အရှက်အကြောက်ကြီးတဲ့ မိန်းကလေးတွေက မာနကြီးတာမဟုတ်ပါဘူး။ တခြားသူနဲ့ စကားသိပ်မပြောတာကလည်း သူတို့အတွေးနဲ့ သူတို့ ရှုပ်နေတတ်လို့ပါ။ တစ်ခုခု လုပ်တော့မယ်ဆိုရင်လည်း အဆင်ပြေပါ့မလား အတွေးများလွန်းပြီး တစ်ယောက်တည်း သိုသိုသိပ်သိပ် နေတတ်သူတွေ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အရှက်အကြောက်ကြီးတဲ့ ပျိုမေတို့မှာ တွေ့ရတတ်တဲ့ အမူအကျင့်တွေကို ဖော်ပြလိုက်ပါတယ်။ သင်က သာမန်ထက် ရှက်တတ်တဲ့ မိန်းကလေးတစ်ယောက်ဆိုရင် အောက်ဖော်ပြပါ အမူအကျင့်တွေကို ရင်းနှီးနေမှာပါ။ ဒီတော့ ကြည့်လိုက်ရအောင်-

၁။ အမှီအခိုကင်းပြီး ရည်မှန်းချက်ကြီးကြတယ်

ရှက်တတ်တာ တစ်မျိုးပဲ သူတို့ထူးခြားချက်လို့ ပြောရမှာပါ။ ဒါပေမဲ့ ရှက်တတ်သူ ပျိုမေအများစုဟာ တခြားသူအပေါ် အမှီအခို ကင်းကင်း နေကြပါတယ်။ ဒါ့အပြင် တစ်ချိန်ချိန် ဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်တွေကိုလည်း ထားတတ်သူတွေပါ။

၂။ ကြင်နာတတ်ပြီး ယဉ်ကျေးကြတယ်

အရှက်ကြီးသူ မိန်းကလေးအများစုဟာ တပါးသူအပေါ် ကြင်ကြင်နာနာ ဆက်ဆံတတ်ကြပါတယ်။ ဒါ့အပြင် ကိုယ့်ထက် ကြီးသူ၊ ငယ်သူ အားလုံးအပေါ် ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေထိုင်တတ်ကြပါတယ်။

၃။ ကြိုးစားတယ်

တစ်ယောက်တည်း သိုသိုသိပ်သိပ် နေတတ်ပြီး ကိုယ်လုပ်စရာ ရှိတာလုပ်ရင်း ကြိုးစားမှုရှိသူတွေ ဖြစ်ပါတယ်။ သူတို့ဘဝမှာ ဘယ်အရာက အရေးပါလဲ သိထားပြီး ဘဝအတွက် ကြိုးစားသူတွေ ဖြစ်ပါတယ်။

၄။ ပြဿနာ ကြုံလာခဲ့ရင်

ပြဿနာတစ်ခုခု ကြုံလာခဲ့ရင် ရန်တွေ့မယ့်အစား တိတ်တိတ်လေး နေပြီး စိတ်ထဲက ဒေါသထွက်တတ်ကြပါတယ်။ ကိုယ်ဒေါသထွက်တာကို အပြင်သိပ်မထုတ်ပြတတ်ပါဘူး။ တပါးသူအပေါ်လည်း စကားကြမ်းကြမ်းတွေ မပြောတတ်သူတွေ ဖြစ်ပါတယ်။

၅။ ခံစားချက်ကို ထုတ်မပြတတ်ဘူး

ရှက်တတ်တဲ့ မိန်းကလေးတွေက သူတို့ ခံစားနေရတဲ့ ခံစားချက်တွေကို တခြားသူကြားအောင် မထုတ်ဖော်ဘဲ တိတ်တိတ်လေး နေတတ်ကြပါတယ်။ ခံစားစရာရှိရင်လည်း ချောင်ထဲမှာ တိတ်တိတ်လေး ခံစားနေသူတွေ ဖြစ်ပါတယ်။

၆။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူး

ဒါက ရှက်တတ်တဲ့ မိန်းကလေးတွေရဲ့ အားနည်းချက်လို့ ဆိုရမှာပါ။ သူတို့ကိုယ် သူတို့ ကိစ္စတစ်ခုခုမှာ လုပ်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက် နည်းတတ်ကြပါတယ်။ အလွယ်လက်လျှော့တတ်ပြီး လူတွေကြားထဲရောက်ရင် ရှက်တတ်တဲ့ စိတ်ကြောင့် တစ်ပန်းရှုံးသွားတတ်ပါတယ်။

၇။ ကိုယ့်ကိုယ်ကိုယ် ကျေနပ် အားရမှု မရှိဘူး

ငါဒီလို မဖြစ်သင့်ဘူး၊ ငါလိုအပ်သေးတယ် စသဖြင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှု မရှိဘဲ နေထိုင်တတ်ကြပါတယ်။ ဒီလို ကျေနပ်မှု မရှိတဲ့စိတ်က ခေါင်းထဲမှာပဲ မုန်တိုင်း ဖြစ်နေပြီး အပြင်မှာတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။

Photo Source: Pinterest

By MyStyle Myanmar