သင်က များပြားတဲ့ အလုပ်၊ စာတွေကြောင့် ဒီကနေ ရုန်းထွက်ချင်ဖူးမှာပါ။ ဒီကနေ ရုန်းထွက်လို့ရတဲ့ နည်းလမ်းတစ်ခုကတော့ ခရီးထွက်တာပါ။ ခရီးထွက်တဲ့အခါ သင့် သဘောထားတွေ ပြောင်းလာနိုင်သလို နယ်မြေအသစ်ရဲ့ ထူးခြားမှု ၊ သာယာမှုတွေကြောင့် စိတ်ထွက်ပေါက်ရနိုင်ပါတယ်။ အထူးသဖြင့် စုံတွဲတွေမှာ ခရီးအတူတူ ထွက်ရင် ပိုကျန်းမာစေတယ်လို့ သိရပါတယ်။ ဒီတော့ စုံတွဲတွေ ခရီးအတူ ထွက်ရင် ရနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကို ကြည့်လိုက်ရအောင်-

ခရီးအတူတူ သွားချင်တဲ့ သင့်ကောင်လေး/ ကောင်မလေးကို Mention ခေါ်ဖို့ မမေ့ပါနဲ့နော်။

​၁။ ပျော်ရွှင်မှုကို တိုးစေတယ်

စုံတွဲတွေ ခရီးအတူထွက်ခြင်းကြောင့် အရင်ထက် ပျော်ရွှင်လာစေတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ ဒီပျော်ရွှင်မှု အရှိန်က ၈ ပတ်အထိ ခံတယ်လို့ သိရပါတယ်။

၂။ အမျိုးသားတွေ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်း နည်းစေတယ်

ချစ်သူနှစ်ယောက် နှစ်စဉ်နှစ်တိုင်း ခရီးထွက်ပေးတာက အမျိုးသားတွေမှာ အထူးသဖြင့် နှလုံးရောဂါ ဖြစ်တာ နည်းစေပါတယ်တဲ့။

၃။ အမျိုးသမီးတွေရဲ့ စိတ်ကျန်းမာရေးကို ကောင်းစေတယ်

လေ့လာချက်တွေအရ ခရီးပုံမှန်သွားတဲ့ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှု လျော့တာ၊ ပင်ပန်းတာ လျော့တာ၊ စိတ်တင်းမာမှု လျော့တာတွေ ဖြစ်စေပါတယ်။

၄။ အိမ်ထောင်ရေး စိတ်ကျေနပ်မှု

ဒါကတော့ လက်ထပ်ပြီး ဇနီးမောင်နှံတွေ အတွက်ပါ။ ခရီးပုံမှန် ထွက်တတ်တဲ့ လင်မယားတွေက မိသားစုရေး ကိစ္စနဲ့ ပတ်သက်ရင် ပိုအကောင်းမြင်တတ်ကြတယ်လို့ သိရပါတယ်။

၅။ အလုပ်မှာ စိတ်ဖိစီးမှုကို လျော့စေတယ်

သင်က ချစ်သူနဲ့ ခရီးအတူ သွားပြီး ပြန်လာလို့ အလုပ်ခွင် ပြန်ဝင်တဲ့အချိန် အရင်ထက် ပေါ့ပါးပြီး စိတ်ဖိစီးမှု လျော့တာကို သတိထားမိပါလိမ့်မယ်။

၆။ မိသားစု သံယောဇဉ်ကို ပိုခိုင်မာစေတယ်

ခရီးအတူတူသွားတဲ့ မိသားစုတွေက အရင်ထက် ပူးပေါင်းဆောင်ရွက်တတ်လာကာ သံယောဇဉ်ပို ခိုင်မာလာတယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ ဒါ့အပြင် အကောင်းမြင်စိတ်များစေပါတယ်တဲ့။ ဒီခရီးသွားခြင်းကြောင့် မိသားစုကြားလည်း အမှတ်တရ တစ်ခု တိုးစေပါတယ်။

၇။ ပိုရင်းနှီးစေတယ်

စုံတွဲတွေ အတူတူ ခရီးထွက်မယ်ဆိုရင် အရင်ထက် တစ်ယောက် အကြောင်း တစ်ယောက်ပိုသိကာ ရင်းနှီးလာစေပါတယ်။ တစ်ပတ်လုံး မဟုတ်ဘဲ စနေ တနင်္ဂနွေ နှစ်ရက်တည်း ခရီးထွက်ရင်တောင် သမီးရည်းစားကြား Romance ကို ပေါက်ဖွားစေလို့ သိရပါတယ်။

သင့်အနေနဲ့ ခရီးလုံးဝ မထွက်ဘူးဆိုရင်တော့ အလုပ်နဲ့ စီးပွားရေးကို ထိခိုက်လာနိုင်တာကြောင့် ခရီးသွားဖို့ တိုက်တွန်းလိုက်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar