တစ်ခါတလေ သင်က ကိုယ့်ကိုကိုယ် ချစ်တယ်လို့ ထင်နေပေမယ့် ကိုယ့်ကိုကိုယ် နှိပ်စက်နေတာကို သတိထားမိရဲ့လား။ ကိုယ့်အပေါ် အပြစ်မြင်တဲ့လူတွေ၊ ကိုယ့်ကို အဖက်မလုပ်တဲ့လူတွေကို ကိုယ့်ကမ္ဘာထဲ သတိမထားမိဘဲ ဝင်ခွင့်ပြုနေတဲ့ သင့်အကျင့်ကို သတိထားမိလား။ အခြားလူတွေကို မချစ်ခင် အရင်ဆုံး ကိုယ့်ကိုကိုယ် ချစ်သင့်ပါတယ်။ ဒီအကြောင်းပြချက်တွေကို ဖတ်ပြီးရင် သင်သဘောပေါက်သွားပါလိမ့်မယ်။

၁။ သင်က လှပါတယ်

သင့်ခန္ဓာကိုယ်က ဘယ်လိုပုံစံပဲဖြစ်နေပါစေ။ သင့်အသံက ဘယ်လိုပဲဖြစ်နေပါစေ။ သင့်ပုံစံက ဘယ်လိုပဲဖြစ်နေပါစေ။ သင်က ဘာပဲဖြစ်ဖြစ် လှနေပြီးသားပါ။ ဒီကမ္ဘာပေါ်မှာ ရှိတဲ့ လူသားတိုင်းက သူ့နည်းသူ့ဟန်နဲ့ လှပကြပါတယ်။ ဒါကို ယုံကြည်ပေးပါ။


၂။ ကိုယ့်ကိုကိုယ်ချစ်ဖို့က အရေးပါ ပါတယ်

ကိုယ့်ကိုကိုယ်တောင် မချစ်တတ်ဘဲ အခြားသူတွေကို ဘယ်လိုနည်းဘယ်လိုဟန်နဲ့ ချစ်နေလဲ သင့်ကိုယ်သင် ပြန်မေးကြည့်ပါ။ သင့်ကိုုယ်သင် အရင်အားပေးပါ။ အရင်ဖေးမပါ။

၃။ သင်ဆိုတာ ဒီကမ္ဘာမှာ တစ်ယောက်တည်းရှိတာပါ

သင့်အသံ၊ သင့်ခန္ဓာကိုယ် သင့်ရုပ်ရည် သင့်အမူအကျင့်နဲ့ လူမျိုးက ဒီကမ္ဘာပေါ်မှာ သင်တစ်ယောက်တည်းရှိတာပါ။ သင့်ကိုယ်သင် တန်ဖိုးထားပေးပါ။

၄။ ကိုယ့်ကိုကိုယ် ယုံကြည်မှု

လူတစ်ယောက်ရဲ့ တိုးတက်မှုမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှုက အရေးပါတာထက် ပိုပါတယ်။ ငါလုပ်နိုင်တယ် ငါရအောင် ကြိုးစားနိုင်တယ် စသဖြင့် ကိုယ့်ကိုကိုယ် အားပေးပါ။ ကိုယ့်ကိုကိုယ် ယုံကြည်ပေးပါ။

၅။ တခြားလူတွေက သင့်ကိုချစ်ပါတယ်

အခြားလူတွေက သင့်ဓာတ်ပုံအောက်မှာ ချစ်ဖို့ကောင်းတယ်၊ ကြည့်ကောင်းတယ် စသဖြင့် Comment ပေးဖူးကြမှာပါ။ ဒီလိုပါပဲ။ သင့်ကိုယ်သင်လည်း ဒီလိုပဲ ချီးကျူးပေးပါ။

၆။ ကိုယ့်ကိုကိုယ် အပြစ်တင်တာ


ငါက အသုံးမကျဘူး။ ငါလုပ်တာမှ အဆင်မပြေတာ၊ ငါ့ကြောင့်ဖြစ်တယ်။ စတဲ့ ကိုယ့်ကိုကိုယ် အပြစ်တင်တဲ့ စကားတွေကို ဒီအချိန်ကစပြီး စွန့်လွှတ်လိုက်ပါတော့။

၇။ သင်က ပြီးပြည့်စုံတဲ့လူမဟုတ်ပါဘူး

သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတိုင်းက ပြီးပြည့်စုံတဲ့လူတွေမဟုတ်ပါဘူး။ မပြည့်စုံမှုတွေကပဲ ကြည့်ကောင်းနေပါတယ်။ သင့်ရဲ့ ဗိုက်ခေါက်ကလေးကလည်း ပြည့်စုံတာပါပဲ။ ပြည့်စုံဖို့ ကြိုးစားတာတွေကို ရပ်လိုက်ပြီး လက်ရှိအချိန်မှာ အကောင်းဆုံး ကြိုးစားပြီး ပျော်အောင်နေပါ။

Photo Source: Pinterest

By MyStyle Myanmar