အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးက ဘယ်အချိန်ဖြစ်မလဲ သင်စဉ်းစားဖူးလား။ လူတွေက သင်အသက်အရွယ်ရလာပြီ..အိမ်ထောင်ပြုသင့်ပြီ.စသဖြင့် တိုက်တွန်းနေရင်တောင် သင် ယူချင်စိတ်မရှိရင် ယူစရာမလိုပါဘူး။ အိမ်ထောင်ပြုတယ်ဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် ကိုယ့်ဘဝအဆင်ပြေတဲ့အချိန် ဆောင်ရွက်နိုင်ပါတယ်။ စိတ်အခန့်မသင့်လို့ ကွာရှင်းရတာကမှ ပိုဆိုးတာပါ။ သင်က အသက် ၃၀ နောက်ပိုင်းမှ အိမ်ထောင်ပြုဖို့ ဘာကြောင့် ရွေးချယ်သင့်တာလဲဆိုတော့-

၁။ အသက် ၃၀ နောက်ပိုင်းအရွယ်မှာ ကိုယ့်လက်တွဲဖော်ဆီက တကယ်ဘာကို လိုချင်တာလဲ ပိုသိလာတယ်။ တကယ့်အချစ်ရေးက ဇာတ်ကားတွေထဲက ပျော်စရာအချစ်ရေးတွေနဲ့ မတူညီနိုင်ပါဘူး။


၂။ ကိုယ့်အကြောင်း ကိုယ်ပိုသိလာပါတယ်။ အသက် ၂၀ ဝန်းကျင်အရွယ်က သင်ယူနေဆဲ ကြီးပြင်းနေဆဲအရွယ်မို့ စိတ်ထိခိုက်လွယ်တတ်ပါသေးတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်က ပြောင်းလဲလာနိုင်ပါတယ်။


၃။ အသက် ၂၀ ကျော်အရွယ် ငွေကြေးအခြေအနေထက် အသက် ၃၀ မှာ ငွေကြေးက ပိုအဆင်ပြေနိုင်တယ်။ အသက် ၃၀ ရောက်တာနဲ့ အကုန်သိ နားလည်ပြီလို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ ကျွန်မတို့က အသက်အရွယ်မရွေး သူ့အခက်အခဲနဲ့ သူရှိနေသူချည်းပါပဲ။ ဒါပေမဲ့ ရင့်ကျက်လာတာနဲ့အမျှ ငွေကြေးနဲ့ ပတ်သက်လာရင် ဘယ်လိုဖြေရှင်းရမလဲ သဘောပေါက်လာတတ်ပါတယ်။


၄။ အသစ်အသစ်တွေကို စမ်းသပ်ဖို့၊ ခရီးသွားဖို့ အချိန်တွေ အများအပြားပိုင်ဆိုင်နိုင်ပါတယ်။ စောစောစီးစီးအိမ်ထောင်ပြုတာထက် ကိုယ်လုပ်ချင်တာတွေကို လုပ်ဖို့ အချိန်ပေးသင့်ပါတယ်။


၅။ လူတစ်ယောက်နဲ့ လက်မထပ်ခင် သူ့စိတ်၊ သူ့အမူအရာအစစ်အမှန်ကို သဘောပေါက်အောင် ကြိုးစားတာက သင့်အတွက် မှားယွင်းနိုင်ချေမရှိပါဘူး။ စောစောစီးစီး အိမ်ထောင်ပြုလိုက်ရင် တစ်သက်လုံး Married Life ပဲ ဖြစ်သွားတော့မှာပါ။


၆။ အိမ်ထောင်ရေးကို ပိုတန်ဖိုးထားတတ်လာပါလိမ့်မယ်။ သင်အသက်အရွယ်ရလာတဲ့အခါ ဘယ်ဟာက အဓိက၊ ဘယ်ဟာက သာမညလဲ ခွဲခြားသိလာပါတယ်။ ပိုတန်ဖိုးသင့်တာတွေက ဘာတွေလဲ သင်ပိုနားလည်လာပါလိမ့်မယ်။


၇။ ကိုယ်သဘောကျတဲ့ မင်္ဂလာပွဲမျိုးစီစဉ်နိုင်ပါပြီ။ သင့်အိပ်မက်ထဲက လက်ထပ်ပွဲပုံစံကို အသက် ၃၀ ကျော်အရွယ်မှာစိတ်ကြိုက်စီစဉ်နိုင်ပါပြီ။

သင်က အိမ်ထောင်ပြုသွားဖို့ရည်ရွယ်ထားသူလား။ ပြောပြခဲ့ပါဦး။

Source: Herbeauty.co

By MyStyle Myanmar