မျက်ကွင်းညိုလို့ စိတ်ညစ်နေတဲ့သူတွေအတွက် မျက်ကွင်းညိုတာသက်သာစေဖို့ အိမ်မှာအလွယ်တကူလုပ်လို့ရတဲ့ သဘာဝနည်းလမ်း ၇ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်အဆင်ပြေရာကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

နွားနို့

နွားနို့ကို ရေခဲသေတ္တာထဲထည့်ထားပြီး အေးပြီဆိုရင် ဂွမ်လုံးလေးနဲ့နှစ်ပြီး မျက်လုံးအောက်ကို လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီးရင် ရေအေးနဲ့ ဆေးချလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်၊ ၃ ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် မျက်ကွင်းညိုတာ သက်သာလာမှာပါ။

Tea Bag

Chamomile Tea Bag လိုမျိုး ဆေးဖက်ဝင်တဲ့ Tea Bag တစ်ခုခုကို ရေစိမ်ပြီး ရေခဲသေတ္တာထဲမှာ မိနစ် ၃၀ ထားပါ။ ပြီးမှ မျက်လုံးကို ၁၅ မိနစ်ကပ်ပေးပါ။ ပြီးရင်တော့ ရေကြက်သီးနွေးနဲ့ မျက်နှာသစ်လိုက်ပါ။ မျက်အိတ်ဖောင်းတာ၊ မျက်ကွင်းညိုတာတွေ သက်သာစေပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်အပင်ကရတဲ့ အတွင်းသား Gel (သို့) အသင့်သုံး ရှားစောင်းလက်ပတ် Gel ကို မျက်လုံးအောက်မှာလိမ်းပြီး လက်ချောင်းလေးတွေနဲ့ Massage လုပ်ပေးပါ။ မနက်ရောက်မှ မျက်နှာသစ်ပါ။ ညတိုင်းပုံမှန်လုပ်ပေးမယ်ဆိုရင် မျက်ကွင်းညိုတာ သက်သာလာမှာပါ။

သခွားသီး

သခွားသီးကို အကွင်းလေးတွေဖြစ်အောင်လှီးပြီး ရေခဲသေတ္တာထဲမှာ မိနစ် ၃၀ ထားပါ။ ပြီးမှ မျက်လုံးမှာကပ်ပြီး ၁၀ မိနစ်ထားပါ။ အချိန်ပြည့်ရင် မျက်နှာသစ်လိုက်ရုံပါပဲ။ မျက်စိအေးစေပြီး မျက်ကွင်းညိုတာ သက်သာစေပါတယ်။

အာလူး

အာလူးကိုလည်း အကွင်းလေးတွေဖြစ်အောင်လှီးပြီး မျက်လုံးအောက်မှာ ၁၅ မိနစ်ကပ်ပေးပါ။ အချိန်ပြည့်ရင် မျက်နှာသစ်လိုက်ရုံပါပဲ။ နေ့တိုင်းလုပ်ပေးမှသာ မျက်ကွင်းညိုတာ သက်သာမှာပါ။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို အရည်ရအောင်ကြိတ်ပြီး ရလာတဲ့အရည်ကိုမှ သံပယိုရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပြီး မျက်လုံးအောက်ကို လိမ်းပေးပါ။ ၁၀ မိနစ်ထားပြီးရင် ရေအေးနဲ့ မျက်နှာသစ်ပေးရုံပါပဲ။

Vitamin E Oil

အပေါ်ကနည်းလမ်းတွေလုပ်ရမှာ ပျင်းတဲ့သူတွေက ညတိုင်း Vitamin E Oil ကို မျက်လုံးအောက်မှာလိမ်းပြီး မနက်ရောက်မှ ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပေးပါ။ မျက်ကွင်းညိုတာ သက်သာစေပါတယ်။