ရုံးတက်နေရတဲ့မိန်းကလေးတွေကျတော့ များသောအားဖြင့် မိတ်ကပ်ပြင်ကြတာများပါတယ်။ ဒါပေမယ့် heavy ဖြစ်အောင် ပြင်စရာလည်းမလိုပါဘူး။ ပုံမှန်လေးနဲ့လှနေဖို့ပဲ လိုပါတယ်။ ဒါကြောင့် ရုံးတက်နေရတဲ့ မိန်းကလေးတွေအတွက် အဓိကလိုအပ်တဲ့ မိတ်ကပ်ပစ္စည်း ၇ မျိုးကို ပြောပြပေးလိုက်ပါတယ်။

Primer

ရုံးချိန်တွေက ၈ နာရီလောက်ရှိတာကြောင့် မိတ်ကပ်လိမ်းထားရင် ကြာရှည်ခံဖို့လိုပါတယ်။ မိတ်ကပ်သားကြာရှည်မခံရင် နေ့လည်လောက်ဆို မိတ်ကပ်ကွက်တာ၊ မျက်နှာမဲတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မိတ်ကပ်မလိမ်းခင်မှာ အရင်ဆုံး primer ခံလိမ်းပေးပါ။ Primer လိမ်းပေးခြင်းက မိတ်ကပ်သားညက်ပြီး ပိုကြာရှည်ခံစေပါတယ်။

Foundation

ကိုယ်နဲ့အဆင်ပြေမယ့် foundation ကို ရွေးသုံးပါ။ မိတ်ကပ်ပြင်ဖို့ အချိန်မရှိတဲ့သူတွေဆိုရင် cushion သုံးနိုင်ပါတယ်။

Setting Powder

အောက်ခံမိတ်ကပ်လိမ်းပြီးရင် setting powder သုံးပေးပါ။ ဒါမှ မိတ်ကပ်သားရွေ့တာမျိုး မဖြစ်ပဲ ပိုပြီးကြာရှည်ခံစေမှာပါ။ အဆီပြန်တဲ့သူတွေဆိုရင်လည်း setting powder ထပ်သုံးပေးရင် အဆီပြန်တာကို ထိန်းပေးပါတယ်။

နှုတ်ခမ်းနီ

နှုတ်ခမ်းနီကတော့ မိန်းကလေးတိုင်းအတွက် လိုအပ်တဲ့အရာတစ်ခုပါပဲ။ နေ့တိုင်းဆိုးလို့အဆင်ပြေမယ့်၊ ကိုယ်နဲ့လိုက်ဖက်တဲ့ နှုတ်ခမ်းနီအရောင်ကိုသာ ဆောင်ထားပါ။ နေမကောင်းဖြစ်နေရင်တောင်မှ နှုတ်ခမ်းနီလေးဆိုးလိုက်ရင် မျက်နှာလေးလင်းပြီး ကြည့်ကောင်းသွားစေပါတယ်။

Eyebrow Pencil

မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာမှာ မျက်ခုံးမွှေးက အသက်ဖြစ်တာကြောင့် မျက်ခုံးမွှေးဆွဲဖို့တော့ လိုပါတယ်။

Mascara

ရုံးတက်နေရတဲ့သူတွေအနေနဲ့ မျက်လုံးကို တကူးတကပြင်နေစရာမလိုပါဘူး။ Mascara နဲ့ မျက်တောင်ကော့လိုက်ရင် မျက်တောင်ထူထူမဲမဲလေးဖြစ်ပြီး လှနေမှာပါ။

ပါးနီ

ပါးနီလေးခြယ်လိုက်ရင် ပုံမှန်ထက်ပိုပြီး ရုပ်နုသွားစေပါတယ်။ မျက်နှာလေးလည်း ပိုလင်းသွားစေတာကြောင့် အလုပ်သွားရင် ပါးနီလေးတော့ ခြယ်သင့်ပါတယ်။ အရမ်းကြီးထင်းနေဖို့လည်း မလိုပါဘူး။ သဘာဝဆန်ဆန်လေးခြယ်ပေးရင် ရပါပြီ။