သူငယ်ချင်းဘဝကနေ ရည်းစားဖြစ်ရတာက သူစိမ်းကနေတွဲဖြစ်သွားတာထက် အများကြီးပိုသာပါတယ်။ ဘာလို့ သာတာလဲ ဆိုတဲ့ အကြောင်းပြချက်တွေကို ကြည့်ကြည့်လိုက်ပါနော်။

၁။ တစ်ယောက်အကြောင်း တစ်ယောက်သိတယ်


ရည်းစားမဖြစ်ခင် သူငယ်ချင်းဖြစ်နေတာက တစ်ယောက်အကြောင်း တစ်ယောက်ပိုသိပါတယ်။ ဒါကြောင့် နဂိုကတည်းက သူငယ်ချင်းမဖြစ်ခဲ့ရင်တောင် အဖြေမပေးခင် ပထမဆုံး သူငယ်ချင်းအနေနဲ့ နေကြည့်ပါ။

၂။ ရင်းရင်းနှီးနှီးပြောလို့ရတယ်


သူစိမ်းတစ်ယောက်နဲ့ ဒိတ်တယ်ဆိုရင် ဘာပြောလို့ပြောရမှန်းမသိ ပြောစရာစကား ပျောက်ရှနေတတ်ပါတယ်။ သူငယ်ချင်းဘဝမှာတော့ ကိုယ်ဘာတွေ ကြိုက်လဲ ဘာတွေကို မုန်းလဲ သူနဲ့ ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်။

၃။ ခင်မင်ရင်းနှီးမှုဆိုတာ အချစ်ရေးမှာ အရေးပါ ပါတယ်


အချစ်ရေးတစ်ခုမှာ ခင်မင်ရင်းနှီးမှု ပွင့်လင်းမှုတွေ လိုအပ်ပါတယ်။ သူငယ်ချင်း ဖြစ်နှင့်ပြီးသားဆိုရင်တော့ ဒါတွေက အတင်းလုပ်ယူစရာမလိုတော့ပါဘူး။

၄။ ဝါသနာတူမတူ ကြည့်နိုင်တယ်


ရည်းစားတွေဖြစ်ပြီးကာမှ စိတ်သဘောထားမတိုက်ဆိုင်လို့၊ အကြိုက်မတူလို့ ကွဲသွားတာတွေ သင်မြင်ဖူးမှာပါ။ သူငယ်ချင်းဖြစ်ခဲ့ရင်တော့ ဘယ်သူက ဘာဝါသနာပါလဲ၊ ဘာကို စိတ်ဝင်စားလဲ သိနိုင်ပါတယ်။ ကိစ္စတစ်ခုခုကိုလည်း စိတ်တူကိုယ်တူ လုပ်ဆောင်နိုင်ပါတယ်။

၅။ တစ်ယောက်အပေါ် တစ်ယောက် ဂရုစိုက်နိုုင်တယ်


သူငယ်ချင်းတွေ ဖြစ်ခဲ့တော့ တစ်ယောက်နဲ့ တစ်ယောက် ဂရုစိုက်ရမယ်မှန်းလဲသိပါတယ်။ အစပို်င်းကတည်းက အဆင်မပြေမှုတွေနဲ့ စတင်စရာမလိုတော့ပါဘူး။

၆။ အချိန်ဆွဲထားနိုင်တယ်


သူငယ်ချင်းဘဝမှာ ခဏရပ်ထားတာကြောင့် သင်သူ့အကြောင်း လေ့လာနိုင်ပါတယ်။ ရည်းစားဖြစ်ပြီးမှ ပြတ်သွားတာထက် သူငယ်ချင်းအနေနဲ့ လေ့လာရင်း ကိုယ်သဘောမကျလို့ ဆက်ဆံရေး ရပ်နားလိုက်တာက ပိုသာပါတယ်။

၇။ သူငယ်ချင်းသံယောဇဉ်ဆိုတာ အခြေခံပါပဲ


တစ်ယောက်နဲ့တစ်ယောက် မိတ်ဆွေအနေနဲ့ ရင်းနှီးဖို့က ဆက်ဆံရေးမှာ အခြေခံအဆင့်ပါပဲ။ မချစ်ကြတော့ရင်တောင် ခင်မင်ရင်းနှီးမှုက ကျန်ခဲ့တတ်ပါတယ်။

သင်ကော သင့်ချစ်သူနဲ့ သူငယ်ချင်းဘဝကနေ ချစ်သူဖြစ်လာတာလား။ Friendzone ထဲ ထည့်ထားတဲ့ ချစ်သူလောင်းလေးတွေရှိလား ပြောခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar