ဖိနပ်ဆိုင်တွေက ဖိနပ်လှလှလေးတွေ မြင်ရင် သင်အရမ်းသဘောကျမိပြီး လိုချင်မိဖူးမှာပါ။ ဒါပေမဲ့ တကယ်လည်း ဝတ်ကြည့်လိုက်တဲ့ အချိန်မှာတော့ သင်နဲ့ မလိုက်ဘဲ အဆင်မပြေတာကို သင်ကြုံဖူးမှာပါ။ ဘာလို့ဒီလို ကြည့်လိုက်ပြီး လှနေတာကို ကိုယ်ဝတ်ကြည့်လိုက်တော့ မလှတာလဲဆိုတော့ ဖိနပ်စတိုင်က သင့် Personality နဲ့ မကိုက်ညီလို့ပါ။ ဒီထဲ ဖော်ပြထားတဲ့ ဖိနပ်တွေကတော့ မိန်းကလေးအများစုနဲ့ လိုက်ဖက်ကာ ဝတ်ဆင်သူကို အရပ်ရှည်အောင်ရော စတိုင်ကျအောင်ပါ လုပ်ပေးမယ့် စတိုင်တွေ ဖြစ်ပါတယ်။

၁။ Nude Shoes

အသားရောင် ဖိနပ် အမြင့်ပဲဖြစ်ဖြစ် အပါးပဲဖြစ်ဖြစ် သင့်အရပ်ကို ပိုရှည်အောင် ကူညီပေးနိုင်ပါတယ်။ Nude ရောင်က သင့်အသားအရေနဲ့ သဟဇာတ ဖြစ်ကာ အရပ်မြင့်သွားစေပါတယ်။ ဒီဖိနပ်စတိုင်က သင့်ကို ကျက်သရေရှိကာ လှစေတာမို့ တစ်ရံလောက် ပိုင်ဆိုင်ထားသင့်ပါတယ်။

၂။ ဒေါက်ချွန်ဖိနပ်

အချွန်ပါတဲ့ ဖိနပ်တွေက သင့်ကို အရပ်ပိုရှည်စေမယ့်အပြင် ပိုပိန်တယ်ပါ ထင်ရစေပါတယ်။ ဒါ့အပြင် ဒီဖိနပ်စတိုင်တွေက သင့်ကို ပိုမိုက်တယ် ထင်ရစေပါတယ်။

၃။ ကြိုးသိုင်းဖိနပ်

ကြိုးသိုင်းဖိနပ်တွေက အင်္ကျီစတိုင်မျိုးစုံနဲ့ လိုက်ဖက်တဲ့အပြင် သင့်ကို အရပ်ပိုရှည်စေကာ မော်ဒယ်ပုံစံ ပေါ်စေပါလိမ့်မယ်။

၄။ Pumps

Pumps ဒေါက်မြင့်တွေက သင့်ခြေတံကို ပိုရှည်စေတဲ့အပြင် ဆွဲဆောင်မှု ပိုရှိစေနိုင်ပါတယ်။

၅။ Wedges ဖိနပ်

ခုံအမြင့် Wedges ဖိနပ်စတိုင်က 70 ခုနှစ်တည်းက ရေပန်းစားခဲ့တာ ဖြစ်ပြီး ဒီအချိန်ထိလည်း ပျိုမေတိုင်း နှစ်သက်တဲ့ စတိုင်ပါ။ သင်က ဒေါက်အချွန်တွေ မကြိုက်ရင် Wedges ဖိနပ်စတိုင်ကို ရွေးနိုင်ပါတယ်။

၆။ ကြိုးသိုင်း အရှည် ဖိနပ်

သင့်ခြေထောက်ကို ကြိုးနဲ့ ရစ်ပတ်ရတဲ့ ဖိနပ်စတိုင်က အတို ဝတ်တဲ့အချိန် လိုက်ဖက်မယ့်အပြင် သင့်ကို အရပ်ပိုရှည်စေပါတယ်။

၇။ ဘွတ်ဖိနပ်

အသားရောင်၊ အနက်ရောင် ဘွတ်ဖိနပ်တွေက သင့်ကို အထာကျစေကာ စတိုင်ကျသွားစေနိုင်မှာ မလွဲမသွေပါပဲ။

Photo Source: Pinterest

By MyStyle Myanmar