တချို့လူတွေဟာ အချစ်ရေးနဲ့ ပတ်သက်ပြီး အတိတ်ဆိုးတွေ၊ ဒဏ်ရာဟောင်းတွေ ရှိခဲ့ဖူးတာကြောင့် ထပ်ချစ်ဖို့ ကြောက်ရွံ့သွားတတ်ကြပါတယ်။ ဒါပေမဲ့ စွန့်စားကြည့်ပြီး ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်း ချစ်ပစ်သင့်တဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။ သင်က အရင် နာကျင်ဖူးတယ်ဆိုတဲ့ အတွေးနဲ့ ကိုယ်စိတ်ဝင်စားတဲ့သူကို စိတ်ဝင်စားလျက်နဲ့ မငြင်းပစ်သင့်ပါဘူး။ သင်တွဲလိုက်တဲ့သူက တကယ် သင့်အပေါ် ကောင်းတဲ့သူ ဖြစ်နိုင်တာမို့ စွန့်စားတာက သင့်အတွက် မမှားပါဘူး။ ဒီတစ်ခေါက်မှာတော့ Single တွေအတွက် အချစ်ရေးမှာ အပြည့်အဝ ချစ်ပြီး အပြည့်အဝ နာကျင်ရတာကလည်း ထိုက်တန်ကြောင်း သက်သေပြနေတဲ့ အချက်တွေကို ဖော်ပြပါရစေ။

၁။ စွန့်စားမှုနဲ့ ဆုလာဒ်

သင်က သိပ်မရည်မှန်းဘဲ အပျော်သဘောလောက် တွဲတဲ့ သူတစ်ဦးက သင့်ခင်ပွန်း ဒါမှမဟုတ် သင့်ဇနီးဖြစ်လာနိုင်ပါတယ်။ မချစ်ရဲတော့တာမျိုး မလုပ်သင့်ဘဲ အရင်လိုပဲ နာကျင်မှာ သိလျက်နဲ့ ချစ်ပေးလိုက်တာက ကိုယ့်အတွက် ဆုလာဒ်အနေနဲ့ တကယ့်အချစ်စစ် ဖြစ်နေနိုင်ပါတယ်။

၂။ သင်ခန်းစာ

သင်နဲ့ တွဲနေတဲ့သူက သင့်ကို ထားခဲ့ရင်တောင် ဒီကနေ သင်ခန်းစာ ယူနိုင်ပါတယ်။ ဒီသင်ခန်းစာကနေ ရှေ့အနာဂတ်မှာ ချစ်သူ ထပ်ထားတဲ့အခါ ကိုယ်ရှောင်သင့်တဲ့၊ သတိထားသင့်တဲ့ အရာတွေကို ပိုသိလာပါတယ်။ ဘယ်သူနဲ့ပဲတွဲတွဲ အနည်းဆုံးတော့ အချစ်သင်ခန်းစာ ကျရှုံးမှုတွေကို ပိုင်ဆိုင်နိုင်ပါတယ်။

၃။ နာကျင်မှုဆိုတာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ

သင်က နာကျင်မှာကြောက်လို့ ရည်းစားမထားဘဲ ထွက်ပြေးနေလို့ မရပါဘူး။ သင် စိတ်ဝင်စားတဲ့ Crush တွေကို ဘဝတစ်လျှောက်မှာ တွေ့ရမှာ ဖြစ်သလို သူတို့ သင့်အနားကနေ စွန့်ခွာသွားတဲ့အခါ နာကျင်ရမှာပါပဲ။ ဒါကြောင့် နာကျင်မှုက ဘဝ တစ်စိတ်တစ်ပိုင်း ဖြစ်တာကြောင့် ရှောင်ပြေးလို့ မရပါဘူး။

၄။ လှပတဲ့ အမှတ်တရတွေ

သင်တွဲတဲ့ သူနဲ့ ပြတ်သွားရင်တောင် သူနဲ့ ပျော်စရာ ကောင်းတဲ့ အမှတ်တရတွေ ရှိဖူးမှာပါ။ အစပိုင်းမှာ ဒါတွေကို ပြန်တွေးတဲ့အချိန် နာကျင်စရာ ကောင်းပေမယ့် အချိန်ကြာလာတဲ့အခါ အတိတ် အပိုင်းအစတစ်ချို့ကို ပြန်တွေးတဲ့အခါ သင် ပြုံးမိပါလိမ့်မယ်။

၅။ ဒါက သင်လိုချင်တာပါ

တစ်ခါတလေ သင်နေမကောင်းတဲ့အချိန် သင့်ကို ဂရုစိုက်ပေးမယ့် သူတစ်ယောက် မလိုချင်ဘူးလား။ သင်မုန့်စားချင်တဲ့အချိန် တတ်နိုင်သလောက် ဖြည့်ဆည်းပေးမယ့် သူမျိုး မလိုချင်ဘူးလား။ ဒါတွေကို Single ဖြစ်နေရင် မရနိုင်တာကြောင့် စွန့်စားကြည့်သင့်ပါတယ်။

၆။ သင်ကျော်ဖြတ်နိုင်ပါတယ်

အသည်းကွဲရတာက ခံရခက်တဲ့ ဝေဒနာပါ။ ဒါပေမဲ့ ဒီလို လမ်းခွဲလိုက်တဲ့အခါ သင်ဟာ စိတ်ဓာတ်ခိုင်မာတဲ့ သူတစ်ဦးဆိုတာ သိလာပါလိမ့်မယ်။ သင်ဒါကို ဖြတ်ကျော်နိုင်တယ်ဆိုတာကိုလည်း ယုံကြည်ထားသင့်ပါတယ်။

၇။ ဒါက ပျော်စရာကောင်းတယ်

သင် အတန်းမတက်ချင်တဲ့အချိန် ခိုးပြီးတော့ သင့်ကောင်လေး၊ ကောင်မလေးနဲ့ လျှောက်လည်နိုင်ပါတယ်။ ပျင်းနေတဲ့အချိန် သင့်ကောင်လေးနဲ့ Text ပို့နိုင်ပါတယ်။ သင့်အတွက် လူတစ်ယောက် ရှိနေပေးတယ်ဆိုတဲ့ အတွေးက ပျော်ဖို့ ကောင်းပါတယ်။ ဒါကြောင့် Single လေးတွေအနေနဲ့ အဆိုးတွေကိုပဲ တွေးနေမယ့်အစား စွန့်စားကြည့်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar