တစ်စုံတစ်ယောက်နဲ့ အကြာကြီးတွဲပြီး ပြတ်သွားတဲ့ သူတစ်ယောက်အနေနဲ့ ရည်းစားအသစ် ရှာဖို့ဆိုတာက သာမန် လူတွေထက် ပိုခက်ခဲတတ်ပါတယ်။ သင်က ကွာရှင်းလိုက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ၈ နှစ် ၉ နှစ်တွဲပြီးမှ လမ်းခွဲလိုက်ရတာပဲ ဖြစ်ဖြစ် အချစ်သစ် ထပ်ထားဖို့ဆိုတာ မလွယ်ကူလွန်းတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီလိုသူတွေအနေနဲ့ ဒိတ်လုပ်တဲ့အခါ အလျင်အမြန်ကြီး မဆုံးဖြတ်ဘဲ ဖြည်းဖြည်းမှန်မှန်ချင်း အချစ်ကစားပွဲထဲကို ပြန်ဝင်သင့်ပါတယ်။ ဒီတော့ ဘယ်လိုလုပ်နိုင်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ အသေးစိတ်မသွားပါနဲ့

သင်က အသစ်တစ်ယောက်တွဲတဲ့အချိန် သူ့အကြောင်း၊ ကိုယ့်အကြောင်းကို ဘယ်လောက်ထိ ပြောသင့်လဲ တွေးဖူးမှာပါ။ သူတို့ကိုယ်တိုင်က သင့်ရဲ့ ဒီလို အကြာကြီးတွဲခဲ့တဲ့ သမိုင်းကို သိရင်သိမှာပါ။ ဒါပေမဲ့ သင့်အနေနဲ့ အခုမှ သိတဲ့ သူတစ်ယောက်ကို အသေးစိတ်မပြောပြသင့်ပါဘူး။ သူငယ်ချင်းတွေဆီမှာပဲ ရင်ဖွင့်သင့်ပါတယ်။

၂။ ဟန်မဆောင်ပါနဲ့

အရင် RS တုန်းက ပြတ်စဲကြတဲ့အခါ သင့်ကိုယ်သင် ပြင်ရမယ့် အချက်တွေ ရှိခဲ့ဖူးမှာပါ။ အခု အချစ်သစ်မှာ ဒီအရာတွေကို အတင်းကြိး လိုက်ပြင်စရာမလိုသလို သင်တစ်ယောက်တည်း ဖြစ်မှာကြောက်တဲ့စိတ်နဲ့ လက်ရှိတစ်ယောက် သဘောကျအောင် လိုက်ပြင်စရာလည်း မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် လိုအပ်တဲ့ အချက်တွေကို ပြန်ပြင်တာက ဘာမှမဖြစ်ပါဘူး။

၃။ သင့်ရဲ့ Single သူငယ်ချင်းတွေနဲ့ စကားပြောပါ

အကြာကြီးတွဲခဲ့ပြီးမှ တစ်ယောက်တည်း ဖြစ်သွားသူတွေဟာ အချစ်ရေးကိစ္စမှာ Single တွေထက် စာရင် ဒိတ်အောက်သွားတတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင့် Single သူငယ်ချင်းတွေအားလုံးကို စကားသွားပြောပြီး သူတို့ရဲ့ အကြံပေးချက်၊ ရှုထောင့်တွေကို နားထောင်သင့်ပါတယ်။

၄။ စမ်းသပ်ပါ

သင်မကြိုက်တဲ့ ပုံစံတွေ ရှိသူနဲ့လည်း တွဲကြည့်ပါ။ အတွေးအမျိုးမျိုး ရှိသူတွေနဲ့ တစ်ယောက်ပြီး တစ်ယောက် စကားပြောကြည့်ပါ။ အရင် အချစ်ရေးတည်းက သင့်စိတ်နေစိတ်ထားတွေ ပြောင်းလဲသွားနိုင်ပါတယ်။

၅။ စိတ်ဝင်စားမှု ရှိပါ

သင်က ထပ်ဒိတ်တဲ့အခါ သင့်ကိုယ်သင် စိတ်ဝင်စားဖို့ ကောင်းပါ့မလား၊ ဆွဲဆောင်မှုရှိပါ့မလား စသဖြင့် စိုးရိမ်နေနိုင်ပါတယ်။ ဒီလို စိုးရိမ်တာ ကောင်းသလို သင့်ကိုယ်သင် စိတ်ဝင်စားမှု ရှိဖို့လည်း မမေ့သင့်ပါဘူး။

၆။ စိတ်ထဲ မှန်တယ်ထင်တာကို လုပ်ပါ

အသစ်တစ်ယောက်နဲ့ ဒိတ်တဲ့အချိန် သင့်စိတ်ထဲ ရှိတဲ့အတိုင်းပဲ ပြုမူနေထိုင်သင့်ပါတယ်။ သူ့ကို သဘောကျရင် သိပ်မတွေးဘဲ Flow အလိုက် နေရုံပါပဲ။ မကြိုက်ဘူးဆိုရင်လည်း အားမနာနေဘဲ ပွင့်ပွင့်လင်းလင်း နေထိုင်သင့်ပါတယ်။

၇။ အချိန်ယူပါ

အကြာကြီး အချစ်ရေးတစ်ခု ရှိခဲ့ပြီးမှ အသစ် တစ်ယောက်ရှာသူတွေ အနေနဲ့ ချက်ချင်းကြီး RS တစ်ခုစီ မကူးပြောင်းသင့်ပါဘူး။ ချက်ချင်းကြီးလည်း Long Term Relationship ရအောင် ကြိုးစားစရာမလိုပါဘူး။ သင့်အနေနဲ့ လိုအပ်ရင် အချိန်ယူသင့်ပြီး ပေါ့ပေါ့ပါးပါးလေးပဲ သွားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar