စုံတွဲတစ်တွဲက တွဲတာကြာလာတဲ့အချိန် သူ့အကြောင်းကိုယ့်အကြောင်းပိုသိလာကြပါတယ်။ တကယ်ချစ်တဲ့အခါ သူ့အကြောင်းတွေပိုသိလာပြီး သူဆိုးတာ မှန်သမျှကို အနွံတာခံလာနိုင်ပါတယ်။ သင်က သူနဲ့ အတည်တွဲနေတယ်ဆိုရင်တော့ ဒီမေးခွန်း တွေကို သင်သေချာပေါက်ဖြေနိုင်ပါလိမ့်မယ်။
၁။ သူက ဘာနဲ့ ဓာတ်မတည့်ဘူးလဲ
သူက အစပ်နဲ့ မတည့်ဘူးလား.. မြေပဲ နဲ့မတည့်ဘူးလား.. ပင်လယ်စာနဲ့ မတည့်ဘူးလား စသဖြင့် သင်က သေချာပေါက်သိပါတယ်။
၂။ သူ့ရဲ့ထူးခြားတဲ့အကျင့်တစ်ခုက ဘာလဲ
သူ့အခင်ဆုံးသူငယ်ချင်းတွေက မသိရင်တောင် သင်က သိနေတတ်ပါတယ်။ လက်သည်းကိုက်တတ်တဲ့အကျင့်ရှိလား။ ဒါမှမဟုတ် စကားပြောရင် အရမ်းမြန်တတ်လား စသဖြင့် သူ့ရဲ့ ထူးခြားတဲ့ အမူအရာတွေကို သင်က သိနေတတ်ပါတယ်။
၃။ သင့်ကောင်လေးက တစ်နေ့တာမှာ ဘယ်အချိန်ကို အကြိုက်ဆုံးလဲ
သင့်ကောင်လေးက ဘယ်လိုအချိန်မှာ သင်နဲ့ ဒိတ်လုပ်ရတာ ကြိုက်လဲ သင် သိနေတတ်ပါတယ်။
၄။ သူက အချိန်ကို ဘယ်လိုကုန်ဆုံးတတ်လဲ
ဒါကတော့ သိနေတာထက် သိသင့်တဲ့ အကြောင်းအရာတစ်ခုပါ။ သင်က တစ်နေ့လုံး အလုပ်နဲ့ လက်နဲ့မပြတ်ကြိုးစားတတ်သူဖြစ်ပေမယ့် သင့်ကောင်လေးက တစ်နေ့လုံး အိပ်နေတတ်သူဆိုရင်တော့ အိမ်ထောင်ပြုတဲ့အချိန် အဆင်မပြေဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် သင့်ကောင်လေးက အချိန်ဘယ်လောက် အလုပ်လုပ်လဲ၊ ဘယ်လောက်ကြိုးစားလဲ သိထားဖို့လိုပါတယ်။
၅။ သူက သူ့မိသားစုနဲ့ ဘယ်လိုဆက်ဆံရေးရှိလဲ
သင်က သူနဲ့တွဲတာကြာပြီဆိုရင် သူက သူ့အိမ်မိသားစုနဲ့ အဆင်ပြေမှု ရှိမရှိ သိနေတတ်ပါတယ်။
၆။ သူ့အခင်ဆုံးသူငယ်ချင်းတွေက ဘယ်သူတွေလဲ
ယောကျာ်းလေးတစ်ယောက်ရဲ့ဘဝမှာ သူ့သူငယ်ချင်းတွေကလည်း အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ပါတယ်။ သင်သာ သူနဲ့ သင်က သူ့အခင်ဆုံးသူငယ်ချင်းတွေက ဘယ်သူလဲ သိပြီးနေပါပြီ။
၇။ သူ့ရည်မှန်းချက်ဘဝမှာ ဘာတွေပါဝင်လဲ
သူ့ရည်မှန်းချက်ကဘာလဲ။ သူက ဘယ်လိုအိမ်မျိုးမှာနေချင်တာလဲ။ တိလေးတွေမွေးဖို့အစီအစဉ်ရှိလား။ စသဖြင့် သင်က သူနဲ့ လက်တွဲတာကြာပြီဆိုရင် ဒီအကြောင်း သိပြီးနေပါပြီ။
Photo Source:Pinterest
By MyStyle Myanmar