အားလုံးပဲမင်္ဂလာပါနော်။ သင်က အရောင်တောက်တဲ့အဝတ်အစားတွေထက် အရောင်မှိုင်းမှိုင်းလေးတွေကို ဝတ်ရတာပိုကြိုက်တဲ့သူလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ Nude လို့ခေါ်တဲ့ အသားရောင်က ညိုသူ၊ ဖြူသူအားလုံးနဲ့လိုက်သလို ကာလာတော်တော်များများနဲ့လည်း တွဲဝတ်နိုင်တာမို့ သိပ်ခေါင်းစားစရာမလိုတဲ့ အရောင်လေးဖြစ်ပါတယ်။ အသားရောင် Outfit အများစုဟာ သက်တောင့်သက်သာဖြစ်တာမို့ ထသွားထလအတွက်လည်း ဝတ်လို့ကောင်းသလို အခြား အပို Accessories တွမပါတဲ့ ရိုးရိုး Outfit နဲ့တောင် ရှင်းပြီးစမတ်ကျတဲ့ စတိုင်မျိုးပိုင်ဆိုင်စေနိုင်ပါတယ်။

ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ အသားရောင် Outfit ကို အထာကျကျဝတ်ချင်သူတွေ ရှိထားသင့်တဲ့ အဝတ်အစားဖက်ရှင်လေးတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အသားရောင် Tank Top စွပ်ကျယ်

ချိုင်းပြတ် Tank Top ကိုမှ အသားရောင်လေးတစ်ထည်ဝယ်ထားတာက စကပ်၊ ဘောင်းဘီ အတို၊ အရှည်မျိုးစုံနဲ့တွဲဝတ်နိုင်သလို အသားအရောင်မရွေး လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိစေမှာပါ။

၂။ ရှေ့ကြယ်သီး၊ ကော်လာပါတဲ့ အသားရောင်ရှပ်အင်္ကျီ

အသားရောင်ရှပ်လေးတွေက ပွပွလေးဝတ်တတ်သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ အပြင်ထပ်အင်္ကျီအနေနဲ့လည်း ဝတ်လို့လှသလို သူ့တစ်ထပ်တည်းနဲ့လည်း ဝတ်နိုင်တဲ့စတိုင်မျိုးပါ။

၃။ အသားရောင် Cardigan


အသားရောင်က ကြည့်လိုက်တာနဲ့ နွေးထွေးသွားသလိုခံစားရတာမို့ Cardigan အနေနဲ့ ရွေးချယ်ဖို့ အသင့်တော်ဆုံးအရောင်လေးပါ။ အသားရောင် Cardigan လေးတွေက Outfit အသားပေးဓာတ်ပုံလေးတွေ ရိုက်လို့လည်း ကောင်းပါတယ်။ လက်တိုလေးကို အောက်က ရှပ်အဖြူနဲ့ တွဲဝတ်တာ၊ လက်ရှည်တစ်ထပ်တည်း ဝတ်တာမျိုးတွေ ပြုလုပ်ကြည့်ပါ။

၄။ အသားရောင် Trench Coat

နိုင်ငံခြား ဒါမှမဟုတ် ခရီးထွက်တဲ့အချိန် Trench Coat ဝတ်တာက အရမ်းစတိုင်ကျပါတယ်။ အသားရောင်ဘက်သွားတဲ့ Trench Coat တွေက Outfit တိုင်းနဲ့လည်းလိုက်ပြီး အထာကျစေမှာပါ။

၅။ အသားရောင် ဘောင်းဘီရှည်လေးတွေ

နောက်ထပ် ဘယ်အချိန်ကြည့်ကြည့် အထာကျပြီး Chic ဖြစ်တာကတော့ အသားရောင်ရှိတဲ့ ဘောင်းဘီရှည်တွေပါပဲ။ ဒီလိုဘောင်းဘီအရောင်က လူငယ်မိန်းကလေးတော်တော်များများနဲ့လိုက်သလို ရိုးရိုးလေးနဲ့ ကြည့်ကောင်းနေမယ့် ဖက်ရှင်မျိုးရစေမှာပါ။

၆။ အသားရောင် စကတ်

အသားရောင်စကတ်ရှည်တွေက တည်ငြိမ်ပြီး ကျက်သရေရှိတဲ့အလှမျိုးရစေတာမို့ ပွဲသွားပွဲလာအတွက် အရမ်းအဆင်ပြေပါတယ်။ စကပ်အတိုလေးတွေကလည်း ပေါ့ပေါ့ပါးပါးနဲ့ ဝတ်လိုက်တိုင်း ချစ်စရာကောင်းစေမှာပါ။

၇။ အသားရောင် Blazer

Blazer အတွက်အသားရောင်ကိုရွေးချယ်ပေးတာက တစ်ထည်ထဲရှိရုံနဲ့ Outfit ပုံစံအမျိုးမျိုးဖန်တီးနိုင်အောင် ကူညီပေးမှာပါ။ အောက်က ဂျင်းအရှည်လေးတွေနဲ့ တွဲဝတ်မယ်ဆိုရင် ရုံးသွားရုံးတက်တဲ့သူတွေနဲ့လည်း အဆင်ပြေပြီး သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျစေမှာပါ။

Photo Source: preview.ph, Pinterest

By MyStyle Myanmar