အမျိုးသမီးအများစုက အိမ်တွင်းမျက်နှာပေါင်းတင်နည်းတွေ၊ မျက်နှာကြေးချွတ်နည်းတွေကို ကြိုက်နှစ်သက်ကြပါတယ်။ နည်းပညာတိုးတက်လာတာနဲ့အမျှ အင်တာနက်လေးခေါက်လိုက်တာနဲ့ မျက်နှာပေါင်းတင်နည်းအမျိုးမျိုးကို လေ့လာနိုင်ပါသေးတယ်။ ပေါင်းတင်နည်းအမျိုးမျိုးရှိတဲ့အထဲကမှ ဘယ်သဘာဝပစ္စည်းတွေကတော့ အသားအရေအတွက် ဘယ်လိုဘေးထွက်ဆိုးကျိုးရှိနိုင်သလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

မုန့်ဖုတ်ဆိုဒါ

မျက်နှာပေါင်းတင်နည်းပြုလုပ်တဲ့အခါ တစ်ပတ်မှာ ဘယ်နှကြိမ်ပြုလုပ်သင့်သလဲဆိုတာ တစ်ခါတည်းဖော်ပြထားပါတယ်။ အဲ့ဒီလိုဖော်ပြထားတာကို ကိုယ်ကလှချင်ဇောကပ်ပြီး လိုထက်ထက်အလွန်အကျွံအသုံးပြုမိမယ်ဆိုရင် အသားအရေထိခိုက်ပျက်စီးစေပါတယ်။ မုန့်ဖုတ်ဆိုဒါကို အလွန်အကျွံအသုံးပြုမယ်ဆိုရင် အရေပြားက ရေဓာတ်ဆုံးရှုံးပြီး အသားအရေခြောက်သွေ့စေပါတယ်။

သွားတိုက်ဆေး

ဝက်ခြံနဲ့ အနီစက်တွေပေါ်မှာ သွားတိုက်ဆေးမလိမ်းပါနဲ့။ အသားအရေကို လောင်ကျွမ်းပျက်စီးစေလို့ပါ။

ရေနွေး

ရေနွေးက အရေပြားရဲ့သဘာဝကာကွယ်ပေးထားတဲ့အလွှာကို ထိခိုက်ပျက်စီးစေပါတယ်။ အထူးသဖြင့် နှင်းခူရောဂါနဲ့ အခြားအရေပြားရောဂါခံစားနေရသူတွေအတွက် မသင့်လျော်ပါဘူး။ ဒါ့အပြင် ဝက်ခြံနဲ့ အဖုအပိမ့်တွေ ထွက်ပေါ်လာစေပါတယ်။

ဆားနဲ့သကြား

ခန္ဓာကိုယ်ကြေးချွတ်ဖို့အတွက် ဆားနဲ့သကြားက အထူးကောင်းမွန်ပေမယ့် မျက်နှာကြေးချွတ်တဲ့အခါ မျက်နှာရဲ့ နူးညံ့တဲ့အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။

လက်လိမ်းတဲ့ ခရင်မ်

လက်လိမ်းတဲ့ ခရင်မ်နဲ့ မျက်နှာလိမ်းမိမယ်ဆိုရင် ချွေးပေါက်လေးတွေ ပိတ်သွားပြီး အသားအရေဖူးရောင်ခြင်း၊ နီရဲခြင်းတွေဖြစ်စေပါတယ်။

သံပုရိုရည်

သံပုရိုဓာတ်ပါဝင်တဲ့ လိုးရှင်းလိမ်းပြီး နေပူထဲမှာ အချိန်ကြာကြာနေမိတဲ့အခါ နေလောင်ဒဏ်ကို သာမန်ထက်ဆိုးရွားစွာခံစားရနိုင်ပါတယ်။

သစ်ကြံပိုးခေါက်

ဝက်ခြံ၊ အမဲစက်နဲ့ နေလောင်ဒဏ်ကြောင့် အသားအရောင်မညီမညာဖြစ်ခြင်းကို ကုသပေးဖို့အတွက် သစ်ကြံပိုးခေါက်ကို လူတော်တော်များများညွှန်းတာကို ကြားဖူးပါလိမ့်မယ်။ တကယ်တော့ သစ်ကြံပိုးခေါက်က အသားအရေကို ခြောက်သွေ့ခြင်၊ နီမြန်းခြင်းဖြစ်စေတဲ့အပြင် အသားအရေလောင်သွားပါလိမ့်မယ်။

Source: Brightside.me