အားလုံးပဲမင်္ဂလာပါနော်။ အရာရာအဆင်ပြေပြီး အောင်မြင်ကြီးပွားတဲ့ ဘဝမျိုးရဖို့ဆိုတာကတော့ လူတိုင်းရဲ့ အိပ်မက်တစ်ခုပါပဲ။ ဘဝအောင်မြင်မှုရဖို့ဆိုတာ ကိုယ့်ခံယူချက်နဲ့ လုပ်ရပ်တွေအပေါ် မူတည်နေတာမို့ သူများနဲ့နှိုင်းယှဉ်တဲ့ အတွေးမှားတွေ၊ လမ်းကြောင်းအမှားတွေနဲ့ အချိန်ကုန်နေမယ်ဆိုရင် ဘယ်လောက်ပဲ ကြိုးစားပါစေ ရေရှည်အောင်မြင်မှုရဖို့ ခက်ခဲနေအုန်းမှာပါ။ ဒီလိုမဖြစ်ရအောင် ကိုယ့်ဘဝအောင်မြင်မှု လမ်းကြောင်းကို အတားအဆီးဖြစ်စေမယ့် အကြောင်းအရင်းတွေကို သိထားပြီး ပြုပြင်နိုင်ပေးဖို့ အရေးကြီးပါတယ်။

ဒါကြောင့် ဒီတစ်ခေါက်မှာ သင့်အောင်မြင်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အပြုအမူအမှားတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။ ဒီထဲမှာ ကိုယ်တိုင်လုပ်မိနေတဲ့အချက်တွေပါနေသလား ဆန်းစစ်ပြီး အချိန်မှီပြုပြင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

၁။ ကြောက်စိတ်များတယ်


ကြောက်စိတ်ရှိတာက အောင်မြင်မှုအတွက် အကြီးဆုံးအတားအဆီးတွေထဲက တစ်ခုပါပဲ။ တစ်ခုခုလုပ်ဖို့ တွန့်ဆုတ်ပြီး ကြောက်စိတ်ဝင်နေတဲ့အခါ သင့်ကိုအခွင့်အရေးတွေ ဆုံးရှုံးစေပြီး အရာရာနှောက်နှေးကာ နောက်ကျကျန်ခဲ့တတ်ပါတယ်။ ဒီလိုနဲ့ နောက်မှ နောင်တရတာမျိုးမဖြစ်ရအောင် ကြောက်စိတ်ကို ဘေးဖယ်ပြီး ကိုယ်လုပ်စရာရှိတာကို ရဲရဲတင်းတင်းဆက်လုပ်တတ်တဲ့ စိတ်မျိုး မွေးမြူပေးဖို့လိုပါတယ်။

၂။ အဆိုးမြင်စိတ်နဲ့ အရင်ကြည့်တတ်တယ်


ဘာလုပ်လုပ် အောင်မြင်ဖို့အတွက် အကောင်းမြင်စိတ်ရှိဖို့ အရေးကြီးပါတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့အတွေးတွေက သင့်ကိုအောင်မြင်မှုနဲ့ပိုဝေးစေမှာပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ အဆိုးမြင်စိတ်များတဲ့သူတွေရှိနေရင်လည်း ရှင်းထုတ်ပစ်ဖို့ မမေ့ပါနဲ့။ သူတို့ရဲ့လွှမ်းမိုးမှုက သင့်စိတ်ကို ညည်းညူစေပြီး အချိန်ကုန်ကာ ဘဝတိုးတက်မှု လမ်းပိတ်စေပါလိမ့်မယ်။

၃။ အချိန်စွဲတတ်တဲ့ အကျင့်ရှိတယ်


တစ်ခုခုကိုမလုပ်ခင် အချိန်စွဲတတ်တဲ့အကျင့်ရှိတာကလည်း ထိရောက်တဲ့တိုးတက်မှုမရှိဘဲ ယောင်လည်လည်နဲ့ အချိန်ကုန်စေတတ်ပါတယ်။ ဒါကြောင့် ရည်မှန်းထားတဲ့ Goal တစ်ခုရောက်ချင်တဲ့သူတွေအနေနဲ့ စိတ်ကူးနဲ့လုပ်ပြီး အချိန်ဆွဲတတ်တဲ့ အကျင့်ကို စွန့်လွှတ်ပြီး လုပ်စရာရှိတာကို လက်တွေ့ချက်ချင်း ထလုပ်တတ်အောင် လေ့ကျင့်ထားဖို့လိုပါတယ်။

၄။ သိမ်ငယ်စိတ်ဝင်တတ်တယ်

တစ်ခုခုကို စမလုပ်ရသေးခင် ကိုယ့်မှာလုပ်နိုင်တဲ့ အစွမ်းအစမရှိဘူးလို့ သိမ်ငယ်စိတ်ဝင်တတ်တာကလည်း အောင်မြင်မှုလမ်းကြောင်းနဲ့ လွဲသွားစေမယ့် အကြောင်းအရင်းတစ်ခုပါပဲ။ သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သံသဃစိတ်တွေကို ရှင်းထုတ်ပြီး ဘယ်အရာမဆို လက်မလျှော့ဘဲ ကြိုးစားရင် ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်မျိုးထားတတ်ဖို့ လိုပါတယ်။

၅။ ယုံကြည်မှုနည်းတယ်


ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းနေတာကလည်း လွယ်လွယ်နဲ့အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး။ ကိုယ်တိုင်က ကိုယ့်အိပ်မက်တွေအပေါ်မှာ ပြင်းပြတဲ့ ယုံကြည်မှုရှိမှ လိုချင်တဲ့အောင်မြင်မှုက သင့်ဆီရောက်လာနိုင်မှာ ဖြစ်ပါတယ်။

၆။ အလွယ်လမ်းကို လိုက်တတ်တယ်


အလုပ်တစ်ခုကို တာဝန်ကျေလုပ်တာ၊ အချိန်မသတ်မှတ်ထားဘဲ လိုမှကောက်လုပ်တာမျိုးကလည်း ရေရှည်မှာ အောင်မြင်မှုနဲ့ ဝေးသွားစေနိုင်တဲ့ အကြောင်းအရင်းတစ်ခုပါပဲ။

၇။ လက်လျှော့တတ်တဲ့အကျင့်ရှိတယ်


အောင်မြင်မှုရဖို့ လွယ်လွယ်တဲ့ လက်မလျှော့တတ်တဲ့ ဇွဲရှိရပါမယ်။ အခက်အခဲတစ်ခုတွေ့တာနဲ့ တွေဝေပြီး လမ်းတစ်ဝက်မှာ ရပ်လိုက်တတ်တဲ့သူတွေက တစ်နေရာထဲမှာပဲ ရပ်နေပြီး အမြင့်တစ်ခုကိုရောက်ဖို့ ခက်သွားစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar