ဆံသားပျက်စီးနေတယ်ဆိုရင် ဒီတိုင်းမထားပဲ Hair Care သေချာပြန်လုပ်သင့်ပါတယ်။ မလုပ်ပဲထားရင် ပိုဆိုးပြီး ဆံပင်တွေလည်း ပိုပိုကျွတ်လာမှာပါ။ ဆံသားပျက်စီးနေတယ်ဆိုတာကိုလည်း ဒီအချက် ၇ ချက်နဲ့တင် သိနိုင်ပါတယ်။

ဆံသားတောက်ပြောင်မှုမရှိတော့ခြင်း

ဆံသားပျက်စီးလာတဲ့အခါ အဆီဓာတ်တွေဆုံးရှုံးလာပြီး ဆံသားကမွဲခြောက်ခြောက် ဖြစ်လာပါမယ်။ ဒီတော့ ဆံသားတောက်ပြောင်မှုလည်း မရှိတော့ပါဘူး။

ဆံသားကျိုးပြတ်ခြင်း

ဆံပင်ကျွတ်တာမျိုးလည်းမဟုတ်ပဲ ဆံသားက ဖြီးလိုက်တိုင်းမှာ ပြတ်ထွက်ကုန်တာ၊ ဆံသားကျိုးကြေသလိုတွေ ဖြစ်နေတာဆိုရင် သင့်ဆံသားက အရမ်းကိုပျက်စီးနေပြီပဲ ဖြစ်ပါတယ်။

အဖျားရှူးလာခြင်း

ဆံသားပျက်စီးလာတဲ့အခါမှာ ဆံပင်တွေလည်းကျွတ်လာပြီး ဆံပင်အဖျားရှူးတာတွေ ဖြစ်လာမှာပါ။ အရင်နဲ့မတူပဲ အဖျားက သိသိသာသာရှူးလာတယ်ဆိုရင် အဖျားတွေများများညှပ်ထုတ်ပြီး Hair Care လုပ်သင့်ပါတယ်။

ဆံသားရှုပ်ထွေးလွန်းခြင်း

ဆံသားပျက်စီးတဲ့အခါမှာ ရှိသင့်တဲ့အဆီဓာတ်တွေလည်း မရှိတော့ပဲ ဆံပင်ကဖွာပြီး ခြောက်သွေ့နေတဲ့အတွက် ဆံသားအရမ်းရှုပ်ထွေးပြီး ငြိလွယ်လာပါမယ်။

ဆံပင်မသန်တော့ခြင်း

ဆံသားပျက်စီးနေတဲ့အတွက် ဆံပင်ကမသန်တော့ပဲ အရှည်နှေးလာပါမယ်။ ဆံပင်က အရင်လိုမဟုတ်တော့ဘူး တော်တော်အရှည်နှေးလာတယ်ဆိုရင် ကိုယ့်ဆံသားအခြေအနေကို ပြန်ကြည့်သင့်ပါတယ်။

ဆံပင်ရေစိုနေချိန်မှာကြမ်းတမ်းပြီးတောင့်နေခြင်း

ဆံပင်က ရေစိုနေတဲ့အချိန်မှာ အရမ်းကြမ်းတမ်းတာမျိုး၊ တောင့်နေတာမျိုး ဖြစ်တယ်ဆိုရင် ဆံသားပျက်စီးနေတာပဲ ဖြစ်ပါတယ်။ ဆံသားအရမ်းပျက်စီးရင်လည်း ဒီလိုဖြစ်တတ်ပါတယ်။

ဆံပင်ကကြွပ်ဆတ်သလိုဖြစ်နေခြင်း

ဆံပင်ကအပေါ်မှာပြောခဲ့သလိုပဲ အဆီဓာတ်မရှိပဲ ဖွာပြီးခြောက်သွေ့နေတဲ့အတွက် ကြွပ်ဆတ်သလို ဖြစ်လာပါလိမ့်မယ်။ ဖြီးလိုက်တိုင်းလည်း ဆံသားက ကြွပ်ဆတ်နေတဲ့ ခံစားမှုမျိုးကို ရစေပါတယ်။ ဒါဆိုရင် ဆံသားပျက်စီးနေပြီဖြစ်လို့ ဒီတိုင်းမထားပဲ Hair Care ပြန်လုပ်သင့်ပါပြီ။