အလုပ်ဘယ်အချိန်မှာ ထွက်သင့်တာလဲ။ နေရာတစ်ခုမှာ နေသားတကျဖြစ်လာတဲ့အခါ အဆင်မပြေခဲ့ရင်တောင် အသစ်မပြောင်းချင်တာ၊ နေရာသစ်မှာ အဆင်မပြေမှာ စိုးရိမ်စိတ်တွေက လူတိုင်းမှာ ဖြစ်တတ်ပါတယ်။ အလုပ်မထွက်ခင် နောက်လုပ်မယ့်အလုပ်မှာ ကိုယ်ဘယ်အရာတွေလိုချင်လဲ ဘယ်အရာကို မကြိုက်ဘူးလဲ ကြိုစဉ်းစားထားသင့်ပါတယ်။ သင်အလုပ်ပြောင်းသင့်နေပြီဆိုတဲ့အကြောင်း ပြသနေတဲ့အချက်တွေကတော့-

၁။ ဒီထက်ပိုကောင်းတဲ့ အလုပ်ကို ရှာတွေ့နေပြီ

လက်ရှိလုပ်နေတဲ့အလုပ်က သင့်အတွက် ပညာမရဘူး။ ထပ်လုပ်မယ့်အလုပ်မှာတော့ သင့်အတွက် အခွင့်အလမ်းတွေ အများအပြားရှိနေတယ်ဆိုရင် အလုပ်ပြောင်းသင့်ပါပြီ။

၂။ အလုပ်မှာ မပျော်ဘူး

လူအများစုက သူတို့လက်ရှိလုပ်နေတဲ့ အလုပ်ကို မုန်းတီးတတ်ကြပါတယ်။ ဒါပေမဲ့ မုန်းတာတစ်ခုတည်းနဲ့တော့ အလုပ်ကနေ တန်းထွက်လို့မရပါဘူး။ သင့်လုပ်ဖော်ကိုင်ဖက်တွေ မကောင်းလို့လား။ သင့် Boss မကောင်းလို့လား။ အလုပ်မှာ လုံးဝမပျော်နိုင်တော့ဘူးဆိုရင်တော့အလုပ်ပြောင်းသင့်ပါပြီ။

၃။ စိတ်ထားမကောင်းတဲ့ လူတွေများတယ်


သင်လုပ်တဲ့အလုပ်မှာ အချင်းချင်းကုန်းတိုက်သူတွေ၊ အတင်းအဖျင်းပြောသူတွေ၊ သင်နဲ့ စိတ်ထားချင်းမတူတဲ့လူတွေ များနေရင် သင်စိတ်ချမ်းသာမှာမဟုတ်ပါဘူး။ ဒီလိုအချိန်က အလုပ်ပြောင်းသင့်တဲ့အချိန်ပါပဲ။ အလုပ်ပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုဆိုးပါတယ်။

၄။ ကျောင်းပြန်တက်ချင်တယ်


သင့်ပညာရေးကို မြျင့်တင်ချင်တယ်။ ကျောင်းပြန်တက်ချင်တယ်ဆိုရင် အလုပ်ခဏ နားသင့်တဲ့အချိန်ပါပဲ။

၅။ အလုပ်လမ်းကြောင်းလုံးဝပြောင်းချင်တယ်


တချို့တွေက တစ်နေရာတည်းမှာ အလုပ်တစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ လုပ်တဲ့အခါ ငြီးငွေ့လာတတ်ပါတယ်။ ဒီအလုပ်နဲ့ မတူတာတစ်ခုကို ပြောင်းလုပ်ချင်ကြပါတယ်။ ဒီလိုအချိန်ကလည်း အလုပ်ပြောင်းရမယ့်အချိန်ပါပဲ။

၆။ အလုပ်များတယ်


သင့်မှာ အလုပ်အပြင် အခြား မိသားစုကိစ္စ၊ လူမှုရေးကိစ္စတွေနဲ့ ရှုပ်နေတယ်။ သင့်မိဘကလည်း အသက်အရွယ်ရလာပြီ။ မိဘတွေဘက် ပြန်ငဲ့ရတော့မယ်အချိန် အလုပ်များလွန်းနေရင် အဆင်မပြေပါဘူး။

၇။ အလုပ်မှာ အသိအမှတ်အပြုမခံရတဲ့အချိန်


သင်ဘယ်လောက်ပဲ ကြိုးစားပါစေ.. ဘယ်တော့မှ ရာထူးမတက်လာဘူး။ လစာတိုးမလာဘူး။ သင့်ဘက်က အကောင်းဆုံးကြိုးစားပေမယ့် သင့်ကြိုးစားမှုကို အသိအမှတ်မပြုရင်တော့ အလုပ်ပြောင်းသင့်ပါပြီ။

သင့်အရည်အချင်းတွေက ဒီထက်သာတဲ့အလုပ်နဲ့ ထိုက်တန်ပါတယ်။

Source: www.herworld.com

By MyStyle Myanmar