ပြည့်စုံတဲ့ Relationship တစ်ခုကို လူတိုင်းမပိုင်ဆိုင်နိုင်ပေမယ့် နာကျင်စရာအကောင်းဆုံး သစ္စာဖောက်ကို ခံစားခဲ့ရတဲ့သူတိုင်းကတော့ သူတို့ရဲ့ချစ်သူကောင်လေး ယောက်ျားဆီကနေ တူညီတဲ့စကားတွေကို ကြားရလေ့ရှိပါတယ်။

သူကငါ့သူငယ်ချင်းပါ

ဘယ်အချိန်မေးမေး သူငယ်ချင်းပါပဲပြောပြီး သူ့အကြောင်းမေးတဲ့အခါတိုင်း ရှောင်ရှောင်သွားတတ်တာပါ။

ငါ့ရဲ့ privacy ကို လေးစားပါ

ဖုန်းကိုလက်ချမနိုင်လောက်အောင် အမြဲအနားယူထားပြီး တခုခုပြောလိုက်တိုင်း မေးမိတိုင်း ပြန်ပြောလေ့ရှိတဲ့စကားက ” ငါ့ဖုန်းကို မထိနဲ့ ၊ ငါ့ရဲ့ privacy ကို လေးစားပါ ” ဆိုတဲ့စကားပါ။

ငါ့ကိုလိမ်နေတာမလား

တကယ်တန်းအပြစ်လုပ်မိနေတဲ့သူက သူ့ကိုယ်သူမလုံဘဲ ကိုယ်ကိုပြန်ပြီးစွပ်စွဲ ပြန်မေးတတ်ကြပါတယ်။

ငါ မင်းကို နာကျင်အောင်လုပ်ဖို့ မရည်ရွယ်ပါဘူး

သူ Cheat လုပ်နေတုန်းကတော့ သင်နာကျင်မှာကိုမတွေးဘဲနဲ့ သိသွားချိန်မှာတော့ တစ်ကိုယ်ကောင်းဆန်တဲ့ အကြောင်းပြချက်တွေနဲ့ ဒီစကားကိုအမြဲပြောလေ့ရှိကြပါတယ်။

အလုပ်နောက်ကျမယ် ၊ ငါအလုပ်မှာနေရမယ်

တကယ်တော့ သူတကယ်အလုပ်နောက်ကျနေတာ ဒါမှမဟုတ် တခြားမိန်းမတစ်ယောက်နဲ့ အချိန်ဖြုန်းနေတာလည်း ဖြစ်နိုင်ပါတယ်။

မင်းလုပ်တာ အကုန်မှားတယ်

သူ့လုပ်ရပ်အတွက် အကြောင်းပြချက်ရှာမရတဲ့အခါမျိုးဆို အသေးအမွှားလေးတွေကအစ အကြောင်းအမျိုးမျိုးနဲ့ သင့်ကို ရန်ရှာနေပါလိမ့်မယ်။

ငါမင်းကိုချစ်တုန်းပဲ

သူ့ပါးစပ်က သင့်ကိုဘယ်လောက်ချစ်ပါတယ်ပြောနေပါစေ တစ်ခါတစ်လေ သူ့အပြုအမူတွေက သူ့စကားနဲ့ ဆန့်ကျင်ဘက်ဖြစ်နိုင်ပါတယ်။