[Zawgyi]

ဖိနပ္ေကာင္းေလးေတြက ကိုယ့္ကိုေကာင္းမြန္တဲ့ေနရာေရာက္ေအာင္ ေခၚေဆာင္ေပးႏိုင္တယ္ဆိုတာ ယံုၾကည္ပါသလား။ မိန္းကေလးေတြက ဖက္ရွင္ေရစီးေၾကာင္းေတြေနာက္ကို လိုက္ေနရတာနဲ႔ပဲ ေစ်းႀကီးေပးဝယ္ရတဲ့ ဖိနပ္မွန္သမွ်က လွပေၾကာ့ရွင္းေအာင္ကူညီေပးႏိုင္တယ္လို႔ ယူဆၾကပါတယ္။

အကယ္၍ သင္က ေစ်းႀကီးေပးဝယ္ရၿပီးေတာ့ သက္ေသာင့္သက္သာမျဖစ္တဲ့ ဖိနပ္ေတြကို စီးေနတုန္းပဲဆိုရင္ေတာ့ အခုေဖာ္ျပေပးမယ့္ အေၾကာင္းအရာကို ဆက္လက္ဖတ္႐ွဳေစခ်င္ပါတယ္။

၁။ ၿပိဳးၿပိဳးျပက္ျပက္ တလက္လက္ေတာက္ပေနေသာ ဖိနပ္

ေက်ာက္ေတြ ဖန္စီေတြ စီျခယ္ထားတဲ့ဖိနပ္က တစ္ေခါက္၊ ႏွစ္ေခါက္ဝတ္ၿပီးတာနဲ႔ ေက်ာက္ေတြကြာသြားၿပီး အရည္အေသြးနိမ့္တဲ့ပံုစံေပါက္သြားပါတယ္။ အကယ္၍ သင္က တလက္လက္ေတာက္တဲ့ဖိနပ္ကို ႀကိဳက္တယ္ဆိုရင္ေတာ့ ေက်ာက္ေတြ ဖန္စီေတြ မကပ္ထားတဲ့ အေရာင္ေတာက္တဲ့ ဖိနပ္မ်ိဳးကိုသာ ေရြးခ်ယ္ေစလိုပါတယ္။

၂။ တေျပးညီေဒါက္ဖိနပ္အျမင့္

တေျပးညီေဒါက္ျမင့္ေတြက ေစ်းႀကီးတဲ့ပံုမေပၚပါဘူး။ ဒါ့ေၾကာင့္ ပြဲတိုးေစတဲ့ ေဒါက္ခြ်န္ေလးေတြကိုသာ ေရြးဝတ္ပါ။

၃။ အေရာင္မ်ားလြန္းျခင္း

အေရာင္ေတြ မ်ားၿပီး ႐ွဳပ္ေထြးေနတဲ့ဖိနပ္က ဘယ္ေလာက္ပဲ ေစ်းႀကီးေပးဝယ္ထားပါေစ အေပါစားဆန္တဲ့ပံုေပါက္ပါတယ္။ ဒါ့ေၾကာင့္ ၂ ေရာင္ထက္ ပိုပါတဲ့ ဖိနပ္ဝယ္ယူျခင္းကို ေရွာင္ၾကဥ္ပါ။

၄။ ေျဗာင္ဖိနပ္မ်ား

ေျဗာင္သားေရဖိနပ္ေတြက ပြန္းရာ ျခစ္ရာေတြ အလြယ္တကူျဖစ္ႏိုင္ပါတယ္။ ျဖစ္ႏိုင္မယ္ဆိုရင္ ဒီဇိုင္းတူတဲ့ ဖိနပ္ကိုပဲ Matte အေရာင္၊ ထံုးေျခာက္ေရာင္၊ ႏို႔နစ္ေရာင္ဖိနပ္ေလးေတြကို ေရြးခ်ယ္ပါ။ ပိုၿပီး ပြဲတိုးၿပီး ေစ်းႀကီးတဲ့ပံု ေပၚပါတယ္။

၅။ က်ားသစ္ကြက္ဖိနပ္

က်ားသစ္ကြက္ဖိနပ္ေတြက လွပလြန္းတဲ့အတြက္ သင့္ကိုမဝယ္ ဝယ္ခ်င္ေအာင္ ဆြဲေဆာင္ပါလိမ့္မယ္။ ဒါေပမဲ့ အဲ့လိုဖိနပ္ေတြက အဝတ္အစားေရြးတဲ့အတြက္ ကိုယ္ဝတ္ဆင္တဲ့အဝတ္အစားနဲ႔မလိုက္ရင္ ေစ်းႀကီးေပးဝယ္ထားလည္း အလကားပါပဲ။ ညာဘက္ပံုကဖိနပ္လိုမ်ိဳး ေရြးခ်ယ္ဝယ္ယူပါ။

၆။ သက္ေသာင့္သက္သာမရွိတဲ့ဖိနပ္

ဆိုင္မွာစမ္းစီးၾကည့္လို႔ စီးရတာ ၾကပ္ေနရင္၊ လမ္းေလွ်ာက္ရတာ အဆင္မေျပျဖစ္ေနရင္ ဘယ္ေလာက္ပဲႀကိဳက္ႀကိဳက္ မဝယ္ပါနဲ႔။ မိမိကို သက္ေသာင့္သက္သာျဖစ္ေစမဲ့ ဖိနပ္ကိုသာ ေရြးခ်ယ္ဝတ္ဆင္ပါ။

၇။ ဖိနပ္ေဟာင္းမ်ား

ကိုယ္သိပ္ႀကိဳက္တဲ့ဖိနပ္ေလးက စီးတာမ်ားလာလို႔ ေဟာင္းသြားၿပီဆိုရင္ အေရာင္တင္ၿပီး ျပန္လည္ျပဳျပင္ေပးပါ။ ေဟာင္းေနတဲ့ဖိနပ္ကို စီးျခင္းက သင့္ကို ၾကည့္ရဆိုးေစပါတယ္။

Source: Brightside.me

[Unicode]

ဖိနပ်ကောင်းလေးတွေက ကိုယ့်ကိုကောင်းမွန်တဲ့နေရာရောက်အောင် ခေါ်ဆောင်ပေးနိုင်တယ်ဆိုတာ ယုံကြည်ပါသလား။ မိန်းကလေးတွေက ဖက်ရှင်ရေစီးကြောင်းတွေနောက်ကို လိုက်နေရတာနဲ့ပဲ ဈေးကြီးပေးဝယ်ရတဲ့ ဖိနပ်မှန်သမျှက လှပကြော့ရှင်းအောင်ကူညီပေးနိုင်တယ်လို့ ယူဆကြပါတယ်။

အကယ်၍ သင်က ဈေးကြီးပေးဝယ်ရပြီးတော့ သက်သောင့်သက်သာမဖြစ်တဲ့ ဖိနပ်တွေကို စီးနေတုန်းပဲဆိုရင်တော့ အခုဖော်ပြပေးမယ့် အကြောင်းအရာကို ဆက်လက်ဖတ်ရှုစေချင်ပါတယ်။

၁။ ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပနေသော ဖိနပ်

ကျောက်တွေ ဖန်စီတွေ စီခြယ်ထားတဲ့ဖိနပ်က တစ်ခေါက်၊ နှစ်ခေါက်ဝတ်ပြီးတာနဲ့ ကျောက်တွေကွာသွားပြီး အရည်အသွေးနိမ့်တဲ့ပုံစံပေါက်သွားပါတယ်။ အကယ်၍ သင်က တလက်လက်တောက်တဲ့ဖိနပ်ကို ကြိုက်တယ်ဆိုရင်တော့ ကျောက်တွေ ဖန်စီတွေ မကပ်ထားတဲ့ အရောင်တောက်တဲ့ ဖိနပ်မျိုးကိုသာ ရွေးချယ်စေလိုပါတယ်။

၂။ တပြေးညီဒေါက်ဖိနပ်အမြင့်

တပြေးညီဒေါက်မြင့်တွေက ဈေးကြီးတဲ့ပုံမပေါ်ပါဘူး။ ဒါ့ကြောင့် ပွဲတိုးစေတဲ့ ဒေါက်ချွန်လေးတွေကိုသာ ရွေးဝတ်ပါ။

၃။ အရောင်များလွန်းခြင်း

အရောင်တွေ များပြီး ရှုပ်ထွေးနေတဲ့ဖိနပ်က ဘယ်လောက်ပဲ ဈေးကြီးပေးဝယ်ထားပါစေ အပေါစားဆန်တဲ့ပုံပေါက်ပါတယ်။ ဒါ့ကြောင့် ၂ ရောင်ထက် ပိုပါတဲ့ ဖိနပ်ဝယ်ယူခြင်းကို ရှောင်ကြဉ်ပါ။

၄။ ဗြောင်ဖိနပ်များ

ဗြောင်သားရေဖိနပ်တွေက ပွန်းရာ ခြစ်ရာတွေ အလွယ်တကူဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ဒီဇိုင်းတူတဲ့ ဖိနပ်ကိုပဲ Matte အရောင်၊ ထုံးခြောက်ရောင်၊ နို့နစ်ရောင်ဖိနပ်လေးတွေကို ရွေးချယ်ပါ။ ပိုပြီး ပွဲတိုးပြီး ဈေးကြီးတဲ့ပုံ ပေါ်ပါတယ်။

၅။ ကျားသစ်ကွက်ဖိနပ်

ကျားသစ်ကွက်ဖိနပ်တွေက လှပလွန်းတဲ့အတွက် သင့်ကိုမဝယ် ဝယ်ချင်အောင် ဆွဲဆောင်ပါလိမ့်မယ်။ ဒါပေမဲ့ အဲ့လိုဖိနပ်တွေက အဝတ်အစားရွေးတဲ့အတွက် ကိုယ်ဝတ်ဆင်တဲ့အဝတ်အစားနဲ့မလိုက်ရင် ဈေးကြီးပေးဝယ်ထားလည်း အလကားပါပဲ။ ညာဘက်ပုံကဖိနပ်လိုမျိုး ရွေးချယ်ဝယ်ယူပါ။

၆။ သက်သောင့်သက်သာမရှိတဲ့ဖိနပ်

ဆိုင်မှာစမ်းစီးကြည့်လို့ စီးရတာ ကြပ်နေရင်၊ လမ်းလျှောက်ရတာ အဆင်မပြေဖြစ်နေရင် ဘယ်လောက်ပဲကြိုက်ကြိုက် မဝယ်ပါနဲ့။ မိမိကို သက်သောင့်သက်သာဖြစ်စေမဲ့ ဖိနပ်ကိုသာ ရွေးချယ်ဝတ်ဆင်ပါ။

၇။ ဖိနပ်ဟောင်းများ

ကိုယ်သိပ်ကြိုက်တဲ့ဖိနပ်လေးက စီးတာများလာလို့ ဟောင်းသွားပြီဆိုရင် အရောင်တင်ပြီး ပြန်လည်ပြုပြင်ပေးပါ။ ဟောင်းနေတဲ့ဖိနပ်ကို စီးခြင်းက သင့်ကို ကြည့်ရဆိုးစေပါတယ်။

Source: Brightside.me