မင်္ဂလာပါ ပျိုမေတို့ရေ။ ဘယ်အချိန်ပဲဖြစ်ဖြစ် နှုတ်ခမ်းနီလေးဆိုးလိုက်တာက မိတ်ကပ်မလိမ်းထားဘဲနဲ့တောင် မျက်နှာလင်းပြီး ကြည့်ကောင်းသွားစေတာမို့ ပျိုမေတို့အနေနဲ့ ကိုယ်နဲ့လိုက်တဲ့ နှုတ်ခမ်းနီလှလှလေးတွေ ရှိထားဖို့ လိုပါတယ်နော်။ ဒါပေမယ့် ဆိုးပြီးခဏအတွင်း ပျယ်တတ်တဲ့ နှုတ်ခမ်းနီတွေက သင့်ကို ပိုအလုပ်ရှုပ်စေတာမို့ ပမာဏနည်းနည်းဆိုးရုံနဲ့ ကြာရှည်ခံစေတဲ့ ပေါ့ပေါ့ပါးပါး Lip Tints လေးတွေကို သုံးပေးသင့်ပါတယ်။ ဒီတစ်ခေါက်မှာ တစ်နေကုန်နီးပါးကြာရှည်ခံပြီး နှုတ်ခမ်းစိုစိုဖူးဖူးလေးရစေမယ့် လူကြိုက်များတဲ့ Tint နှုတ်ခမ်းနီလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Laneige Tattoo Lip Tint

ပေါ့ပေါ့ပါးပါးနဲ့ အရောင်ထွက်ကောင်းပြီး Tattoo Tint နာမည်နဲ့လိုက်အောင် ကြာရှည်ခံစေတဲ့ နာမည်ကြီး နှုတ်ခမ်းနီလေးဖြစ်ပါတယ်။

Mamonde Highlight Lip Tint Matte

Mamonde ရဲ့ ဒီ Lip Tint လေးကတော့ နည်းနည်းတင်လိုက်ရုံနဲ့ နှုတ်ခမ်းသားပေါ် အရောင်စိုစို တောက်တောက်လေးဖြစ်စေတဲ့အပြင် ဆိုးပြီးတဲ့နောက် Matte ပုံစံရစေကာ Long Lasting ကြာရှည်ခံစေမှာပါ။

3ce Flash Lip Tint

ကိုးရီးယားမလေးတွေလို နှုတ်ခမ်းတစ်ခုလုံးထက် အတွင်းပိုင်း အရောင်စိုစိုရင့်ရင့်လေးတွေ ဆိုးထားချင်သူတို့အတွက် ကြာရှည်ခံပြီး အရောင်ထွက်အရမ်းလှတဲ့ နှုတ်ခမ်းနီလေးဖြစ်ပါတယ်။

Etude House Glass Rouge Tint

စိုစိုပြောင်ပြောင် Gloss အမျိုးအစားနှုတ်ခမ်းနီလေးကိုမှ အရောင်စွဲပြီး ကြာရှည်ခံတာမျိုး ဆိုးချင်တဲ့သူတွေအတွက် အရမ်းသင့်တော်တဲ့တံဆိပ်လေးဖြစ်ပါတယ်။

Peripera Ink Tint Serum

ဆိုးရပေ့ါပါးပြီး Long Lasting ဖြစ်တဲ့အပြင် နှုတ်ခမ်းခြောက်ခြင်းကိုပါ သက်သာစေတာကြောင့် နေ့စဉ်သုံးအတွက်အရမ်းအဆင်ပြေတဲ့ Tint Serum လေးဖြစ်ပါတယ်။

Innisfree Vivid Cotton Ink

ဆိုးပြီးတဲ့နောက် ထူထူကပ်ကပ်မဖြစ်ဘဲ နှုတ်ခမ်းသား နူးညံ့ပေါ့ပါးပြီး အစိုဓာတ်ပါရစေမယ့် Innisfree ရဲ့ Vivid Cotton Ink လေးကလဲ တစ်နေကုန်နီးပါးအရောင်စွဲစေတဲ့ Tint နှုတ်ခမ်းနီလေးဖြစ်ပါတယ်နော်။

Espoir Lip Up Velvet Tint

ဒီ Velvet Tint ကလည်း နှုတ်ခမ်းသားကို ဖူးဖူးအိအိလေးနဲ့ အစိုဓာတ်ဝင်စေပြီး တစ်နေကုန်နီးပါး ခံတာကြောင့် စမ်းဆိုးကြည့်သင့်တဲ့ Tint နှုတ်ခမ်းနီတစ်ခုလို့ ပြောလို့ရပါတယ်။

Photo Source: Pinterest

By MyStyle Myanmar