Period ဖြစ်တဲ့အချိန်က ပျိုမေတို့အတွက် စိတ်အပြောင်းအလဲ အဖြစ်ဆုံး အချိန်ပါပဲ။ သင်က ကံဆိုးတယ်ဆိုရင် Period ဖြစ်တဲ့အချိန် အောင့်ပါ အောင့်နိုင်ပါသေးတယ်။ ဒီတစ်ခေါက်မှာတော့ Period ကြောင့် စိတ်အပြောင်းအလဲ များတဲ့ ပျိုမေတို့အတွက်ကော၊ အောင့်တတ်တဲ့ ပျိုမေတို့အတွက်ပါ သိထားသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ ပျိုမေတို့အနေနဲ့ အောင့်တာ သက်သာဖို့ ရေနွေးနွေးလေးနဲ့ ရေချိုးပေးသင့်ပါတယ်။

၂ ။ လမ်းလျှောက်တာ၊ လှုပ်လှုပ်ရှားရှားနေတာက Period ကြောင့် သက်တောင့်သက်သာ မဖြစ်ဘဲ အဆင်မပြေလောက်ဘူးလို့ ထင်စရာပါပဲ။ ဒါပေမဲ့ လမ်းလျှောက်တာက Period အတွက် အကျိုးရှိပါတယ်။

၃။ Period ဖြစ်နေတဲ့အချိန် အရေးအကြီးဆုံးက ရေများများသောက်ပေးဖို့ပါ။ ရေက အဆိပ်အတောက်တွေကို ပါသွားစေပါတယ်။

၄။ စိတ်ဖိစီးမှုများတဲ့သူ၊ စိတ်အပြောင်းအလဲ မြန်တတ်သူ ပျိုမေတို့အနေနဲ့ Dark Chocolate ကို စားပေးသင့်ပါတယ်။

၅။ အသီးအရွက်တွေကို မဖြစ်မနေ များများစားသင့်ပါတယ်။ ဒီထဲပါတဲ့သံဓာတ်က သင်ဖြစ်လိုက်တဲ့နေရာအစား အားပြန်ပြည့်စေပါတယ်။

၆။ အစေ့အဆံတွေက Period ဖြစ်တဲ့အချိန် အစားသင့်ဆုံးပါပဲ။

၇။ ကဖင်းဓာတ်များတဲ့ ကော်ဖီကိုလည်း Period ဖြစ်တဲ့အချိန် ရှောင်သင့်ပါတယ်။ မဟုတ်ရင် အောင့်တာ ပိုဆိုးလာနိုင်ပါတယ်။

သင်တခြားသိတဲ့ Period နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ရှိရင်လည်း ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar