အချစ်ဇာတ်လမ်း၊ ဟာသနဲ့ ခင်မင်ရင်းနှီးမှုတို့ရောစပ်ထားတဲ့ တရုတ်ကျောင်းဒရာမာတွေရဲ့ဇာတ်လမ်းတွေက စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် အတိတ်ကို ပြန်အမှတ်ရစေတာမလို့ လူကြိုက်များတဲ့အထဲမှာ ပါပါတယ်။ ဒါကြောင့် လွမ်းဆွတ်ခြင်းကို ပြန်ဖြစ်စေတဲ့Romantic Chinese School Dramas တွေထဲကမှ လူကြိုက်များခဲ့တဲ့ ဒရမ်မာတချို့ကို ဝေမျှပေးလိုက်ပါတယ်။

1. SHINING FOR ONE THING (2022)

2022 မှာထွက်ခဲ့တဲ့ ဒီဇာတ်လမ်းက စိတ်ကူးယဉ် အမျိုးအစားဖြစ်ပြီး အချိန်ခရီးသွားဇာတ်လမ်းလေးပါ။ Lin Bei Xing တစ်ယောက် အထက်တန်းကျောင်းသားဘဝ အသက် 18 နှစ်ကို ပြန်ရောက်သွားတဲ့အခါ သူရဲ့ကံကြမ္မာကို ပြန်ပြောင်းနိုင်မလားဆိုတာကိုတော့ Viki နဲ့ iQIYI မှာ ကြည့်လို့ရပါတယ်။

2. THE OLD DREAMS (2022)

အဓိက သရုပ်ဆောင်တွေဖြစ်တဲ့ Jelly Lin နဲ့ Gao Zhi Thing တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဒရာမာက ရိုမန်းတစ်ဒရာမာဖြစ်ပြီး 90s ခေတ်အတွက် လွမ်းဆွတ်မှုကို ဖြစ်စေမယ့် ဒီကားကတော့ အဲဒီခေတ်ရဲ့ လှပတဲ့ အခိုက်အတန့်တွေကို သတိရဖို့ ဖိတ်ခေါ်နေပါတယ်။

3. OUR SECRET (2021)

အစပိုင်းမှာတော့ မတည်ခဲ့ကြတဲ့ ကောင်လေးနဲ့ကောင်မလေး အထက်တန်းကျောင်းတက်တုန်းကစခဲ့ပြီး တက္ကသိုလ်ရောက်တဲအထိ ခိုင်မြဲသွားတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက လက်မလွတ်သင့်တဲ့ အချစ်ဇာတ်လမ်းတွေထဲက တစ်ကားပါ။

4. PLEASE CLASSMATE (2021)

နောက်တစ်ခုကတော့ PLEASE CLASSMATE ဆိုတဲ့ ဇာတ်လမ်းလေးပါ။ ကျောင်းတစ်ကျောင်းမှာ အုပ်စုနှစ်စုကြား ငြင်းခုံမှုတွေရှိခဲ့ပေမယ့် ပြိုင်ဆိုင်မှုတွေကြား ချစ်ခြင်းမေတ္တာမျိုးစေ့တွေဖြစ်လာတာကို ရိုက်ပြထားတာပါ။

5. DON’T DISTURB MY STUDY (2021)

ဒီဒရာမာဇာတ်လမ်းက Nan Xiang Wan ဆိုတဲ့ ဆရာမတစ်ယောက်အကြောင်းကို ရိုက်ထားတာဖြစ်ပြီး တကယ်ကို ကြည့်ရှုရကျိုးနပ်စေမယ့် တရုတ်ကျောင်းဒရာမာကားတစ်ကားပါ။

6. SOFT MEMORY (2019)

နောက်ထပ်အကြံပြုထားတဲ့ တရုတ်ကျောင်းဒရာမာက စုစုပေါင်း အပိုင်း 20 ရှိပြီး ချစ်ကြည်ရင်းနှီးမှု၊ ဟာသ၊ ငယ်ရွယ်မှုနဲ့ လူငယ်ဘဝပျော်ရွှင်မှုတွေကို ဒီဒရမ်မာထဲမှာ တွေ့ရမှာပါ။

7. RUSH TO THE DEAD SUMMER (2017)

ထူးထူးခြားခြား ဒီဒရမ်မာကတော့ အချစ်ဇာတ်လမ်းကို ပြသရုံသာမကဘဲ ဒီဒရာမာက ဇာတ်ကောင်တွေက ကျောင်းကိုဖြတ်သန်းပြီး ဘဝဖြစ်ရပ်မှန်တွေကို ရင်ဆိုင်ရင်း ဘဝသင်ခန်းစာတွေကို သင်ကြားပေးပါတယ်။