သင်က အားကစားလုပ်ချင်တဲ့အပြင် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်ဖို့ အားကစားနည်းပါ တတ်ချင်တယ်ဆိုရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖို့ ရွေးချယ်နိုင်မယ့် အားကစားနည်းလမ်းတွေ ရှိပါတယ်။ ပြေးမယ့်အစား သင့်ကိုယ်သင် ကာကွယ်နိုင်ဖို့ တက်ရောက်နိုင်မယ့် အားကစား သင်တန်းတွေ ရှိပါတယ်။ ဖော်ပြပါ အတတ်ပညာတွေက အားကစား လုပ်ရာရောက်တဲ့အပြင် သင့်ကိုယ်သင်ပါ သူစိမ်းတွေ ရန်ကနေ ကာကွယ်နိုင်မယ့် ပညာတွေ ဖြစ်ပါတယ်။ တချို့ ပညာတွေကတော့ သက်ဆိုင်ရာ ဆရာနဲ့ သင်ရမယ့်အပြင် အဝတ်အစားပါ လိုအပ်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်-

၁။ Kickboxing

Kickboxing က ကယ်လိုရီလောင်ကျွမ်းစေမယ့် အားကစားနည်း တစ်မျိုးပါ။ ကန်ရတာ၊ ထိုးရတာကို Kickboxing မှာ အဓိက လုပ်ရပါတယ်။ ဒီအားကစားကို Gym တချို့မှာ သင်ပေးလေ့ရှိပြီး အခုနောက်ပိုင်း ရေပန်းစားလာတဲ့ အားကစားနည်းတစ်မျိုးပါ။

၂။ ကရာတေး

ကရာတေး အားကစားမှာတော့- ကန်တာ၊ ထိုးတာ၊ ဒူးနဲ့တိုက်တာ၊ တံတောင်နဲ့ တွတ်တာတွေ ပါဝင်ပါတယ်။ လက်ကို လက်နက်အနေနဲ့ သုံးရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဆိုလိုတာကတော့ သင်က ဒုက္ခရောက်နေတဲ့အချိန်မှာ လက်နက်အကူအညီမလိုဘဲ ကရာတေးကွက်နဲ့ ခုခံနိုင်ပါတယ်။

၃။ Boxing

တကယ့် Boxing မှာတော့ လက်အိတ်ကို ဝတ်ရပေမယ့် သင့်အတွက်တော့ အပြင်ကမ္ဘာမှာ လက်အိတ်မပါလည်း ထိုးနိုင်ဖို့ Boxing က ကူညီပေးပါလိမ့်မယ်။ ဒီ Boxing ကို ရထားရင် ဘယ်လိုလက်သီးထိုးရမလဲ မှန်မှန်ကန်ကန် သိလာပါလိမ့်မယ်။

၄။ Brazilian Jui-Jitsu

ဒီအားကစားနည်းကတော့ Martial Art ဖြစ်ပြီး အဓိက အနေနဲ့ နပန်းလုံးရတာ၊ မြေပြင် တိုက်ခိုက်မှုတွေ ပါဝင်ပါတယ်။ သင့်ရန်သူက သင့်ကို အငိုက်ဖမ်းပြီး မြေပြင်ပေါ် ပစ်လှဲလိုက်ရင် ဒီ အကွက်တွေက လက်တွေ့မှာ အသုံးဝင်နိုင်ပါတယ်။

၅။ Krav Maga

သင်က လမ်းပေါ်မှာ ဘယ်လို တိုက်ခိုက်ရမလဲ သိချင်ရင် ဒီ Krav Maga ကို သင်ယူသင့်ပါတယ်။ Krav Maga မှာက တကယ့်အပြင်လောကမှာ ဖြစ်နေတဲ့ အခြေအနေတွေမှာ သုံးနိုင်တဲ့ တန်ပြန်တိုက်ခိုက်နည်းတွေ ပါဝင်ပါတယ်။

၆။ လေးပစ် အားကစားနည်း

မြှားနဲ့ လေးကို သုံးပြီး အပြင်မှာ တိုက်ခိုက်ဖို့က အခွင့်အရေး နည်းပေမယ့် တချို့ လက်နက်တွေကို ဘယ်လိုသုံးရမလဲ သိထားတာက မမှားပါဘူး။ သင်က အိမ်မှာ တစ်ယောက်တည်း ဖြစ်နေတဲ့အချိန်မှာတောင် ဒီပညာ တတ်ထားရင် မကြောက်ရတော့ပါဘူး။

၇။ တိုက်ကွမ်ဒို

တိုက်ကွမ်ဒိုက ကိုးရီးယား ကရာတေး အားကစားနည်းပါ။ သင်က ဒီသင်တန်းတက်မယ်ဆိုရင်တော့ ခေါင်းအမြင့်ထိ ခြေထောက်နဲ့ ကန်ရတာ၊ ခုန်တာနဲ့ လှည့်ကန်ရတာတွေ သင်ရပါမယ်။ အခြေခံအနေနဲ့ သင့်ခြေထောက်တွေအတွက် လှုပ်ရှားမှု ဖြစ်စေပါတယ်။

ဘယ်အခြေအနေမှာ ဘာဖြစ်မယ်ဆိုတာ မသိနိုင်တာမို့ ဖော်ပြပါ အားကစားနည်းတွေထဲက တစ်ခုလောက်ကို တက်မြောက်ထားတာက ပိုတယ်ဆိုပြီး မရှိပါဘူး။

Source: Allwomenstalk

By MyStyle Myanmar