ဆောင်းရာသီမှာ အရေပြားက အစိုဓာတ်ကို မထိန်းနိုင်တာကြောင့် အသားအရေခြောက်သွေ့တာက အဖြစ်များပါတယ်။ ဒီလိုခြောက်သွေ့တဲ့အသားအရေကို အချိန်တိုအတွင်း ပျောက်ကင်းအောင် ကူညီပေးနိုင်မယ့် နည်းလမ်းကောင်းတချို့ကို ဝေမျှပေးလိုက်ပါတယ်။

Oatmeal နဲ့ ရေချိုးပါ

Oatmeal က အသားအရေယားတာကို သက်သာစေတာမလို့ အသားခြောက်တဲ့သူတွေအတွက်တော့ Oatmeal နဲ့ ရေချိုးတာက အသားအရေကို အစိုဓာတ်ထိန်းပေးပြီး ရေဓာတ်ရဖို့ အထောက်အကူပြုပါတယ်။ Oatmeal နည်းနည်းကို အမှုန့်ဖြစ်အောင်လုပ်ပြီးပြီး ရေနွေးနွေးနဲ့ မွှေပေးပါ။ ခန္ဓာကိုယ်ပေါ်မှာ လိမ်းပြီး ရေဆေးချလိုက်ပါ။

Humidifier သုံးပါ

ဆောင်းရာသီရဲ့လေထုက အသားအရေကိုခြောက်စေတာကြောင့် အိမ်မှာ Humidifier သုံးပေးရင် အသားခြောက်တာကိုလျော့စေပြီး အသားအရေကို ရေဓာတ်ထိန်းသိမ်းပေးနိုင်ပါတယ်။

Coconut Oil သုံးပါ

အုန်းဆီရဲ့ ကောင်းကျိုးကတော့ ဘာနဲ့မှ တွဲသုံးစရာမလိုပါဘူး။ မျက်လုံးအောက်နား အပါအဝင် ထိခိုက်လွယ်တဲ့ အသားအရေပေါ်မှာ အုန်းဆီကို ပုံမှန်သုံးပေးရင် အသားအရေရဲ့ရေဓာတ်ကို ထိန်းပေးပြီး အစိုဓာတ်ကို ထိန်းထားပေးနိုင်ပါတယ်။

Petroleum Jelly သုံးပါ

အသားခြောက်ပြီး အသားယားတတ်တဲ့သူတွေအတွက် Petroleum jelly သို့မဟုတ် Mineral Oil ကို အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး နူးညံ့စေဖို့အတွက် လိမ်းပေးနိုင်ပါတယ်။

Antioxidant ကြွယ်ဝတဲ့ အစားအစာတွေကို စားပါ

Antioxidant ကြွယ်ဝတဲ့ အစားအစာတွေက အသားအရေကိုပိုပြီးတောက်ပစေတာမလို့ ဘလူးဘယ်ရီ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ပဲ၊ ပဲ၊ ပဲနဲ့ ပဲဟင်းတို့လို အစားအစာတွေကို များများစားပေးပါ။

Omega-3 fatty acids ကို မြှင့်တင်ပါ

အိုမီဂါ-၃ ဖက်တီးအက်ဆစ်က ဝက်ခြံတွေကို တိုက်ဖျက်ပေးပြီး အရေပြားရောင်ရမ်းတာကိုတောင် သက်သာစေပါတယ်။ အသားအရေခြောက်သွေ့တာကို သက်သာစေဖို့ စားတဲ့စားအစာထဲမှာ ဆော်လမွန်၊ မက်ကရယ်၊ တူနာ၊ ဆာဒင်း စတာတွေကို ထည့်စားပေးပါ။

Moisturizer လိမ်းပါ

ရေချိုးပြီးတိုင်း ဒါမှမဟုတ် လက်ဆေးပြီးတိုင်း Moisturizer လိမ်းဖို့ မမေ့ပါနဲ့။ Moisturiser က အရေပြားအတွင်းထဲက ရှိပြီးသားအစိုဓာတ်ကို ထိန်းညှိပေးတာမလို့ တစ်နေ့ အနည်းဆုံး နှစ်ကြိမ် လိမ်းပေးပါ။