွေ ဝါသနာမပါတာကြောင့် မိန်းကလေးတွေနဲ့ သိပ်မပေါင်းဖြစ်ပါဘူး။

၃။ သင်က စွန့်စားရတာကို ကြိုက်တယ်

သင်က ဖားတွေ့ရင် ကြောက်ပြီးထွက်ပြေးတာထက် သွားကိုင်ချင်ပါတယ်။ သင့်ကြောင်လေး အပင်ပေါ်က ဆင်းမရရင် ကိုယ်တိုင် တက်ကယ်မယ့် အမျိုးအစားပါ။ သင့်မှာ ကြောက်ပြီး ရှောင်ပြေးတတ်တဲ့ စိတ် သိပ်မရှိပါဘူး။

၄။ မိတ်ကပ်မလိမ်းဘူး

မိတ်ကပ်လိမ်းရတာကို သင်သဘောမကျဘဲ အိမ်ပြင်ထွက်ရင်လည်း ဘာမှမလိမ်းဘဲ ထွက်တတ်ပါတယ်။ သင်က ထီပေါက်ရင်တောင် အလှပြင်ရဖို့ကို ခေါင်းထဲ ထည့်မှာ မဟုတ်ပါဘူး။

၅။ သင်က လွတ်လွတ်လပ်လပ် ရယ်တယ်

သင့်အနားက လူတွေသဘောကျဖို့ ရယ်သံကို တခစ်ခစ် ရယ်တာမျိုး မလုပ်ပါဘူး။ ရယ်စရာရှိရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ တဟားဟား ရယ်တတ်ပါတယ်။

၆။ Shopping ထွက်ရတာက အိမ်အလုပ်လိုပဲ

သင့်အတွက်တော့ Shopping ထွက်ရတာက ကျိန်စာလိုပါပဲ။ အင်္ကျီဝယ်ထားရင်တောင် ဒီအင်္ကျီကို သိပ်မဝတ်ဘဲ ဗီဒိုထဲမှာပဲ ထားတတ်ပါတယ်။ ဈေးဝယ်ထွက်ရတာကို သင်က လုံးဝ မနှစ်သက်ပါဘူး။

၇။ သင်က Social Media သုံးရတာကို မကြိုက်ဘူး

Social Media ပေါ်မှာ ပုံလှလှလေးတွေ တင်တာက သင့်ဝါသနာမဟုတ်ပါဘူး။ သင်က ဖုန်းကို အချင်းချင်း ဆက်သွယ်ဖို့လောက်ပဲ သုံးတတ်ပြီး Social Media ပေါ်မှာ ဘာမှ သိပ်တင်လေ့ မရှိပါဘူး။

Photo source: Pinterest

By MyStyle Myanmar